ကျောင်းတက်နေချိန်အတွင်းမှာ အလုပ်လုပ်ပြီး ဒေါ်လာသန်းနဲ့ချီတဲ့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တဲ့ အသက် 20 ကျော်မိန်းမလှလေး




.

.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

လူတော်တော်များများအတွက်၊ အသက် 30 အောက်အရွယ်မှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် အသက် 20 ကျော် ဒီမိန်းကလေးကတော့ လူတိုင်းကို ကျယ်ဝန်းတဲ့အိမ်တစ်လုံးကို ဆောက်ပြခြင်းဖြင့် အံ့အာသင့်စေခဲ့ပါတယ် ။ ဟနွိုင်းမြို့ဖွားဖြစ်တဲ့ Ho Thien Trang အမည်ရှိ မိန်းကလေးဟာ ထိုင်း-ဗီယက်နမ်-တရုတ် သွေးဖြစ် မွေးဖွားလာတဲ့ မိန်းမလှလေးတစ်ယောက်ပါ ။ Thien Trang ဟာ ​​မိသားစုဆန္ဒအရ ဥပဒေ စာမေးပွဲ ဖြေခဲ့ဖူးပေမယ့် မီဒီယာကို ဝါသနာပါတာကြောင့် ဂျာနယ်လစ်ဇင် စာမေးပွဲကို ဖြေဆိုခဲ့ပါတယ် ။ နောက်ဆုံးမှာ ဗီယက်နမ်နိုင်ငံရှိ နိုင်ငံတကာကျောင်းတစ်ကျောင်းမှာ marketing ပညာသင်ရန် ရွေးချယ်ခဲ့ပါတယ် ။

အသက် 19 နှစ်မှာ Thien Trang က သူမရဲ့ လှပတဲ့အသွင်အပြင်နဲ့ ပုံရိပ်ကို လူမှုကွန်ယက်မှာ တင်တဲ့အခါ ချီးကျူးခံရပြီးနောက် မော်ဒယ်လ်နဲ့အခြားအလုပ်များစွာလုပ်ပြီး တစ်လလျှင် သန်းရာနဲ့ချီတဲ့ ဝင်ငွေက ပုံမှန်ဖြစ်လာခဲ့ပါတယ် ။ တစ်စုံတစ်ယောက်က သူမအလုပ်ကို အရမ်းစိတ်အားထက်သန်နေတဲ့အခါ စာသင်ရတာ ဘယ်လိုသက်ရောက်မှုရှိလဲလို့ မေးလာတဲ့အခါ Thien Trang က သူမဟာ သင်ယူမှုကို အမြဲတမ်း ဦးစားမပေးကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ် ။

အထူးသဖြင့် Thien Trang က သူမဟာ အလွန်ပင်ပင်ပန်းနွမ်းနယ်နေတာကြောင့် ငွေကြေးရည်မှန်းချက်များ မချမှတ်ထားကြောင်း ဝန်ခံသော်လည်း သူမ ငယ်ရွယ်စဉ်မှာ အတွေ့အကြုံများစွာရလိုပြီး အရစ်ကျအိမ်ဝယ်ရန် ရွေးချယ်မှုက သူမဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ မိန်းကလေးက အိမ်ငှားခရဲ့ ၃၀ ရာခိုင်နှုန်းကို စုဆောင်းပြီး ကျန်ငွေတွေကို ဘဏ်ကနေချေးပြီး တစ်လကို ဒေါင်သန်း ၅၀ အရစ်ကျပေးပြီး နောက်ဆုံး ကျယ်ဝန်းပြီး ဇိမ်ကျတဲ့ အိမ်တစ်လုံးကို သူမဝယ်နျုင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကျောင်းတက်နေချိန်အတွင်းမှာ အလုပ်လုပ်ပြီး ဒေါ်လာသန်းနဲ့ချီတဲ့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တဲ့ အသက် 20 ကျော်မိန်းမလှလေး"

Leave a comment

Your email address will not be published.


*