မိမိအား ေအာက္လမ္းပညာႏွင့္ က်ိန္စာတိုက္ခဲ့သူကို Facebook စာမ်က္ႏွာေပၚမွာ ေၾကျငာၿပီးဆဲဆိုခဲ့ေသာအမ်ိဳးသား

လူတိုင္းကေတာ့ ဒီလိုမ်ိဳးအျဖစ္အပ်က္နဲ႔ ၾကံဳေတြ႔ရမယ္ဆိုရင္ ဘုရား၊ တရားပိုၿပီး ယံုၾကည္းကိုင္း႐ွိန္းမိၾကမွာ ပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံကအမ်ိဳးသားတစ္ဦးဟာ သူၾကံဳေတြ႔ခဲ့ရတဲ့အျဖစ္အပ်က္ကို Facebook စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသား၏မိသားစုဓာတ္ပံုေပၚမွာ အစၥလမ္ဘာသာျဖင့္ေရးသားထားေသာစာမ်ားႏွင့္ ၎တို႔၏မ်က္ႏွာကို ၾကက္ေခ်ခတ္အမွတ္အသားမ်ားျဖင့္ ေရးျခစ္ထားေသာ ဓာတ္ပံုတစ္ပံုကို လက္ခံရ႐ွိခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါဓာတ္ပံုႏွင့္အတူ လူအ႐ုပ္ပံုစံ လက္သည္းခြံမ်ားပါဝင္သည့္အ႐ုပ္ႏွစ္ခု ႏွင့္ အဆိုပါအ႐ုပ္ႏွစ္ခုကို ထုတ္ပိုးထားေသာ အဝါေရာင္ပိတ္စတို႔ကို အစၥလမ္ဘာသာဝင္မ်ားကို ျမဳပ္ႏွံထားတဲ့ အုတ္ဂူထဲမွာေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။

ထို႔ေၾကာင့္ Iruwan အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသားက ” ဘယ္သူပဲ လုပ္လုပ္ ၊ ေနာက္ဆံုး ဘုရားဆီကေနမင္းတို႔အျပစ္ျပန္ေပးခံရမွာ ၊ ငါ့မွာ ဘယ္ရန္သူမွမ႐ွိဘူး ၊ ဒါကိုျမင္ေတာ့ ငါဘယ္ေလာက္လန္႔သြားမယ္ထင္လဲ ၊ ဒီဓာတ္ပံုကို ငါ Facebook ေပၚမွာ တင္လိုက္ရတာက မင္းငါ့ကို Facebook ေပၚမွာ follow လုပ္ထားမွန္းငါသိလို႔ ၊ မင္းလုပ္ခဲ့သလိုေတာ့ ငါျပန္မလုပ္ဘူး ၊ ဘာလို႔ဆို မင္းမွတ္ထားရမွာက ဘုရားက အရာရာအားလံုးကိုပိုင္တယ္ဆိုတာပဲ ” ဆိုၿပီး ေရးသားေၾကျငာခဲ့ပါတယ္ ။

Iruwan ကို က်ိန္စာတိုက္ခဲ့သူမွာ ေအာက္လမ္းဆရာဆီသို႔သြားၿပီး အားလံုးျပင္ဆင္ခဲ့ပံုရၿပီး Iruwan ကိုပိုစိတ္တိုေစခဲ့တာက သူ႔တစ္ေယာက္တည္းကို က်ိန္စာတိုက္ခဲ့တာမဟုတ္ဘဲ ၊ သူ၏မိသားစုတစ္ခုလံုးကို က်ိန္စာတိုက္ခဲ့လို႔ပါပဲ ။ သို႔ေပမဲ့လည္း မည္သည့္အရာပဲျဖစ္လာခဲ့ပါေစ Iruwan က လံုးဝမေၾကာက္ရြံဘဲ ၊ ဘုရားမွာ ဆုေတာင္းခဲ့ရံုသာမက ဘုရားကိုသာလ်ွင္ယံုၾကည္ေၾကာင္း က်ိန္စာတိုက္သူအား မ်ားစြာျပန္လည္ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ ဒီလိုမျိုးအဖြစ်အပျက်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ဘုရား၊ တရားပိုပြီး ယုံကြည်းကိုင်းရှိန်းမိကြမှာ ပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံကအမျိုးသားတစ်ဦးဟာ သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသား၏မိသားစုဓာတ်ပုံပေါ်မှာ အစ္စလမ်ဘာသာဖြင့်ရေးသားထားသောစာများနှင့် ၎င်းတို့၏မျက်နှာကို ကြက်ချေခတ်အမှတ်အသားများဖြင့် ရေးခြစ်ထားသော ဓာတ်ပုံတစ်ပုံကို လက်ခံရရှိခဲ့ပါတယ် ။ ထို့အပြင် အဆိုပါဓာတ်ပုံနှင့်အတူ လူအရုပ်ပုံစံ လက်သည်းခွံများပါဝင်သည့်အရုပ်နှစ်ခု နှင့် အဆိုပါအရုပ်နှစ်ခုကို ထုတ်ပိုးထားသော အဝါရောင်ပိတ်စတို့ကို အစ္စလမ်ဘာသာဝင်များကို မြုပ်နှံထားတဲ့ အုတ်ဂူထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ် ။

ထို့ကြောင့် Iruwan အမည်ရှိတဲ့ အဆိုပါအမျိုးသားက ” ဘယ်သူပဲ လုပ်လုပ် ၊ နောက်ဆုံး ဘုရားဆီကနေမင်းတို့အပြစ်ပြန်ပေးခံရမှာ ၊ ငါ့မှာ ဘယ်ရန်သူမှမရှိဘူး ၊ ဒါကိုမြင်တော့ ငါဘယ်လောက်လန့်သွားမယ်ထင်လဲ ၊ ဒီဓာတ်ပုံကို ငါ Facebook ပေါ်မှာ တင်လိုက်ရတာက မင်းငါ့ကို Facebook ပေါ်မှာ follow လုပ်ထားမှန်းငါသိလို့ ၊ မင်းလုပ်ခဲ့သလိုတော့ ငါပြန်မလုပ်ဘူး ၊ ဘာလို့ဆို မင်းမှတ်ထားရမှာက ဘုရားက အရာရာအားလုံးကိုပိုင်တယ်ဆိုတာပဲ ” ဆိုပြီး ရေးသားကြေငြာခဲ့ပါတယ် ။

Iruwan ကို ကျိန်စာတိုက်ခဲ့သူမှာ အောက်လမ်းဆရာဆီသို့သွားပြီး အားလုံးပြင်ဆင်ခဲ့ပုံရပြီး Iruwan ကိုပိုစိတ်တိုစေခဲ့တာက သူ့တစ်ယောက်တည်းကို ကျိန်စာတိုက်ခဲ့တာမဟုတ်ဘဲ ၊ သူ၏မိသားစုတစ်ခုလုံးကို ကျိန်စာတိုက်ခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်း မည်သည့်အရာပဲဖြစ်လာခဲ့ပါစေ Iruwan က လုံးဝမကြောက်ရွံဘဲ ၊ ဘုရားမှာ ဆုတောင်းခဲ့ရုံသာမက ဘုရားကိုသာလျှင်ယုံကြည်ကြောင်း ကျိန်စာတိုက်သူအား များစွာပြန်လည်ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment