.
.
.
.
Jasmine (Mckzone daily)
Reference : thainewsonline
Unicode
ထိုင်းနိုင်ငံက Thong Heng Heng Lee ဆိုင်ရဲ့ Facebook စာမျက်နှာမှာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ကလစ်တစ်ခု တင်ခဲ့ပြီးနောက် ပြန်လည်မျှဝေတဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် လူများအံ့သြခဲ့ပါတယ် ။ ဗီဒီယိုထဲမှာ ရွှေဝယ်ရန် အကြွေစေ့များ ယူဆောင်လာတဲ့ လင်မယားနှစ်ယောက်ကို တွေ့နိုင်ပါတယ် ။ သူတို့ရဲ့ စုစုပေါင်း အကြွေစေ့က နှစ်သိန်းနီးပါးရှိပါတယ် ။ အဆိုပါလင်မယားနှစ်ယောက်ဟာ ငှက်ပျောသီးကြော်ရောင်းရင် ရတဲ့ပိုက်ဆံကို ချွေတာစုပြီး နှစ်ယောက်သား ရွှေလာဝယ်တာဖြစ်ပါတယ် ။
မဝယ်ခင်မှာ တခြားနေရာတွေက အကြွေစေ့တွေကို လက်မခံတဲ့အတွက် သူတို့က အကြွေစေ့တွေကို လက်ခံမလားဆိုပြီး အဆိုပါ ဆိုင်ကို ယူလာခဲ့ပါတယ် ။ ညနေ ၅ နာရီကစပြီး ဝန်းထမ်းတွေက အကြွေစေ့ကို ရေတွက်ကာ ည ၈ နာရီအထိရောက်ပြီး ၂ နာရီခန့် ကြာခဲ့ပါတယ် ။ အကြွေစေ့ကို ရွှေနဲ့ ဝယ်ယူလို့ ရတာကြောင့် လင်မယားနှစ်ပျော်ရွှင်နေခဲ့ပါတယ် ။
Jasmine (Mckzone daily)
Be the first to comment on "လင်မယားနှစ်ယောက် ငှက်ပျောသီးရောင်းရင်း ရတဲ့အကြွေစေ့များနဲ့ ရွှေဝယ်ခဲ့လို့ ဝန်ထမ်းများ ၂ နာရီကျော်ကြာအောင် ရေတွက်ခဲ့ရတဲ့အဖြစ်"