တရုတ်နိုင်ငံ၊ Sichuan ပြည်နယ်မှာ နေထိုင်တဲ့ Xa Xa နဲ့ Liu Liu တို့ဟာ ၎င်းတို့ရဲ့နောက်ဆုံးနှစ် အလုပ်သင်ခရီးစဉ်မှာ အခန်းတစ်ခုခွဲနေစဉ် တွေ့ဆုံခဲ့ကြပြီး အလုပ်ပြီးတိုင်း နေ့တိုင်း ကောင်မလေးနှစ်ယောက်က လွတ်လပ်ပြီး အလကားရတဲ့ ဘဝအတွက် ငွေရှာဖို့ ဖိအားမပေးတော့ဘဲ အနာဂတ် အစီအစဉ်တွေကို တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်ခဲ့ကြပါတယ် ။ အလုပ်သင် ပြီးဆုံးချိန်မှာ Xa Xa နဲ့ Luu Luu တို့က အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ကုမ္ပဏီများမှာ အလုပ်ဆင်းခဲ့ကြပြီး အချိန်ကြာလာတာနဲ့အမျှ အလုပ်မှာ ဖိအားများပေါ်လာခဲ့ပါတယ် ။ အသက် 28 နှစ်မှာ Liu Liu က သူမအတွက် ပိုသင့်တော်တယ်လို့ ထင်တဲ့ နေရာသစ်တစ်ခုရှာဖွေရန် အလုပ်မှထွက်ခဲ့လိုက်ပါတယ် ။
.
.
ဘဝသစ်တစ်ခုအတွက် ပြင်ဆင်နေတဲ့ ပထမဆုံးအဖော် Luu Luu ဆီမှာ မထင်မှတ်ဘဲ Xa Xa မကြာသေးမီကမှ သူမရဲ့အလုပ်မှနုတ်ထွက်ကြောင်းကို သိရှိခဲ့ရသောကြောင့် သူတို့နှစ်ယောက်စလုံးက ကောလိပ်တက်ကတည်းက သူတို့စိတ်ကူးထားတဲ့အစီအစဉ်ကို လျင်မြန်စွာအကောင်အထည်ဖော်ခဲ့ကြပါတယ် ။ ထို့ကြောင့် သူတို့က စီချွမ်၊ လီရှန်မြို့ ရွာငယ်လေးမှာ တစ်နှစ်လျှင် ယွမ် ၄,၀၀၀ (မြန်မာငွေ ၁၄ သန်းခန့်) ဖြင့် ၁၀ နှစ်ကြာ 350m2 အိမ်တစ်လုံးကို ငှားရန် ရွေးချယ်ခဲ့ပါတယ် ။ ထို့နောက် ယွမ်ငွေ 20,000 (မြန်မာငွေ 71 သန်း) သုံးစွဲပြီး စွန့်ပစ်ထားတဲ့ အိမ်ဟောင်းကို ချစ်စရာကောင်းပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာအဖြစ် အချိန်အတော်ကြာ ပြုပြင်မွမ်းမံခဲ့ကြပါတယ် ။
.
.
အိမ်ကို ပြုပြင်မွမ်းမံမှုအပြီးမှာ အိမ်က ယခင်ကလို ရှုပ်ထွေးမှုမရှိတော့ပါ ။ Xa Xa နဲ့ Luu Luu တို့က ပန်းများနဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အာဟာရဓာတ်ပိုရှိတဲ့ မြေများကို ဝယ်ယူကြပြီး တစ်ကိုယ်လုံး ချွေးထွက်စေမယ့် သဲစုပုံတွေနဲ့ နေ့တိုင်းရုန်းကန်နေရပေမယ့် နှစ်ယောက်စလုံးက နေ့တိုင်း အပြည့်အ၀နေထိုင်နိုင်လို့ အရမ်းပျော်နေကြတာပါ ။ “တခါတရံမှာ ပင်ပန်းသလို ခံစားရပြီး အရင်က စိတ်ကူးယဉ်ခဲ့တဲ့ ဘဝကို ဖြတ်သန်းဖို့ တွေးရင်း ချက်ခြင်း လန်းဆန်းသွားသလို ခံစားရတယ်” လို့ နှစ်ယောက်ထဲက တစ်ယောက် စိတ်လှုပ်ရှားစွာ မျှဝေခဲ့ပါတယ် ။
.
.
ရက်သတ္တပတ်များစွာ ကြိုးစားအားထုတ်ပြီးနောက် ရလဒ်များကို ကြည့်ပြီး Xa Xa နဲ့ Luu Luu နှစ်ဦးစလုံးက သူတို့အတွက် လုံးဝထိုက်တန်တယ်လို့ ခံစားရကြောင်း ဆိုခဲ့ပါတယ် ။ မြို့ထဲမှာ ဖိစီးနေတဲ့ အလုပ်တစ်ခုကို အလျင်စလိုလုပ်မဲ့အစား ဒီအခင်ဆုံးသူငယ်ချင်းနှစ်ယောက်က အေးချမ်းပြီး သာယာတဲ့ ရွာလေးမှာ အတူတကွ “အနားယူခြင်း” အိပ်မက်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ် ။
JRose (Mckzone daily)
Reference : bestie
Be the first to comment on "ဘဝအတွက် ငွေရှာဖို့ ဖိအားမပေးတော့ဘဲ ရွာမှာ ပြန်နေပြီး ရိုးရှင်းစွာနဲ့ ဘဝကို တူတူဖြတ်သန်းခဲ့ကြတဲ့ 29 နှစ်အရွယ် သူငယ်ချင်းနှစ်ယောက်"