မျက်လုံးဝိုင်းဝိုင်းကြီးကြီးနဲ့ အပြစ်အနာဆာကင်းမဲ့တဲ့ နတ်သမီးလိုအလှတရားကြောင့် လူတွေကို ဖမ်းစားသွားခဲ့တဲ့ ချစ်စရာကလေးမလေး



.

.

.

.

.

.

.

JRose (Mckzone daily)

Reference : goodtimes

Unicode

လွန်ခဲ့တဲ့ ရက်အနည်းငယ်က Instagram မှာ အလွန်ချစ်စရာကောင်းတဲ့ ဂျပန်မိန်းကလေးငယ်တစ်ဦးက အသက်ငယ်သော်လည်း သူမဟာ နတ်သမီးလေးကဲ့သို့အလှတရား၊ ကျောက်မျက်ကြီးများနဲ့ တူတဲ့ မျက်လုံးများဖြင့် နှိုင်းယှဥ်စရာမရှိလောက်အောင် အပြစ်အနာအဆာကင်းမဲ့တဲ့ ပါးပြင်ရှိပြီး မည်သည့်ထောင့်တွင်မဆိုချစ်စရာကောင်းနေတဲ့ သူမရဲ့ဓာတ်ပုံများကို ကြည့်ရုံပင် လူကို အရည်ပျော်အောင် လုပ်နိုင်ပါတယ် ။ အဆိုပါကလေးမလေးရဲ့ အမည်မှာ Saki ဖြစ်ပါတယ် ။ သူမက ဂျပန်နိုင်ငံမှဖြစ်ပြီး ကတ်ထူပုံးထဲမှာ ဝှက်နေတဲ့ သူမရဲ့ ဓာတ်ပုံများစွာကြောင့် social media ပေါ် ရေပန်းစားလာခဲ့ပါတယ် ။

သူမအမေက ကတ်ထူပုံးထဲမှာ အရုပ်သေးသေးလေးလို ကစားနေတဲ့ Saki ကို ဓာတ်ပုံရိုက်ပြီး သူမရဲ့ ဓါတ်ပုံတွေက နှလုံးသားကို နွေးထွေးစေတာကြောင့် လူတချို့က သူမကို ပွေ့ဖက်ချင်နေကြတာပါ ။ မျက်တောင်ရှည်ရှည်နဲ့ ထွားကြိုင်းတဲ့ မျက်နှာရှိတဲ့ Saki ဟာ သူမရဲ့ မိဘတွေသာမကဘဲ သူ့အစ်ကိုရဲ့ ဂရုစိုက်မှုကိုလည်း ခံရပါတယ် ။ အကိုကြီးက ချစ်စရာကောင်းတဲ့ Saki နဲ့ အတူရှိတဲ့အခါ သူမကို အမြဲဂရုစိုက်နေခဲ့ပါတယ် ။ ညီမလေး ပိုကြီးလာတာနဲ့အမျှ အကိုကြီးကလည်း သက်တော်စောင့်တစ်ယောက်လို သူမနဲ့ အတူရှိနေခဲ့ပါတယ် ။ ဒီကလေးမလေး Saki လို လှပတဲ့ အနာဂတ်သမီးလေးတစ်ယောက်ရဖို့ တစ်ချို့အမျိုးသမီးတွေက မျှော်လင့်နေကြပါသေးတယ် ။

JRose (Mckzone daily)

Be the first to comment on "မျက်လုံးဝိုင်းဝိုင်းကြီးကြီးနဲ့ အပြစ်အနာဆာကင်းမဲ့တဲ့ နတ်သမီးလိုအလှတရားကြောင့် လူတွေကို ဖမ်းစားသွားခဲ့တဲ့ ချစ်စရာကလေးမလေး"

Leave a comment

Your email address will not be published.


*