သခင်ဆုံးသွားတာ ၃နှစ်ပြီးဖြစ်သော်လည်း သခင့်ရဲ့အုတ်ဂူပေါ်မှာ လှဲလျောင်းကာ အိမ်ပြန်ဖို့ခေါ်လည်း ငြင်းဆိုနေခဲ့တဲ့ သစ္စာစောင့်သိတဲ့ခွေးလေး




JRose (Mckzone daily)

Reference : bestie

Unicode

ပိုင်ရှင်ကွယ်လွန်သွားတာ ၃ နှစ်ရှိပြီဖြစ်ပေမယ့် ခွေးလေးဟာ ပိုင်ရှင်ရဲ့အုတ်ဂူပေါ်မှာ နေ့တိုင်း အိပ်နေသေးတာကြောင့် တိရစ္ဆာန်များဟာလည်း လူသားများလို စိတ်ခံစားမှုရှိတယ်ဆို နားလည်စေပြီး လူတော်များများ ဝမ်းနည်းခဲ့ရပါတယ် ။ မစ္စငုယင်သီအွတ်ရဲ့ တူလေး Kiet က အဆိုပါခွေးကလေး Muc နဲ့ အလွန်းရင်းနှီးချစ်ခင်နေကြတာပါ ။ Kiet ဆုံးသွားတာ ၃နှစ်နှီးပါးရှိပြီး ဆိုပေမဲ့ ခွေးက သူ့ရဲ့ သခင်ကို မမေ့နိုင်သေးဘဲ အုတ်ဂူပေါ်မှာ နေ့တိုင်းလာရောက် အပ်စက်နေခဲ့ပါတယ် ။

သခင်လေးရဲ့ အုတ်ဂူပေါ်မှာ ဝမ်းနည်းစွာ လဲလျောင်းနေတဲ့ ခွေးကို Ut က အုတ်ဂူဆီ သွားပြီး အိမ်ခေါ်ပြန်သော်လည်း Muc က ငြင်းဆိုခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပူပြင်းတဲ့နေရောင်ရဲ့ အပူရှိန်ကြောင့် ခွေးက ကျောက်တုံးကျောက်ပြားပေါ်မှ အမွေးများ ကြွေကျသွားခဲ့ပါတယ် ။ ဝမ်းနည်းစရာကောင်းတာက ခွေးဟာ အရိပ်အောက်ထမသွားဘဲ အဲ့ဒီနေရာမှာသာ လှဲနေခဲ့ပါတယ် ။

Miss Ut ကလည်း Kiet နဲ့ ခွေးကလေးကြားက ချစ်ခြင်းမေတ္တာကို မရှင်းပြနိုင်ခဲ့ပါ ။ သူတို့နှစ်ယောက်က မိသားစုအတွင်း ညီအစ်ကိုများလို အမြဲတစေ ရင်းရင်းနှီးနှီးနေပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ကာ အတူတူအိပ်ကြတာကြောင့် Kiet မရှိတော့သောအခါ ကလေးလေးက သူ့သူငယ်ချင်းဟောင်းကို အနည်းငယ်လွမ်းဆွတ်နေသဖြင့် သူဟာ လဲလျောင်းရန် သင်္ချိုင်းသို့သွားကာ တဖြည်းဖြည်း အကျင့်ဖြစ်လာခဲ့တာပါ ။ ဒီလိုနည်းနဲ့ ခွေးတွေဟာ အမြဲတမ်း သစ္စာစောင့်သိတဲ့ တိရိစ္ဆာန်တွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ကို နားလည်စေပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သခင်ဆုံးသွားတာ ၃နှစ်ပြီးဖြစ်သော်လည်း သခင့်ရဲ့အုတ်ဂူပေါ်မှာ လှဲလျောင်းကာ အိမ်ပြန်ဖို့ခေါ်လည်း ငြင်းဆိုနေခဲ့တဲ့ သစ္စာစောင့်သိတဲ့ခွေးလေး"

Leave a comment

Your email address will not be published.


*