ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် သူ့အားမဲပေးရဖို့ နေရပ်လိပ်စာပြောင်းချင်သွားတဲ့အထိ လူအများရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး

ပြီးခဲ့တဲ့တနင်္လာနေ့က ထိုင်းနိုင်ငံ၏ခရိုင်အချို့တွင် Tambon ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ကောင်စီဝင်များနှင့် ဥက္ကဋ္ဌများအတွက် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အချို့သော ကိုယ်စားလှယ်လောင်းများဟာ မဲဆန္ဒရှင်များအပေါ် လုံးဝကွဲပြားသောနည်းလမ်းများဖြင့်လည်း အနိုင်ယူဖို့ကြိုးစားခဲ့ကြပြီး ၎င်းတို့ထဲမှ ချောမောကြည့်ကောင်းတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ Ratchaburi ပြည်နယ် ၎င်း Tambon ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အင်တာနက်သုံးစွဲသူများ၏အသည်းနှလုံးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ 2021 ခုနှစ် နိုဝင်ဘာလ 28 ရက်နေ့၌၊ အဆိုပါ Tom လို့အမည်ရတဲ့ကိုယ်စားလှယ်လောင်းဟာ ၎င်း၏နိုင်ငံရေးလှုပ်ရှားမှုနဖူးစည်းစာတန်းပါဓာတ်ပုံများကို Ban Nong Praduk ၏မြို့ခံများအား မဲပေးရန် ဆွဲဆောင်ဖို့အတွက် သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်အကောင့် Nantachai Butdee မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

၎င်း၏ Facebook ပို့စ်ဟာ မျှဝေသူ 2.8K ကျော်ရှိပြီး ထိုင်းနိုင်ငံရှိ Facebook သုံးစွဲသူများအကြား လူပြောများလာခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံများက တရားဝင်မဟုတ်သောပရိုမိုးရှင်းမဲဆွယ်ပွဲတစ်ခုအဖြစ် သတ်မှတ်လို့ရပေမဲ့လည်း ဆွဲဆောင်မှုရှိတဲ့ ကိုယ်စားလှယ်လောင်းဟာ နိုင်ငံတစ်ဝှမ်းရှိ မဲဆန္ဒရှင်အများစုရဲ့နှလုံးသားကို အနိုင်ပိုင်းနိုင်ခဲ့ပုံရနေပါတယ်။

ထို့ပြင် ၎င်းပို့စ်ဟာ သူ့ရဲ့နိုင်ငံရေး အတွေးအခေါ်တွေထက် ကျော်လွန်ပြီး သူ့ဘဝအကြောင်းပိုမိုသိရှိနိုင်ဖို့ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့မီဒီယာတွေရဲ့ အာရုံစိုက်မှုများစွာကိုပါခံခဲ့ရပါတယ်။

သူ့အားလပ်ချိန်တွေမှာ အဆိုပါ အသက် 30 အရွယ် Tam ဟာ သစ်ပင်စိုက်ပျိုးခြင်းကိုကြိုက်နှစ်သက်ပြီး မိခင်ဖြစ်သူကိုကူညီပြီး နံနက်ခင်းမှာ အစားအစာရောင်းချခြင်းများကိုကြိုက်နှစ်သက်ကြောင်း Khaosod သတင်းက ဖော်ပြခဲ့ပါတယ်။

လူငယ်နိုင်ငံရေးသမား Tom ဟာ သတင်းရှင်းလင်းပွဲတစ်ခုမှာ ပျံ့နှံ့သွားတဲ့၎င်းရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်အတွက် အံ့အားသင့်ခဲ့ရပြီး သူ့ကိုမဲပေးမည်ဟုပြောသူတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ Tambon ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ မေးမြန်းရာမှာတော့ Tom ဟာ ၎င်းတို့နေထိုင်သည့်ကျေးရွာနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကိုလူအများသိရှိနိုင်ရန်ကူညီလိုကြောင်း ဖြေကြားခဲ့ပါတယ်။ ၎င်းရွေးကောက်ပွဲကို လာမဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ Ratchaburi ပြည်နယ်ရှိ Ban Nong Praduk ခရိုင်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

အင်တာနက်အသုံးပြုသူအများအပြားဟာ Tom ရဲ့ပို့စ်အောက်မှာ ၎င်းတို့ရဲ့မှတ်ချက်များကို မျှဝေခဲ့ကြသလို တချို့ကလည်း သူ့ကိုမဲပေးနိုင်ဖို့အတွက် ၎င်းတို့ရဲ့နေရပ်လိပ်စာကိုတောင် ပြောင်းချင်နေခဲ့ကြပါတယ်။

အင်တာနက်သုံးစွဲသူတစ်ဦးက သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုမသိပေမယ့် သူ့ကိုမဲပေးမယ်လို့ မှတ်ချက်ပေးခဲ့ပြီး အင်တာနက်အသုံးပြုသူအချို့ကတော့ ကိုယ်စားလှယ်လောင်းရဲ့အမြဲထာဝရပါတနာဖြစ်လိုကြောင်းမှတ်ချက်ပေးခဲ့ကြပါသေးတယ်။ Tom က ရွေးကောက်ပွဲမှာ အနိုင်ရ၊မရကိုမသိနိုင်သေးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မဲပုံးပေါ်က သူ့နာမည်နံဘေးမှာ cross တစ်ခုကပ်ဖို့ တစ်နိုင်ငံလုံးရှိ လူတော်တော်များများက အသေအချာအဆင်သင့်ဖြစ်နေလောက်ပြီထင်ပါတယ်။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် သူ့အားမဲပေးရဖို့ နေရပ်လိပ်စာပြောင်းချင်သွားတဲ့အထိ လူအများရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး"

Leave a comment

Your email address will not be published.


*