တရုတ်နိုင်ငံ Chongqing ပြည်နယ်မှ အသက် 73 နှစ်ရှိ Mr. Chau ဟာ ဆယ်စုနှစ်များကြာအောင် ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် သံမဏိလို မာကျောတဲ့ ဦးခေါင်းကို ပိုင်ဆိုင်ထားပါတယ် ။ အဲဒါတွေက အလွန်ခက်ခဲပြီး အန္တရာယ်များတဲ့ လေ့ကျင့်ခန်းတွေပါ ။ အရေးကြီးဆုံးအရာက သံမဏိလို မာကျောတဲ့ ဦးခေါင်းကို နေ့တိုင်း နံရံနဲ့ထိပြီး ခေါင်းကို ဆောင့်ကန်ဖို့ ဖြစ်တယ်လို့ မစ္စတာ Chau က ပြောပါတယ် ။ ဒါဟာ အတော်လေး ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် မစ္စတာ Chau အတွက်တော့ ရိုးရိုးလေးဘဲလို့ ပြောခဲ့ပါတယ် ။ ထို့အပြင် သူ့မှာ အလွန်ထူးခြားတဲ့ အရည်အချင်းတစ်ခုက သူ့ရဲ့လက်များနဲ့ ထိန်းစရာမလိုဘဲ အရာဝတ္တုအားလုံးကို ခေါင်းပေါ်တင်ပြီး ဟန်ချက်ညီစေခဲ့ပါတယ် ။
.
ဒါတင်မကသေးဘဲ အများပြည်သူနေရာတွေမှာလည်း သူ့ရဲ့စွမ်းရည်တွေကို ပြသခဲ့ပါတယ် ။ အရင်ကတော့ အဖိုးဟာ ပစ္စည်းတွေသွားဝယ်တိုင်း လက်နဲ့မကိုင်တော့ဘဲ ဦးခေါင်းကိုသာ အားကိုးခဲ့ပါတယ် ။
.
ကြက်ဥ 40 လုံးဝယ်ရန် စူပါမားကတ်သို့သွားဝယ်ပြီး ၎င်းတို့ကို ခေါင်းပေါ်တင်ကာ ဖြည်းညှင်းစွာ အိမ်ပြန်နိုင်ရုံသာမက အိမ်နီးနားချင်းများကိုလည်း ကောင်းစွာနှုတ်ဆက်နိုင်သေးတာက ပို၍အံ့သြစကောင်းကောင်းနေပါတယ် ။
.
မစ္စ Chau က လေးလံတဲ့ အရာများကို သယ်ဆောင်သွားသော်လည်း အလွန်သဘာဝကျကျ၊ အေးအေးဆေးဆေး လမ်းလျှောက်ကာ ပတ်ဝန်းကျင်ရှိလူများကို စကားပြောဆို နှုတ်ဆက်နိုင်ခဲ့သေးတာပါ ။
ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ မည်သည့်အခြေအနေမျိုးမှာမဆို ပရိဘောဂများ သယ်ယူရာမှာ အဆိုပါဦးခေါင်းပ Mr. Chau ကို များစွာအထောက်အကူဖြစ်စေတဲ့ အထူးစွမ်းရည်ဖြစ်ပါတယ် ။ ပြင်းထန်စွာတုန်ခါနေတဲ့ မြေအောက်ရထားပေါ်မှာ ရှိနေသော်လည်း သွားလာရေးအခက်အခဲမရှိကြောင်း Mr.Chau က ဆက်လက်ပြောခဲ့ပါတယ် ။
JRose (Mckzone daily)
Reference : yan
Be the first to comment on "ပစ္စည်းတွေသွားဝယ်တိုင်း လက်နဲ့မကိုင်တော့ဘဲ ဦးခေါင်းကိုသာ အားကိုးပြီးဟန်ချက်ညီစွာ ထိန်းနိုင်တဲ့ အသက် 73 နှစ်အရွယ် အဘိုးအို"