လမ္းမႀကီးေပၚမွာ ဆိုင္ကယ္ကိုစတန္႔ထြင္ၿပီးေမာင္းမိခဲ့လို႔ ေထာင္ဒဏ္ 14လ ခ်မွတ္ခံခဲ့ရတဲ့ ေကာင္ေလး

လမ္းမႀကီးေပၚမွာ ဆိုင္ကယ္ေတြကို စတန္႔ထြင္ၿပီးေမာင္းတာတို႔ ၊ မီးပြိဳင့္ေတြကို ျဖတ္ၿပီးေမာင္းေျပးတာတို႔ဟာ အလြန္႔အလြန္ကို အႏၱရာယ္မ်ားလြန္ၿပီး အျခားယာဥ္ေမာင္းေတြကိုလည္း မၾကာခဏထိခိုက္ဒဏ္ရာရေစပါတယ္ ။ ဒါေၾကာင့္ပဲ အခ်ိဳ႕ေသာႏိုင္ငံေတြက အဆိုပါလမ္းမႀကီးေပၚမွာ စတန္႔ထြင္ၿပီးေမာင္းႏွင္ၾကတဲ့ ဆိုင္ကယ္သမားေတြကိုျပင္းျပင္းထန္ထန္အေရးယူလိုက္တာဟာ အေတာ္ေလးကို ေကာင္းမြန္တယ္လို႔ ေျပာရမွာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက Adzrul Adzman အမည္႐ွိတဲ့ အသက္ 21ႏွစ္အရြယ္ေကာင္ေလးဟာ လမ္းမႀကီးေပၚမွာ စတန္႔ထြင္ၿပီးဆိုင္ကယ္ကို အေ႐ွ႕ဘီးေထာင္ၿပီး ေမာင္းႏွင္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ 14 လ ခ်မွတ္ခံခဲ့ရတဲ့အျပင္ ဒဏ္ေၾကးေငြ RM 5,000 (ျမန္မာေငြ 18သိန္းေက်ာ္) ေပးေဆာင္ခဲ့ရပါတယ္ ။

တာဝန္႐ွိသူေတြရဲ႕ ေျပာၾကားခ်က္အရ Adzrul ဟာ သူ႔အတြက္လံုျခံဳစိတ္ခ်ၿပီး အႏၱရာယ္ကင္းဖို႔ကိုပါ မေတြးခဲ့တဲ့အျပင္ ၊ ဆိုင္ကယ္ကိုျပဳျပင္ၿပီးေနာက္ ယခုကဲ့သို႔ ဆိုင္ကယ္အေ႐ွ႕ဘီေထာင္ၿပီး စမ္းသပ္ေမာင္းႏွင္ခဲ့တာျဖစ္ေၾကာင္း ေျဖၾကားခဲ့ၿပီး ျပစ္ဒဏ္ထင္႐ွားလြန္းတဲ့အတြက္ ယခုကဲ့သို႔. အျပစ္ဒဏ္မ်ိဳးခ်မွတ္လိုက္ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ယခုကဲ့သို႔ စတန္႔ထြင္ၿပီးဆိုင္ကယ္ေမာင္းႏွင္တဲ့ ျပစ္ဒဏ္မ်ိဳးပိုၿပီးထင္႐ွားပါက ေထာင္ဒဏ္ 5ႏွစ္အထိခ်မွတ္ခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုကဲ့သို္႔ျပစ္ဒဏ္ခ်မွတ္လိုက္ျခင္းဟာ လမ္းမေပၚ႐ွိ ယာဥ္သြားယာဥ္လာမ်ားကို အႏၱရာယ္ကင္းေစတဲ့အျပင္ လိုက္လံတုပမည့္လူငယ္မ်ားလည္း မ႐ွိေတာ့ေအာင္ ေျဖ႐ွင္းလိုက္သလိုပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေကို စတန့်ထွင်ပြီးမောင်းတာတို့ ၊ မီးပွိုင့်တွေကို ဖြတ်ပြီးမောင်းပြေးတာတို့ဟာ အလွန့်အလွန်ကို အန္တရာယ်များလွန်ပြီး အခြားယာဉ်မောင်းတွေကိုလည်း မကြာခဏထိခိုက်ဒဏ်ရာရစေပါတယ် ။ ဒါကြောင့်ပဲ အချို့သောနိုင်ငံတွေက အဆိုပါလမ်းမကြီးပေါ်မှာ စတန့်ထွင်ပြီးမောင်းနှင်ကြတဲ့ ဆိုင်ကယ်သမားတွေကိုပြင်းပြင်းထန်ထန်အရေးယူလိုက်တာဟာ အတော်လေးကို ကောင်းမွန်တယ်လို့ ပြောရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Adzrul Adzman အမည်ရှိတဲ့ အသက် 21နှစ်အရွယ်ကောင်လေးဟာ လမ်းမကြီးပေါ်မှာ စတန့်ထွင်ပြီးဆိုင်ကယ်ကို အရှေ့ဘီးထောင်ပြီး မောင်းနှင်ခဲ့တဲ့အတွက် ထောင်ဒဏ် 14 လ ချမှတ်ခံခဲ့ရတဲ့အပြင် ဒဏ်ကြေးငွေ RM 5,000 (မြန်မာငွေ 18သိန်းကျော်) ပေးဆောင်ခဲ့ရပါတယ် ။

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ Adzrul ဟာ သူ့အတွက်လုံခြုံစိတ်ချပြီး အန္တရာယ်ကင်းဖို့ကိုပါ မတွေးခဲ့တဲ့အပြင် ၊ ဆိုင်ကယ်ကိုပြုပြင်ပြီးနောက် ယခုကဲ့သို့ ဆိုင်ကယ်အရှေ့ဘီထောင်ပြီး စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ပြစ်ဒဏ်ထင်ရှားလွန်းတဲ့အတွက် ယခုကဲ့သို့. အပြစ်ဒဏ်မျိုးချမှတ်လိုက်ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

ယခုကဲ့သို့ စတန့်ထွင်ပြီးဆိုင်ကယ်မောင်းနှင်တဲ့ ပြစ်ဒဏ်မျိုးပိုပြီးထင်ရှားပါက ထောင်ဒဏ် 5နှစ်အထိချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။ ယခုကဲ့သို့်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဟာ လမ်းမပေါ်ရှိ ယာဉ်သွားယာဉ်လာများကို အန္တရာယ်ကင်းစေတဲ့အပြင် လိုက်လံတုပမည့်လူငယ်များလည်း မရှိတော့အောင် ဖြေရှင်းလိုက်သလိုပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment