Lovely Abella အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမမိသားစုရဲ့သုံးထပ်အိမ်ကြီးကို ဂုဏ်ယူစွာ ပြသလိုက်ပါတယ်။ ၎င်းအိမ်ဟာ အွန်လိုင်းရောင်းခြင်းမှရရှိတဲ့ သူမလုပ်အားရဲ့အသီးအနှံသာဖြစ်တယ်ဟု သူမက ဆိုခဲ့ပါတယ်။ သရုပ်ဆောင်မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ Lovely က သူမဟာ ကူးစက်ရောဂါဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသူများထဲတွင်ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်အနေနဲ့ သူမရဲ့မိသားစုက သူမကိုအားကိုးနေတာကြောင့် သူမအတွက် ဝင်ငွေဆုံးရှုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် သူမဟာ အွန်လိုင်းရောင်းချခြင်းသို့ စွန့်စားလုပ်ဆောင်တဲ့ Pinoys အများအပြားရဲ့နောက်သို့လိုက်သွားခဲ့ပါတယ်။ သူမရဲ့ဟာသနှင့် ရယ်မောစရာကိုယ်ရည်ကိုယ်သွေးကြောင့် Lovely ရဲ့တိုက်ရိုက်ရောင်းချမှုဟာ အောင်မြင်လာခဲ့ပြီး ၎င်းဟာ ကူးစက်ရောဂါကာလအတွင်း တဖြည်းဖြည်းအဆင်ပြေတိုးတက်လာခဲ့ပါတယ်။
Lovely က ” တကယ်တော့၊ ကျွန်မ ‘ဒါကိုလုပ်ရတာ သင့်တော်ရဲ့လား၊ ကျွန်မက သရုပ်ဆောင်ပြောပြီးတော့ ဒီလိုတွေလုပ်နေတယ်” ဆိုပြီး တွေးခဲ့ရတဲ့အချိန်တွေရှိပါတယ်၊ ‘ဒါပေမယ့် အဲဒီတုန်းကတော့ အဲဒါက ကျွန်မအတွက်အာရုံစိုက်စရာမဟုတ်နေခဲ့ဘဲ၊ ကျွန်မရဲ့ အာရုံစိုက်စရာကတော့ ကျွန်မတို့ အသက်ရှင်ဖို့ပါပဲ။ ” ဟု ဆိုခဲ့ပါတယ်။
“တခါတရံမှာ ကျွန်မတို့မျက်နှာက ပါးသွားရင်တောင် လိုအပ်တဲ့အခါ အရေထူလာမယ်လို့ ကျွန်မယုံကြည်တယ်၊ ” ဟု သူမကဆက်ပြောခဲ့ပါတယ်။ ကူးစက်ရောဂါဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ အနုပညာရှင်များစွာဟာ တိုက်ရိုက်ရောင်းချခြင်းသို့ စွန့်စားလာကြတာကို တွေ့ရှိကြမှာပါ။
Lovely ရဲ့ သရုပ်ဆောင်သူငယ်ချင်းများဖြစ်တဲ့ Chariz Solomon၊ Arny Ross နှင့် Betong Sumaya တို့ဟာလည်း ယခုအခါ ဂုဏ်ယူစရာကောင်းတဲ့အွန်လိုင်းရောင်းချသူများဖြစ်လာကြပြီဖြစ်ပါတယ်။
Lovely ၏အဆိုအရ၊ ဟာသသရုပ်ဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရခြင်းက သူမရဲ့လုပ်ငန်းကို ကြီးပွါးတိုးတက်စေခဲ့ပါတယ်။ “ သိသာထင်ရှားတာက၊ ကျွန်မက တိုက်ရိုက်ရောင်းတဲ့နည်းကို ဟာသလုပ်ပြီးရောင်းတယ်၊ Bubble Gang ဇာတ်ကားမှာ ကျွန်မသရုပ်ဆောင်တဲ့ဇာတ်ကောင်ကြောင့် သူတို့က ကျွန်မကို အခွင့်အရေးပေးကြတယ်၊ အဲဒီတော့ ကျွန်မအတွက် ယုံကြည်မှုက တကယ်ရှိတယ် ” ဟု သူမက ဆိုခဲ့ပါတယ်။
Lovely ရဲ့အဆိုအရ သူမရဲ့သုံးထပ်အိမ်ဟာ ကူးစက်ရောဂါကာလအတွင်း သူမတို့အတွက် အကြီးမြတ်ဆုံးမင်္ဂလာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက သူမတို့ ဇနီးမောင်နှံဟာ အိမ်သစ်တက်ခဲ့ကြပါတယ်။
သူမတို့ရဲ့ Instagram မှာလည်း ၎င်းတို့ရဲ့အိမ်ပုံတွေကိုတင်ကာ Lovely ဟာ ဂုဏ်ယူမဆုံးနိုင်ဖြစ်ခဲ့ရပါတယ်။ သူမတို့ရဲ့ “လှပသောကောင်းချီး” ဟာ ကြိုးစားအားထုတ်မှုရဲ့ပင်ပန်းမှုကိုပြေပျောက်စေကြောင်း သက်သေပြသည်ဟု သူမက ထပ်မံပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : businessnews
Be the first to comment on "Live ဈေးရောင်းချရင်းကနေ သူမတို့အတွက် အိမ်မက်ဖြစ်တဲ့သုံးထပ်အိမ်ကြီးကိုဆောက်လုပ်နိုင်ခဲ့ကြောင်းကိုပြန်ပြောပြခဲ့တဲ့ အမျိုးသမီး"