လူတွေဟာ တစ်စုံတစ်ယောက်က ၎င်းတို့ရဲ့ အိမ်မက်အိမ်ကိုဆောက်တဲ့အခါ ၊ တီထွင်ဖန်တီးနိုင်တဲ့အခါမျိုးကိုမြင်တွေ့ရရင် အိမ်ပိုင်ရှင်တွေလိုဘဲ အရမ်းသဘောကျနေတတ်ကြပါတယ်။ ကြင်နာတတ်တဲ့အိမ်တစ်လုံးကို မြင်ရတာကြည်နူးစရာကောင်းပြီး ဧရာမစံအိမ်ကြီးတစ်လုံး ဒါမှမဟုတ် စတုရန်းပေ ၄၀၀ လောက်သာရှိတဲ့သေးငယ်တဲ့အိမ်ငယ်လေးကို ဆောက်လုပ်တဲ့အခါ ၎င်းတို့ရဲ့နှလုံးသားနဲ့ ဝိညာဉ်တွေကို ၎င်းတို့ရဲ့နေအိမ်ထဲကိုသွန်းလောင်းထားတတတ်တဲ့အတွက် ၎င်းတို့လိုချင်တဲ့ အသေးစိတ် အချက်အလက်တိုင်းကို မှန်ကန်စွာ ရနိုင်ကြပါတယ်။ လှပပြီး သေသပ်တဲ့အိမ်တစ်လုံးရဖို့အတွက်ကလည်း ပိုင်ရှင်နှင့်တည်ဆောက်သူတို့အပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်ပါတယ်။ တစ်ခါတရံမှာလည်း လူတွေဟာ ၎င်းတို့ရဲ့နေအိမ်နဲ့ ပတ်သက်ပြီး နည်းနည်းလေးတော့ အာရုံစိုက်ခံချင်တတ်ကြတာလဲအမှန်ပါဘဲ။
.
.
ပိုလန်ဗိသုကာပညာရှင် Jakub Szczesny က အနံ ၅ ပေသာရှိသော ကမ္ဘာ့အကျဉ်းဆုံးအိမ်ကြီးကို ဆောက်လုပ်ခဲ့ပြီး ၎င်းကို “The Keret House” ဟုအမည်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ဤကျဉ်းမြောင်းသောနေအိမ်ဟာ အိမ်ရာစရိတ်များမြင့်တက်လာသည်နှင့်အမျှ မကြာမီ ရေပန်းစားလာနိုင်တဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်။
.
.
၎င်းနေအိမ်တည်ရှိရာနေရာရှေ့သို့ဖြတ်သွားတဲ့အခါ သင့်အနေနဲ့ ဘာမှထူးထူးခြားခြားသတိထားမိမှာမဟုတ်ပါဘူး။ ၎င်း Keret House ဟာ ပိုလန်နိုင်ငံ Warsaw မြို့လယ်ရှိ အဆောက်အဦနှစ်ခုကြားရှိ အပေါက်တစ်ခုထဲသို့ညှစ်ထည့်ထားပြီး ခရီးသွားစာရေးဆရာများအတွက် ယာယီအိမ်တစ်လုံးအဖြစ် အထောက်အပံ့ပေးမှာဖြစ်ပါတယ်။
.
.
၎င်းအိမ်ရဲ့ကိုယ်ထည်ကို တံတိုင်များပေါ်တွင် မြှောက်ထားပြီး အောက်ဘက်မှ အတွင်းဘက်သို့ လှေကားဖြင့် ပို့ဆောင်ထားပါတယ်။ ထို့ပြင် “ အဲဒါက Warsaw မြို့ရဲ့အထင်ကရတစ်ခုဖြစ်လာပြီး ခရီးသွားမြေပုံပေါ်မှာလည်း ပါနေပြီးသားပါ ၊ အရာရာတိုင်းဟာ စိတ်ကြိုက်ဖြစ်ပြီး အရာရာတိုင်းက တွန်းလှန်ဖို့ လိုအပ်ပါတယ်” ဟု ဗိသုကာပညာရှင် Szczesny က လိုအပ်သောပရိဘောဂများအားလုံးကို အံဝင်ခွင်ကျဖြစ်အောင် စီမံပုံကိုရှင်းပြခဲ့သလို ၎င်းအိမ်ရဲ့အကျယ်ဟာ ၅ ပေသာကျယ်ဝန်းကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီတော့ Szczesny ရဲ့ ဒီဇိုင်းတစ်ခုလုံးနှင့် ဤအလွန်သေးငယ်သောနေရာကို ဘယ်လို ချဲ့ထွင်တည်ဆောက်ပုံဖော်ထားပုံတို့ကိုလည်း ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "အဆောက်အဦးနှစ်ခုကြားရှိသေးငယ်တဲ့နေရာမှာ အိမ်ဆောက်ကာ အကျယ် ၅ ပေသာရှိတဲ့နေအိမ်မှာ နေထိုင်တဲ့ အမျိုးသား"