အသက္ 90 နီးပါးရွိ Hai Phu လို႔ေခၚတဲ့ အဘြားႀကီးတစ္ဦးဟာ သူမရဲ႕ ဖ်ားနာေနတဲ့ ခင္ပြန္းကို ျပဳစုဖို႔ သားသမီးေျမးေလးေတြကို အားကိုးတႀကီးမမွီခိုဘဲ အသက္ေမြးဝမ္းေက်ာင္းျပဳကာ လူမ်ားစြာကို စာနာစိတ္မ်ား ျဖစ္ေစခဲ့ပါတယ္ ။ အဘြားလိုမ်ိဳးအသက္အ႐ြယ္မွာ လူေတာ္ေတာ္မ်ားမ်ားက အနားယူေနၾကေပမယ့္ အဘြားကေတာ့ ေန႔တိုင္း ႀကိဳးစားလုပ္ေဆာင္ေနဆဲပါ ။ အဘြားမွာ ကေလး ၃ ေယာက္ရွိေပမဲ့ သူ႔ဘာသာသူ ဝင္ေငြရွာခဲ့ပါတယ္ ။ ပိုခက္တာက သူမဟာ အသက္ႀကီးၿပီး အားနည္းတဲ့ ခင္ပြန္းကို ႏွစ္ေပါင္းမ်ားစြာ ျပဳစုေစာင့္ေရွာက္ဖို႔ အားထုတ္ရတာပါပဲ ။
သူမရဲ႕ ခႏၶာကိုယ္ကပိန္လွီၿပီး ခါးကုန္း႐ုံတင္မက မ်က္လုံးမ်ား ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေတာ့ဘဲ အလုပ္ႀကိဳးစားဆဲ ျဖစ္ပါတယ္ ။ မနက္တိုင္း အသီးအ႐ြက္ေတြ ခူးဖို႔ ဥယ်ာဥ္ကို သြားၿပီး သူမရဲ႕ေျခေထာက္မ်ားက အ႐ိုးမ်ားနဲ႔ အေရခြံမ်ားသာရွိကာ ကမ္းစပ္ဆီသို႔ အသီးအ႐ြက္စည္းမ်ားကို သယ္ေဆာင္လာၿပီး တစ္ခါတစ္ရံမွာ မတ္တပ္မရပ္ႏိုင္ျဖစ္ကာ လဲက်သြားခဲ့ဖူးပါတယ္ ။ ဟင္းသီး ဟင္း႐ြက္တစ္စည္းကို ၅,၀၀၀ ေဒါင္ ႏႈန္းနဲ႔ ေရာင္းဖို႔ ေျပာခဲ့ၿပီး ေန႔တိုင္း ဟင္းသီး ဟင္း႐ြက္ ၁၀ ထုပ္ကို ၅,၀၀၀ က်ပ္နဲ႔ ေ႐ြးေလ့ရွိပါတယ္ ။ ဒါေပမဲ့ အသီးအ႐ြက္ ခူးရာမွာ ခက္ခဲ႐ုံသာမက ေရာင္းခ်ျခင္းမွာလည္း ခက္ခဲၾကမ္းတမ္းတဲ့ ခရီးတစ္ခုျဖစ္ပါတယ္ ။
တစ္ရက္ကို ေဒၚလာ ေသာင္းႏွင့္ခ်ီၿပီး ဝင္ေငြရဖို႔ မစၥ Hai Phu က နံနက္မွ ညေနအထိ တစ္ေန႔လုံး အလုပ္ၾကမ္းလုပ္ရပါတယ္ ။ ေန႔တိုင္း ဟင္းသီး ဟင္း႐ြက္ေရာင္းၿပီး အိမ္ျပန္ေရာက္ေတာ့ ေဝဒနာ ခံစားရတဲ့အတြက္ ခ်က္ခ်င္း လဲေလ်ာင္းရတယ္လို႔လည္း သူက ေျပာပါတယ္ ။ ဒါေပမဲ့ သူမနဲ႔ သူမရဲ႕ခင္ပြန္းက အလြန္ဆင္းရဲမြဲေတမႈနဲ႔ ခက္ခဲစြာ ေနထိုင္ေနရဆဲျဖစ္ပါတယ္ ။ သူမရဲ႕ ဘဝအခက္အခဲကို ျမင္ေတာ့ လူေတြက သူမဟင္းသီးဟင္း႐ြက္ေတြ သယ္ႏိုင္ဖို႔ စက္ဘီးတစ္စီးေပးခဲ့ ေပမဲ့ သူမ ျငင္းခဲ့ပါတယ္ ။
.
.
.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
အသက် 90 နီးပါးရှိ Hai Phu လို့ခေါ်တဲ့ အဘွားကြီးတစ်ဦးဟာ သူမရဲ့ ဖျားနာနေတဲ့ ခင်ပွန်းကို ပြုစုဖို့ သားသမီးမြေးလေးတွေကို အားကိုးတကြီးမမှီခိုဘဲ အသက်မွေးဝမ်းကျောင်းပြုကာ လူများစွာကို စာနာစိတ်များ ဖြစ်စေခဲ့ပါတယ် ။ အဘွားလိုမျိုးအသက်အရွယ်မှာ လူတော်တော်များများက အနားယူနေကြပေမယ့် အဘွားကတော့ နေ့တိုင်း ကြိုးစားလုပ်ဆောင်နေဆဲပါ ။ အဘွားမှာ ကလေး ၃ ယောက်ရှိပေမဲ့ သူ့ဘာသာသူ ဝင်ငွေရှာခဲ့ပါတယ် ။ ပိုခက်တာက သူမဟာ အသက်ကြီးပြီး အားနည်းတဲ့ ခင်ပွန်းကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ဖို့ အားထုတ်ရတာပါပဲ ။
သူမရဲ့ ခန္ဓာကိုယ်ကပိန်လှီပြီး ခါးကုန်းရုံတင်မက မျက်လုံးများ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ အလုပ်ကြိုးစားဆဲ ဖြစ်ပါတယ် ။ မနက်တိုင်း အသီးအရွက်တွေ ခူးဖို့ ဥယျာဉ်ကို သွားပြီး သူမရဲ့ခြေထောက်များက အရိုးများနဲ့ အရေခွံများသာရှိကာ ကမ်းစပ်ဆီသို့ အသီးအရွက်စည်းများကို သယ်ဆောင်လာပြီး တစ်ခါတစ်ရံမှာ မတ်တပ်မရပ်နိုင်ဖြစ်ကာ လဲကျသွားခဲ့ဖူးပါတယ် ။ ဟင်းသီး ဟင်းရွက်တစ်စည်းကို ၅,၀၀၀ ဒေါင် နှုန်းနဲ့ ရောင်းဖို့ ပြောခဲ့ပြီး နေ့တိုင်း ဟင်းသီး ဟင်းရွက် ၁၀ ထုပ်ကို ၅,၀၀၀ ကျပ်နဲ့ ရွေးလေ့ရှိပါတယ် ။ ဒါပေမဲ့ အသီးအရွက် ခူးရာမှာ ခက်ခဲရုံသာမက ရောင်းချခြင်းမှာလည်း ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုဖြစ်ပါတယ် ။
တစ်ရက်ကို ဒေါ်လာ သောင်းနှင့်ချီပြီး ဝင်ငွေရဖို့ မစ္စ Hai Phu က နံနက်မှ ညနေအထိ တစ်နေ့လုံး အလုပ်ကြမ်းလုပ်ရပါတယ် ။ နေ့တိုင်း ဟင်းသီး ဟင်းရွက်ရောင်းပြီး အိမ်ပြန်ရောက်တော့ ဝေဒနာ ခံစားရတဲ့အတွက် ချက်ချင်း လဲလျောင်းရတယ်လို့လည်း သူက ပြောပါတယ် ။ ဒါပေမဲ့ သူမနဲ့ သူမရဲ့ခင်ပွန်းက အလွန်ဆင်းရဲမွဲတေမှုနဲ့ ခက်ခဲစွာ နေထိုင်နေရဆဲဖြစ်ပါတယ် ။ သူမရဲ့ ဘဝအခက်အခဲကို မြင်တော့ လူတွေက သူမဟင်းသီးဟင်းရွက်တွေ သယ်နိုင်ဖို့ စက်ဘီးတစ်စီးပေးခဲ့ ပေမဲ့ သူမ ငြင်းခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "သားသမီးေျမးေတြကို အားကိုးမေနဘဲ ဟင္းသီးဟင္း႐ြက္ေရာင္းခ်ရင္းေငြရွာကာ ဖ်ားနာေနတဲ့ ခင္ပြန္းကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေရွာက္ေနခဲ့တဲ့ အဘြားအို"