24 နာရီဖြင့္တဲ့ ပင္းမင္းဆိုင္မွာ ဓားတစ္ေခ်ာင္းနဲ႔ ေအးေအးေဆးေဆးဓားျပဝင္တိုက္သြားတဲ့ အမ်ိဳးသားေတြရဲ႕ (႐ုပ္သံ)

ၿပီးခဲတဲ့ညက မေလး႐ွားႏိုင္ငံ ၊ Petaling Jaya ၿမိဳ႕မွာ႐ွိတဲ့ 24 နာရီဖြင့္တဲ့ ပင္းမင္းဆိုင္မွာ အဝတ္လာေလ်ွာ္တဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဟာ ညအေတာ္နက္ေနခ်ိန္မွာ အဝတ္လာေလ်ွာ္ခဲ့ၾကလို႔ ဓားျပတိုက္ခံခဲ့ရပါတယ္ ။ အဆိုပါ CCTV ႐ုပ္သံဟာ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိၿပီး ၊ Video ထဲမွာေတာ့ မ်က္ႏွာအုပ္ထားတဲ့အမ်ိဳးသားႏွစ္ေယာက္ဟာ အဝါေရာင္ Myvi ကားေနာက္မွာ ရပ္ေနခဲ့တာပါ ။ ထို႔ေနာက္ ဆိုင္ထဲကိုေအးေအးေဆးေဆးဝင္ေရာက္လာၿပီး ဆိုင္ထဲမွာ႐ွိတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ရဲ႕ ပစၥည္းမ်ားကိုဓားျပတိုက္ခဲ့ၾကပါတယ္ ။

အဆိုပါအမ်ိဳးသမီးႏွစ္ေယာက္ထဲမွ တစ္ေယာက္မွာ graphic designer တစ္ေယာက္အေနနဲ႔ အလုပ္လုပ္ကိုင္ေနလ်က္႐ွိၿပီး ၊ သူမရဲ႕သူငယ္ခ်င္းနဲ႔အတူ အဝတ္လာေလ်ွာ္တာလည္းျဖစ္ပါတယ္ ။ ဓားျပေတြကေတာ့ မိန္းကေလးႏွစ္ေယာက္ထဲတင္မကပဲ ဆိုင္ထဲမွာ႐ွိေနတဲ့ အမ်ိဳးသားတစ္ေယာက္ကိုပါ ဓားျပတိုက္ခဲ့တာပါ ။

ရဲအရာ႐ွိေတြရဲ႕ ထုတ္ျပန္ခ်က္အရ ဓားျပမ်ားမွာ ဟန္းဖုန္း 6လံုး ၊ ကားေသာ့ ၊ အိမ္ေသာ့ ၊ အဝါေရာင္ Myvi ကားတစ္စီးႏွင့္ ေငြသား RM 200 ရ႐ွိသြားခဲ့ၾကေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါ ဓားျပမ်ားကိုလည္း ရဲအရာ႐ွိမ်ားက ဆက္လက္႐ွာေဖြဖမ္းဆီးေနလ်က္႐ွိပါတယ္ ။ ထို႔ေၾကာင့္ အမ်ိဳးသမီးမ်ားအေနျဖင့္ ညဖက္အျပင္ထြက္လ်ွင္ အႏၱရာယ္မ်ားလြန္းေသာေၾကာင့္ ကိစၥမ်ား႐ွိပါက လူအသြားအလာမ်ားတဲ့ ေန႔ခင္းဖက္မ်ိဳးမွာသာ အလုပ္ကိုၿပီးစီးေအာင္လုပ္ကိုင္သင့္ေၾကာင္း သတိေပးလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲတဲ့ညက မလေးရှားနိုင်ငံ ၊ Petaling Jaya မြို့မှာရှိတဲ့ 24 နာရီဖွင့်တဲ့ ပင်းမင်းဆိုင်မှာ အဝတ်လာလျှော်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ ညအတော်နက်နေချိန်မှာ အဝတ်လာလျှော်ခဲ့ကြလို့ ဓားပြတိုက်ခံခဲ့ရပါတယ် ။ အဆိုပါ CCTV ရုပ်သံဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပြီး ၊ Video ထဲမှာတော့ မျက်နှာအုပ်ထားတဲ့အမျိုးသားနှစ်ယောက်ဟာ အဝါရောင် Myvi ကားနောက်မှာ ရပ်နေခဲ့တာပါ ။ ထို့နောက် ဆိုင်ထဲကိုအေးအေးဆေးဆေးဝင်ရောက်လာပြီး ဆိုင်ထဲမှာရှိတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ပစ္စည်းများကိုဓားပြတိုက်ခဲ့ကြပါတယ် ။

အဆိုပါအမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်မှာ graphic designer တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး ၊ သူမရဲ့သူငယ်ချင်းနဲ့အတူ အဝတ်လာလျှော်တာလည်းဖြစ်ပါတယ် ။ ဓားပြတွေကတော့ မိန်းကလေးနှစ်ယောက်ထဲတင်မကပဲ ဆိုင်ထဲမှာရှိနေတဲ့ အမျိုးသားတစ်ယောက်ကိုပါ ဓားပြတိုက်ခဲ့တာပါ ။

ရဲအရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ ဓားပြများမှာ ဟန်းဖုန်း 6လုံး ၊ ကားသော့ ၊ အိမ်သော့ ၊ အဝါရောင် Myvi ကားတစ်စီးနှင့် ငွေသား RM 200 ရရှိသွားခဲ့ကြကြောင်းသိရှိရပါတယ် ။ အဆိုပါ ဓားပြများကိုလည်း ရဲအရာရှိများက ဆက်လက်ရှာဖွေဖမ်းဆီးနေလျက်ရှိပါတယ် ။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ညဖက်အပြင်ထွက်လျှင် အန္တရာယ်များလွန်းသောကြောင့် ကိစ္စများရှိပါက လူအသွားအလာများတဲ့ နေ့ခင်းဖက်မျိုးမှာသာ အလုပ်ကိုပြီးစီးအောင်လုပ်ကိုင်သင့်ကြောင်း သတိပေးလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment