Branded အဝတ်အစားများကိုမဝတ်သလို စံအိမ်၌လည်းမနေထိုင်ဘဲ သူ့ရဲ့ငွေများဖြင့် ဆင်းရဲနေသူများတွေသာ လှူဒါန်းပေးတဲ့ ဟောလိဝုဒ်မင်းသားကြီး

အောင်မြင်ကျော်ကြားတဲ့ Canadian actor တစ်ဦးဖြစ်တဲ့ မင်းသား Keanu Reeves ဟာ အသက် 17 နှစ်အရွယ်မှာ ဖျော်ဖြေရေးနယ်ပယ်တွင်ပွဲဦးထွက်ဝင်ရောက်ခဲ့ပြီး “The Matrix” ရုပ်ရှင်ဇာတ်ကားမှ ကြီးမားတဲ့ ချီးကျူးမှုများစွာကိုရရှိခဲ့ပါတယ်။ သို့သော်လည်း Keanu ဟာ ကမ္ဘာပေါ်ရှိ ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်ပေမဲ့ အလွန်နှိမ့်ချပြီး အောင်မြင်မှုကို သူ့ခေါင်းပေါ်ရွက်မထားခဲ့ပါဘူး။ မင်းသား Keanu ဟာ သက်တော်စောင့်မရှိဘဲ ၊ ဇိမ်ခံအိမ်၊ဇိမ်ခံကားမဝယ်ဘဲ၊ ဈေးကြီးတဲ့အဝတ်အစားမဝတ်သလို သာမန်တိုက်ခန်း၌သာနေထိုင်ပြီး သူသိပ်ကြိုက်တဲ့မော်တော်ဆိုင်ကယ်တစ်စီးဖြင့် မြို့တွင်းလှည့်ပတ်သွားလာခြင်းကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူ၏ကျော်ကြားမှုနှင့်အတူ၊ သူဟာ ကုန်ပစ္စည်းကြော်ငြာကမ်းလှမ်းမှုများစွာကို လက်ခံရရှိခဲ့ပေမဲ့လည်း သူ့စိတ်ကြိုက်အမှတ်တံဆိပ်များကိုသာ လက်ခံခဲ့ပါတယ်။

.

.

.

သူဟာ “The Matrix” မှ ရရှိသော ၇၀ ရာခိုင်နှုန်းကို ဆေးရုံများသို့ လှူဒါန်းခဲ့ပြီး စတန့်သမား ၁၂ ဦးအတွက် ဆိုင်ကယ်များ ဝယ်ယူပေးခဲ့ပါတယ်။ ယခု အသက် 57 နှစ်ရှိပြီဖြစ်ဆိုပေမဲ့ Keanu ရဲ့ချောမောတဲ့မျက်နှာအသွင်အပြင်ဟာ ပျောက်မသွားပါဘူး။ ဟာသမြောက်တဲ့အင်တာနက်သုံးစွဲသူတွေတောင်မှ သူ့ကို ဒဏ္ဍာရီထဲက သွေးစုပ်ဖုတ်ကောင်တစ်ယောက်အဖြစ် ဖော်ပြခဲ့ကြပါတယ်။ သာမာန်လူတွေရဲ့အမြင်မှာ Keanu ဟာ နှိမ့်ချတဲ့ဘဝဖြင့်နေထိုင်တဲ့ ဟောလိဝုဒ်မင်းသားကြီးဖြစ်ပြီး သူ့ကို လမ်းမှာတွေ့တဲ့အခါ၊ သူ့ရဲ့ အသားညှပ်ပေါင်မုန့် ဒါမှမဟုတ် ကိတ်မုန့်စားနေတဲ့ ခုံတန်းလျားမှာထိုင်နေတဲ့သူ့အမူအရာက ဘာမှမထူးခြားနေတော့ပါဘူး။

.

.

.

Keanu ဟာ လမ်းပေါ်ရှိ အိုးမဲ့အိမ်မဲ့များကို အမြဲလိုလိုပိုက်ဆံထုတ်ပေးတတ်သလို ၎င်းတို့နှင့်စကားစမြည်ပြောကာ အစားအသောက်များ ပေးလေ့ရှိပါတယ်။ တစ်ခါက သူ့ရဲ့ 46 နှစ်မြောက်မွေးနေ့မှာ Keanu ဟာ သူကိုယ်တိုင်ကိတ်မုန့် တစ်ခုဝယ်ပြီး အိမ်ခြေယာမဲ့တစ်ဦးနှင့်မွေးနေ့ပွဲကျင်းပရင်း လမ်းဘေးတနေရာ၌လဲလျောင်းနေခဲ့ပါသေးတယ်။ Keanu ဟာ ရုပ်ရှင်တစ်ကားလျှင် အနည်းဆုံး ဒေါ်လာ သန်းပေါင်းများစွာ ရရှိသူဆိုပေမဲ့ “ငွေကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ ကျွန်တော့်ရဲ့ကြွယ်ဝမှုက လက်ရှိ ရာစုနှစ်ပေါင်းများစွာ အသက်ရှင်ဖို့အတွက်လုံလောက်နေပါပြီ၊ ပိုလိုအပ်တဲ့သူတွေနဲ့ ပိုက်ဆံတွေကို ပိုမျှဝေပေးလိုက်တာပါ” လို့ဆိုခဲ့ပါတယ်။

.

.

.

သူဟာ အလားအလာကောင်းတယ်လို့ယူဆရတဲ့ သရုပ်ဆောင်တွေကိုလည်း အပြည့်အဝပံ့ပိုးပေးတတ်သူပါဘဲ။ တကယ်တော့ Keanu ရဲ့ဘဝဟာ ထင်သလောက်စိတ်ချမ်းသာစရာမကောင်းနေခဲ့ပါဘူး။ Keanu ဟာ broken family မှာမွေးဖွားလာခဲ့သလို မိခင်ဖြစ်သူက အဖော်အချွတ်အကမယ်ဖြစ်ပြီး ဖခင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဖခင်ဖြစ်သူဟာ Keanu ကို မတွေ့ရတော့ပါဘူး။ 1999 ခုနှစ်မှာ သူ့ရဲ့ချစ်သူ Jennifer Syme ဟာ ကိုယ်ဝန်ရှိလာခဲ့ပေမဲ့လည်း ဖြစ်နိုင်သည်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် Jennifer ဟာ ကိုယ်ဝန် ၈ လကာလ၌ ကိုယ်ဝန်ပျက်ကျသွားခဲ့ပါတယ်။ ပိုဝမ်းနည်းစရာကောင်းတာက သူ့သားသေဆုံးပြီး မကြာခင်မှာပဲ Jennifer ဟာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပါတယ်။

.

.

.

ထိုအချိန်တွင် Keanu ဟာ “The Matrix Reloaded” ကိုရိုက်ကူးနေတန်းလန်းနဲ့ သတင်းဆိုးကိုကြားသိခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပင်၊ သူ့ညီမငယ်ဟာ သွေးကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြန်ပါတယ်။ ညီမဖြစ်သူအတွက်ကြောင့် Keanu ဟာ သူမအတွက် အကောင်းဆုံးကုသမှုကိုပေးခဲ့ပြီး သူ့ညီမ အကျဉ်းကျနေသည့်ဆေးရုံသို့ သူ့ရဲ့ ရုပ်ရှင်များမှငွေအများစုကိုလှူဒါန်းခဲ့သလို သူမနှင့်အတူ အချိန်များစွာ ကုန်ဆုံးပေးခဲ့ပါတယ်။ ယခုအခါ အသက် 57 နှစ်အရွယ် Keanu Reeves ဟာ သူသိပ်ကြိုက်တဲ့ Harley ကိုစီးရင်း သူနှစ်သက်သည့်အတိုင်း လွတ်လပ်စွာ နေထိုင်နေပါတယ်။

.

သူ့ရဲ့အေးမြတဲ့အသွင်အပြင်နဲ့ သူ့ရဲ့စိတ်အားထက်သန်တဲ့အပြောအဆိုတွေနဲ့ အပြုအမူတွေကြောင့် Keanu Reeves ဟာ ကမ္ဘာကြီးကို လှုံ့ဆော်ပေးခဲ့တာကြာပြီဖြစ်ပါတယ်။ Keanu ရဲ့ အမာခံပရိတ်သတ်များအနေနဲ့ လည်း အနာဂတ်မှာ တစ်ယောက်ယောက်က သူ့ရဲ့နှလုံးသားကို နွေးထွေးပေးနိုင်မယ်လို့မျှော်လင့်ဆုတောင်းပေးနေကြပါတယ်။ ဒါက မင်းသားကြီး Keanu Reeves ရဲ့ ဘဝခရီး အနည်းငယ်ပါပဲ။ ဟောလိဝုဒ်မှာ ထင်ရှားကျော်ကြားတဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်လာပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝက တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းပြီး အေးချမ်းလှပါတယ်ဗျာ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "Branded အဝတ်အစားများကိုမဝတ်သလို စံအိမ်၌လည်းမနေထိုင်ဘဲ သူ့ရဲ့ငွေများဖြင့် ဆင်းရဲနေသူများတွေသာ လှူဒါန်းပေးတဲ့ ဟောလိဝုဒ်မင်းသားကြီး"

Leave a comment

Your email address will not be published.


*