လမ်းဘေးခွေး Bobby ရဲ့အခက်အခဲကို စင်ကာပူရှိ ဒေသတွင်း လူမှုဖူလုံရေးအဖွဲ့ Chaned Dog Awareness မှ သောကြာနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ Facebook ပေါ် မျှဝေခဲ့ပါတယ် ။ Jeanne အမည်ရှိ လမ်းသွားလမ်းလာတစ်ဦးမှ လမ်းပေါ်မှာ ကူကယ်ရာမဲ့နေတဲ့ခွေးလေး လမ်းလျှောက်နေတာကို တွေ့ရှိခဲ့တာပါ ။
ကြင်နာသောအမျိုးသမီးက လူမှုဖူလုံရေးအဖွဲ့ကို သတိပေးခဲ့ပြီး ၎င်းတို့က ကိုင်တွယ်ဖြေရှင်းရန် ကယ်တင်ခဲ့လိုက်ပါတယ် ။ Bobby က လူမှုဖူလုံရေးအဖွဲ့ဆီ ရောက်လာတော့ ဝမ်းနည်းတဲ့ အနေအထားမှာ ရှိနေပါတယ် ။
ကံမကောင်းအကြောင်းမလှတဲ့ ခွေးလေးရဲ့ ခန္ဓာကိုယ်က အလွန်ပိန်လှီနေသဖြင့် ၎င်းရဲ့နံရိုးများကို ထင်ရှားစွာ မြင်တွေ့နေရပါတယ် ။ ရက်သတ္တပတ်အတော်ကြာအောင် အစာ မစားခဲ့ရပုံ ရပါတယ် ။
သူ့ရင်ဘတ်မှာလည်း အမွေးတွေ မရှိသလောက်ပင်ဖြစ်ပါတယ် ။ Jeanne က သူ့ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားခဲ့ပြီး သူ့ရဲ့ သွေးလည်ပတ်မှုဟာ ကောင်းမွန်လာပါတယ် ။ ဒါပေမဲ့ သူ့အခြေအနေအရ အပြည့်အဝကျန်းမာလာစေရန် ကြင်နာယုယစွာ ပြုစုစောင့်ရှောက်ရန် လိုအပ်သည်မှာ ထင်ရှားပါတယ် ။
ယခုအချိန်မှာတော့ လူမှုဖူလုံရေးအဖွဲ့တွေက Bobby အတွက် အချိန်ယူပြီး ကျန်းမာရေးပြန်ကောင်းစေရန်နဲ့ သူ့ဘဝမှာ တည်ငြိမ်မှုအချို့ကို ဖြည့်ဆည်းပေးလိုနာကြောင့် Bobby ,အတွက် မွေးစားသူတစ်ဦးကို ရှာဖွေနေပါတယ် ။
လက်ရှိမှာ Bobby က မွေးစားသူနဲ့အတူ ရှိနေကာ အလွန်လိမ္မာရေးခြား ရှိတာကို သတိပြုမိကြောင်း ၎င်းတို့က ဆက်ပြောပါတယ် ။
ကူကယ်ရာမဲ့ ခွေးလေးတစ်ကောင်ကို ဒီလိုညံ့ဖျင်းတဲ့ပုံစံနဲ့ တွေ့ရတာက တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါ ။ ဒါကြောင့် ကူရာမဲ့နေတဲ့ တိရစ္ဆာန်မျကို တွေ့တဲ့အခါ ကူညီပေးဖို့ ကျေးဇူးပြုပြီး တုံ့ဆိုင်းမနေပါနဲ့။
JRose (Mckzone daily)
Reference : mustsharenews
Be the first to comment on "အစာမစားရလို့ အလွန်ပိန်လှီပြီး အရေခွံနဲ့ နံရိုးများပေါ်ကာ လမ်းပေါ်မှာ အကူအညီမဲ့နေတဲ့ သနားခွေးလေး"