ဟိုတယ္အခန္းလဲေပးဖို႔ ျငင္းပယ္ခဲ့တဲ့ ဟိုတယ္ဝန္ထမ္းကို ႐ိုက္ႏွက္ႏွိပ္စက္အႏိုင္က်င့္ခဲ့ၾကတဲ့ ဧည့္သည္မ်ားရဲ႕(႐ုပ္သံ)

ဟိုတယ္ဝန္ထမ္းအမ်ိဳးသားတစ္ဦးကို ဟိုတယ္တြင္လာေရာက္တည္းခိုခဲ့တဲ့ဧည့္သည္မ်ားက အ႐ုပ္သဖြယ္႐ုိက္ႏွက္ႏွိပ္စက္ေနခဲ့တဲ့ ႐ုပ္သံဟာ social media အသံုးျပဳသူေတြအၾကားမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာေတာ့ အမဲေရာင္အက်ႌဝတ္ဆင္ထားတဲ့အမ်ိဳးသား နဲ႔ အနီေရာင္ဦးထုပ္ေဆာင္းထားခဲ့တဲ့ ဧည့္သည္အမ်ိဳးသားႏွစ္ေယာက္ဟာ အစပိုင္းမွာေတာ့ ဧည့္ႀကိဳဟိုတယ္ဝန္ထမ္းတစ္ဦးကို ႐ိုက္ႏွက္ေနခဲ့တာပါ ။ ထို႔ေနာက္ ဧည့္ႀကိဳဆိုလက္ခံရာေနရာသို႔ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ ဧည့္ႀကိဳေကာင္တာအတြင္းထဲထိဝင္ၿပီး ဟိုတယ္ဝန္ထမ္းကို ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့တဲ့အျပင္ ဟိုတယ္ပစၥည္းမ်ားႏွင့္သာ ပစ္ေပါက္႐ိုက္ႏွက္ခဲ့ပါေသးတယ္ ။

ဟိုတယ္ဝန္ထမ္းမွာေတာ့ ျပန္ၿပီးရန္ေတြ႔႐ိုက္ႏွက္ျခင္းမ်ိဳး မျပဳလုပ္ဘဲ ဧည့္သည္မ်ားကိုသာေတာင္းပန္ေနခဲ့တာပါ ။ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားခ်က္အရ အဆိုပါအျဖစ္အပ်က္ဟာ Bukit Bintang မွာ႐ွိတဲ့ ဟိုတယ္တစ္ခုမွာ မနက္ခင္း 4နာရီ အခ်ိန္ခန္႔က ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ဧည့္သည္မ်ားတည္းခိုေနတဲ့ ဟိုတယ္အခန္းဟာ အရက္ပုလင္းေတြနဲ႔ ႐ႈပ္ပြေနလို႔ ဧည့္သည္ကအခန္းလဲေပးဖို႔ေျပာေပမဲ့လည္း ဟိုတယ္ဝန္ထမ္းက သန္႔႐ွင္းေရးစရိတ္ေတြအတြက္ ေငြေပးေခ်ဖို႔ ေျပာဆိုခဲ့ေသာေၾကာင့္ ေငြေပးေခ်ဖို႔ျငင္းပယ္ခဲ့တဲ့ ဧည့္သည္မ်ားက ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ျခင္းေတြ စၿပီးျဖစ္လာခဲ့တာျဖစ္ပါတယ္ ။

ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ျခင္းက ျပသာနာကိုေျဖ႐ွင္းေပးမည္မဟုတ္တဲ့အျပင္ ၊ ယခုအခ်ိန္မွာေတာ့ မေလး႐ွားရဲတပ္ဖြဲ႔မွ အဆိုပါ CCTV မွတ္တမ္းတြင္ ပါဝင္ထားေသာ ဧည့္သည္အမ်ိဳးသားနွစ္ဦးကို ႐ွာေဖြဖမ္းဆီးဖို႔ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဟိုတယ်ဝန်ထမ်းအမျိုးသားတစ်ဦးကို ဟိုတယ်တွင်လာရောက်တည်းခိုခဲ့တဲ့ဧည့်သည်များက အရုပ်သဖွယ်ရိုက်နှက်နှိပ်စက်နေခဲ့တဲ့ ရုပ်သံဟာ social media အသုံးပြုသူတွေအကြားမှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ အမဲရောင်အင်္ကျီဝတ်ဆင်ထားတဲ့အမျိုးသား နဲ့ အနီရောင်ဦးထုပ်ဆောင်းထားခဲ့တဲ့ ဧည့်သည်အမျိုးသားနှစ်ယောက်ဟာ အစပိုင်းမှာတော့ ဧည့်ကြိုဟိုတယ်ဝန်ထမ်းတစ်ဦးကို ရိုက်နှက်နေခဲ့တာပါ ။ ထို့နောက် ဧည့်ကြိုဆိုလက်ခံရာနေရာသို့ရောက်ရှိလာခဲ့ချိန်မှာတော့ ဧည့်ကြိုကောင်တာအတွင်းထဲထိဝင်ပြီး ဟိုတယ်ဝန်ထမ်းကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တဲ့အပြင် ဟိုတယ်ပစ္စည်းများနှင့်သာ ပစ်ပေါက်ရိုက်နှက်ခဲ့ပါသေးတယ် ။

ဟိုတယ်ဝန်ထမ်းမှာတော့ ပြန်ပြီးရန်တွေ့ရိုက်နှက်ခြင်းမျိုး မပြုလုပ်ဘဲ ဧည့်သည်များကိုသာတောင်းပန်နေခဲ့တာပါ ။ Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ အဆိုပါအဖြစ်အပျက်ဟာ Bukit Bintang မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ မနက်ခင်း 4နာရီ အချိန်ခန့်က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ဧည့်သည်များတည်းခိုနေတဲ့ ဟိုတယ်အခန်းဟာ အရက်ပုလင်းတွေနဲ့ ရှုပ်ပွနေလို့ ဧည့်သည်ကအခန်းလဲပေးဖို့ပြောပေမဲ့လည်း ဟိုတယ်ဝန်ထမ်းက သန့်ရှင်းရေးစရိတ်တွေအတွက် ငွေပေးချေဖို့ ပြောဆိုခဲ့သောကြောင့် ငွေပေးချေဖို့ငြင်းပယ်ခဲ့တဲ့ ဧည့်သည်များက ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းတွေ စပြီးဖြစ်လာခဲ့တာဖြစ်ပါတယ် ။

ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းက ပြသာနာကိုဖြေရှင်းပေးမည်မဟုတ်တဲ့အပြင် ၊ ယခုအချိန်မှာတော့ မလေးရှားရဲတပ်ဖွဲ့မှ အဆိုပါ CCTV မှတ်တမ်းတွင် ပါဝင်ထားသော ဧည့်သည်အမျိုးသားနှစ်ဦးကို ရှာဖွေဖမ်းဆီးဖို့ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment