လူတိုင္း တစ္ခါတေလ ခက္ခဲသလိုခံစားလာရတဲ့အခါ ျမန္ျမန္လက္ေလွ်ာ့ပစ္ဖို႔က လြယ္ကူေပမယ့္ ဒီမသန္စြမ္းသူအမ်ိဳးသားအတြက္ကေတာ့ လက္ေလွ်ာ့လိုက္ဖို႔က သူ႔ရဲ႕ေ႐ြးခ်ယ္စရာမဟုတ္ေနခဲ့ပါဘူး။ လက္ႏွစ္ဖက္မရွိဘဲေမြးဖြားလာတဲ့ ဒီစိတ္အားထက္သန္တဲ့အမ်ိဳးသားတစ္ဦးဟာ မိမိမသန္မစြမ္းျဖစ္ေနတာေၾကာင့္ဘဲ မိမိဘဝကို ၿပီးျပည့္စုံစြာ မေနထိုင္ႏိုင္ရန္တားျမစ္ပိတ္ပင္ျခင္းမ်ိဳးမလုပ္ခဲ့ပါဘူး။ အျခားသာမန္လူမ်ားကဲ့သို႔ လက္႐ုံးရည္မရွိေပမဲ့လည္း ဒီမသန္စြမ္းအမ်ိဳးသားတစ္ဦးဟာ သူ႔လယ္ေျမမွထြက္ရွိတဲ့ သူကိုယ္တိုင္စိုက္ပ်ိဳးထားတဲ့အာလူးမ်ားကိုေရာင္းခ်ျခင္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ပါတယ္။ လယ္ယာလုပ္ငန္းက ခက္ခဲတဲ့အလုပ္ျဖစ္ေနေပမဲ့လည္း ဒီအမ်ိဳးသားဟာ သူ႔ေျခေထာက္ျဖင့္ ေပါက္ျပားကိုကိုင္ၿပီး၊ ေျမဆီလႊာကိုတူးေပါက္ျခင္းအပါအဝင္ ပစၥည္းသယ္ေဆာင္ရာတြင္လည္း ျခင္းေတာင္းကို သြားမ်ားျဖင့္ ကိုက္ခ်ီသယ္ေဆာင္သလို သူဟာ မရွိမျဖစ္လိုအပ္တဲ့လယ္ယာလုပ္ငန္းတာဝန္မ်ားကို ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ႏိုင္ပါတယ္။ ဒီအမ်ိဳးသားဟာ သူ႔ေျခေထာက္မ်ားကိုအသုံးျပဳၿပီး လယ္ယာလုပ္ငန္းခြင္အမ်ားစုကိုျပဳလုပ္ႏိုင္တဲ့အျပင္ အစားအေသာက္ဟင္းလ်ာနဲ႔ ပတ္သက္လာရင္လည္း အထူးကြၽမ္းက်င္သူတစ္ဦးျဖစ္ပါတယ္။
ဗီဒီယို႐ိုက္ခ်က္တစ္ခုမွာေတာ့ ဒီအမ်ိဳးသားက အာလူးအေရခြံမ်ားကို ထိေရာက္စြာ အခြံခြါႏိုင္ၿပီး လွပတဲ့အားလူးတုံးမ်ားျဖစ္ေအာင္ လွီးျဖတ္ႏိုင္တာကိုေတြ႕ခဲ့ရပါတယ္။ သူ႔မွာ တျခားသူေတြလိုလက္မပါလာခဲ့ေပမယ့္လည္း အလုပ္ႀကိဳးစားတဲ့ဒီအမ်ိဳးသားကေတာ့ ဘဝကို လြယ္လြယ္နဲ႔ လုံးဝအရႈံးမေပးခဲ့ပါဘူး။ အဆိုပါအမ်ိဳးသားရဲ႕အရာရာကို အေကာင္းျမင္တတ္တဲ့စိတ္ထားက ကြၽန္ေတာ္တို႔အားလုံး သူ႔ဆီကေန လုံးဝသင္ယူသင့္တဲ့အရာပါဘဲဗ်ာ။
Mia (Mckzone daily)
Reference : gtgoodtimes
Unicode
လူတိုင်း တစ်ခါတလေ ခက်ခဲသလိုခံစားလာရတဲ့အခါ မြန်မြန်လက်လျှော့ပစ်ဖို့က လွယ်ကူပေမယ့် ဒီမသန်စွမ်းသူအမျိုးသားအတွက်ကတော့ လက်လျှော့လိုက်ဖို့က သူ့ရဲ့ရွေးချယ်စရာမဟုတ်နေခဲ့ပါဘူး။ လက်နှစ်ဖက်မရှိဘဲမွေးဖွားလာတဲ့ ဒီစိတ်အားထက်သန်တဲ့အမျိုးသားတစ်ဦးဟာ မိမိမသန်မစွမ်းဖြစ်နေတာကြောင့်ဘဲ မိမိဘဝကို ပြီးပြည့်စုံစွာ မနေထိုင်နိုင်ရန်တားမြစ်ပိတ်ပင်ခြင်းမျိုးမလုပ်ခဲ့ပါဘူး။ အခြားသာမန်လူများကဲ့သို့ လက်ရုံးရည်မရှိပေမဲ့လည်း ဒီမသန်စွမ်းအမျိုးသားတစ်ဦးဟာ သူ့လယ်မြေမှထွက်ရှိတဲ့ သူကိုယ်တိုင်စိုက်ပျိုးထားတဲ့အာလူးများကိုရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ လယ်ယာလုပ်ငန်းက ခက်ခဲတဲ့အလုပ်ဖြစ်နေပေမဲ့လည်း ဒီအမျိုးသားဟာ သူ့ခြေထောက်ဖြင့် ပေါက်ပြားကိုကိုင်ပြီး၊ မြေဆီလွှာကိုတူးပေါက်ခြင်းအပါအဝင် ပစ္စည်းသယ်ဆောင်ရာတွင်လည်း ခြင်းတောင်းကို သွားများဖြင့် ကိုက်ချီသယ်ဆောင်သလို သူဟာ မရှိမဖြစ်လိုအပ်တဲ့လယ်ယာလုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒီအမျိုးသားဟာ သူ့ခြေထောက်များကိုအသုံးပြုပြီး လယ်ယာလုပ်ငန်းခွင်အများစုကိုပြုလုပ်နိုင်တဲ့အပြင် အစားအသောက်ဟင်းလျာနဲ့ ပတ်သက်လာရင်လည်း အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။
ဗီဒီယိုရိုက်ချက်တစ်ခုမှာတော့ ဒီအမျိုးသားက အာလူးအရေခွံများကို ထိရောက်စွာ အခွံခွါနိုင်ပြီး လှပတဲ့အားလူးတုံးများဖြစ်အောင် လှီးဖြတ်နိုင်တာကိုတွေ့ခဲ့ရပါတယ်။ သူ့မှာ တခြားသူတွေလိုလက်မပါလာခဲ့ပေမယ့်လည်း အလုပ်ကြိုးစားတဲ့ဒီအမျိုးသားကတော့ ဘဝကို လွယ်လွယ်နဲ့ လုံးဝအရှုံးမပေးခဲ့ပါဘူး။ အဆိုပါအမျိုးသားရဲ့အရာရာကို အကောင်းမြင်တတ်တဲ့စိတ်ထားက ကျွန်တော်တို့အားလုံး သူ့ဆီကနေ လုံးဝသင်ယူသင့်တဲ့အရာပါဘဲဗျာ။
Mia (Mckzone daily)
Be the first to comment on "လယ္ယာေျမမ်ားကို ကိုယ္တိုင္ၾကည့္ၾကပ္စိုက္ပ်ိဳးကာ ဘယ္အရာကမွ မျဖစ္ႏိုင္ဘူးဆိုတာမ်ိဳး မရွိေၾကာင္းကို သက္ေသျပခဲ့တဲ့ မသန္စြမ္းသူအမ်ိဳးသား"