ဇနီးကြယ္လြန္သြားတာ 4 ႏွစ္ရွိၿပီဆိုေပမဲ့ အတူတူထိုင္ေနၾကျဖစ္တဲ့ စားေသာက္ဆိုင္ကိုသြားတိုင္း ဇနီးရဲ႕ဓာတ္ပုံကိုပါ ယူေဆာင္သြားေလ့ရွိတဲ့ အဘိုးအို

မစၥတာ Pruvis နဲ႔ မစၥစ္ Carolyn တို႔စုံတြဲႏွစ္ေယာက္ဟာ လက္ထပ္ၿပီး ႏွစ္ ၆၀ ၾကာ ေပ်ာ္႐ႊင္စြာ အတူေနထိုင္ခဲ့ၾကပါတယ္ ။ အိမ္ေထာင္က်ၿပီးေနာက္ အဘိုးအဘြားႏွစ္ဦးက ေမာ္ေတာ္ကားျပဳျပင္ေရးဆိုင္ကို အတူတကြဖြင့္လွစ္ကာ အျခားစုံတြဲမ်ားကဲ့သို႔ပင္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ၾကင္စဦးဘဝကို ျဖတ္သန္းခဲ့ပါတယ္ ။ ေန႔တိုင္း အဘိုးအဘြားႏွစ္ေယာက္ သူတို႔အိမ္နားက စတိုးဆိုင္မွာ အတူတူ ထမင္းသြားစားေလ့ရွိၿပီး ႏွစ္ေယာက္သား တီးတိုးစကားေျပာကာ နာရီေပါင္းမ်ားစြာ ထိုင္ေလ့ရွိၾကပါတယ္ ။ ဒါေပမဲ့ ဇနီးျဖစ္သူ Carolyn ကြယ္လြန္သြားတဲါအခါ ထိုေပ်ာ္႐ႊင္မႈေလးက ၿပီးဆုံးသြားခဲ့ပါတယ္ ။

သူ႔ဇနီး ဆုံးပါးသြားၿပီးေနာက္ မစၥတာ Pruvis ဟာ ဇနီးရွိခ်ိန္က တူတူသြားခဲ့တဲ့ စားေသာက္ဆိုင္မွာ သူမရဲ႕ဓာတ္ပုံကို ေန႔တိုင္း ယူေဆာင္လာၿပီး အတူတူ စားေသာက္ခဲ့ၾကပါတယ္ ။ ဇနီးျဖစ္သူရဲ႕ အၿပဳံးကို ဓာတ္ပုံမ်ားမွတစ္ဆင့္ ျမင္ေတြ႕ရတာက ေရွးယခင္ကလိုပင္ ေပ်ာ္႐ႊင္မႈကို ခံစားရေစတယ္လို႔ မစၥတာ Pruvis က ဆိုပါတယ္ ။ မစၥတာ Pruvis က သူ႔ဇနီးက ဒီကိုလာရတာ သေဘာက်ေၾကာင္း ျပန္ေျပာျပခဲ့ပါတယ္ ။ ထို႔ေနာက္ မစၥတာ Pruvis က ဇနီးကိုလြမ္းတိုင္း သူမရဲ႕ အုတ္ဂူဆီ ကားေမာင္းသြားၿပီး တစ္ေန႔ကို ေလးႀကိမ္ေလာက္သြားပါတယ္ ။

သူ႔အတြက္ Carolyn ရဲ႕ ေနာက္ဆုံးအနားယူရာေနရာကို ေရာက္ရွိလာျခင္းက သူ႔ဘဝရဲ႕က်န္ရွိတဲါ အေရးႀကီးဆုံးအလုပ္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္ ။ ယေန႔အခ်ိန္အထိ မစၥတာ Pruvis က မစၥစ္ Carolyn ရဲ႕ ဓါတ္ပုံတစ္ပုံကို သူ႔တို႔ရဲ႕ ႏွစ္သက္ဖြယ္အမွတ္တရမ်ားျဖင့္ ျပည့္ႏွက္ေနတဲ့ စားေသာက္ဆိုင္ကို ေန႔စဥ္ ယူေဆာင္ေနဆဲျဖစ္ပါတယ္ ။ “ငါတို႔ႏွစ္ေယာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကေတာ့ ငါသာအရင္ဆုံးသြားခဲ့မယ္ဆိုရင္ သူမလည္း ဒီလိုပဲ လုပ္လိမ့္မယ္လို႔ ငါယုံၾကည္တယ္။” ဆိုၿပီး မစၥတာ Pruvis ကေျပာပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

မစ္စတာ Pruvis နဲ့ မစ္စစ် Carolyn တို့စုံတွဲနှစ်ယောက်ဟာ လက်ထပ်ပြီး နှစ် ၆၀ ကြာ ပျော်ရွှင်စွာ အတူနေထိုင်ခဲ့ကြပါတယ် ။ အိမ်ထောင်ကျပြီးနောက် အဘိုးအဘွားနှစ်ဦးက မော်တော်ကားပြုပြင်ရေးဆိုင်ကို အတူတကွဖွင့်လှစ်ကာ အခြားစုံတွဲများကဲ့သို့ပင် ပျော်ရွှင်စရာကောင်းတဲ့ ကြင်စဦးဘဝကို ဖြတ်သန်းခဲ့ပါတယ် ။ နေ့တိုင်း အဘိုးအဘွားနှစ်ယောက် သူတို့အိမ်နားက စတိုးဆိုင်မှာ အတူတူ ထမင်းသွားစားလေ့ရှိပြီး နှစ်ယောက်သား တီးတိုးစကားပြောကာ နာရီပေါင်းများစွာ ထိုင်လေ့ရှိကြပါတယ် ။ ဒါပေမဲ့ ဇနီးဖြစ်သူ Carolyn ကွယ်လွန်သွားတဲါအခါ ထိုပျော်ရွှင်မှုလေးက ပြီးဆုံးသွားခဲ့ပါတယ် ။

သူ့ဇနီး ဆုံးပါးသွားပြီးနောက် မစ္စတာ Pruvis ဟာ ဇနီးရှိချိန်က တူတူသွားခဲ့တဲ့ စားသောက်ဆိုင်မှာ သူမရဲ့ဓာတ်ပုံကို နေ့တိုင်း ယူဆောင်လာပြီး အတူတူ စားသောက်ခဲ့ကြပါတယ် ။ ဇနီးဖြစ်သူရဲ့ အပြုံးကို ဓာတ်ပုံများမှတစ်ဆင့် မြင်တွေ့ရတာက ရှေးယခင်ကလိုပင် ပျော်ရွှင်မှုကို ခံစားရစေတယ်လို့ မစ္စတာ Pruvis က ဆိုပါတယ် ။ မစ္စတာ Pruvis က သူ့ဇနီးက ဒီကိုလာရတာ သဘောကျကြောင်း ပြန်ပြောပြခဲ့ပါတယ် ။ ထို့နောက် မစ္စတာ Pruvis က ဇနီးကိုလွမ်းတိုင်း သူမရဲ့ အုတ်ဂူဆီ ကားမောင်းသွားပြီး တစ်နေ့ကို လေးကြိမ်လောက်သွားပါတယ် ။

သူ့အတွက် Carolyn ရဲ့ နောက်ဆုံးအနားယူရာနေရာကို ရောက်ရှိလာခြင်းက သူ့ဘဝရဲ့ကျန်ရှိတဲါ အရေးကြီးဆုံးအလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ယနေ့အချိန်အထိ မစ္စတာ Pruvis က မစ္စစ် Carolyn ရဲ့ ဓါတ်ပုံတစ်ပုံကို သူ့တို့ရဲ့ နှစ်သက်ဖွယ်အမှတ်တရများဖြင့် ပြည့်နှက်နေတဲ့ စားသောက်ဆိုင်ကို နေ့စဉ် ယူဆောင်နေဆဲဖြစ်ပါတယ် ။ “ငါတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတော့ ငါသာအရင်ဆုံးသွားခဲ့မယ်ဆိုရင် သူမလည်း ဒီလိုပဲ လုပ်လိမ့်မယ်လို့ ငါယုံကြည်တယ်။” ဆိုပြီး မစ္စတာ Pruvis ကပြောပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဇနီးကြယ္လြန္သြားတာ 4 ႏွစ္ရွိၿပီဆိုေပမဲ့ အတူတူထိုင္ေနၾကျဖစ္တဲ့ စားေသာက္ဆိုင္ကိုသြားတိုင္း ဇနီးရဲ႕ဓာတ္ပုံကိုပါ ယူေဆာင္သြားေလ့ရွိတဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*