မြန်မာနိုင်ငံမှာ ငပိရည်ကျိုဟာ ထမင်းမြိန်စေပြီး ရိုးရာအစာအစားတစ်ခုဖြစ်သလို အခြားနိုင်ငံအသီးသီး၌လည်း ၎င်းတို့ရဲ့ရိုးရာအရ နိုင်ငံကိုယ်စားပြုတဲ့ အစားအသောက်အမျိုးမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့တွေ လက်ဖက်ရည်ဆိုင်ကြီးတွေမှာ ထိုင်တဲ့အခါ လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးလေ့ရှိတဲ့ဖက်ထုပ်ကို ပန်းကန်သေးသေး နှင့် အခြားသရေစာဟင်းလျာတွေဖြင့် ပြုလုပ်ထားတဲ့ တရုတ် ရိုးရာ အစားအစာဖြစ်တဲ့ ဒင်ဆမ်း( dim sum ) ကို တခါတလေမှာစားတတ်ကြမှာပါ။ ဒင်ဆမ်း ဆိုတဲ့ ၎င်းအစားအစာဟာ ဂွမ်ဒေါင်း၊ တရုတ် သို့မဟုတ် ဟောင်ကောင်တို့မှာ အမှန်တကယ် စတင်ခဲ့တယ်လို့ သိရပါတယ်။
.
ဒါ့ကြောင့် မကြာသေးမီက ဟောင်ကောင်ကိုယ်စားပြု အလှမယ် Miss Grand 2021 Sen Yang ဟာ သူမတို့ရဲ့ National Costume အတွက် ဒင်ဆမ်းနဲ့ ဒင်ဆမ်းဖြည့်ထားတဲ့ဝါးမီးဖိုလိုဝတ်ဆင်ပြီး စင်ပေါ်တက်လာတာကလည်း တရုတ်လူမျိုးတွေအတွက် အဆန်းမဟုတ်နေပါဘူး။
.
အဆိုပါ Miss Grand Hong Kong ဟာ အစပိုင်းမှာတော့ လက်ထဲမှာ ဓားရှည်တွေကိုင်ဆောင်ကာ စင်မြင့်ပေါ်ကို ဖြတ်လျှောက်လာခဲ့ပြီး စင်မြင့်ရဲ့အလယ်မှာ ရပ်လိုက်တာနဲ့ သူမဟာ ခေတ္တရပ်ပြီး ကိုယ်ပေါ်ပါလာတဲ့ ဒင်ဆမ်းနှစ်ခုကို တစ်ကိုက်စီကိုက်လိုက်ပြီး နောက်ပိုင်းမှာ သူမဟာ သူမရဲ့ တူချောင်းကို ထပ်မံအသုံးပြုကာ စောနကကိုက်လိုက်တဲ့ ဒင်ဆမ်းကိုကိုက်စားပြရင်း စားကောင်းကြောင်းကို အလွန်ချစ်စရာကောင်းတဲ့ မျက်နှာအနေအထားဖြင့်လည်း သရုပ်ဖော်ပြခဲ့ပါတယ်။ ထို့နောက် သူမဟာ har gow (ပုဇွန်ဖက်ထုပ်) ကိုလှမ်းယူပြီး အတည်ပေါက်ကြီး နောက်တစ်လုတ်ထပ်စားပြခဲ့ပြန်ပါတယ်။
.
ထုံးစံအတိုင်း အင်တာနက်အသုံးပြုသူတွေကတော့ သူမရဲ့ဝတ်စုံနဲ့ စင်ပေါ်မှာပြသတဲ့ သူမရဲ့ mini mukbang ကိုကြည့်ရှုရင်း သဘောကျနေခဲ့ကြပါတယ်။
၎င်းတို့ထဲမှ Miss Grand Malaysia 2021 အလှမယ် Lishalliny Kanaran ရဲ့ မလေးရှားနိုင်ငံ Terengganu ပြည်နယ်မှ ကျေးလက်သီချင်းနှင့် အကများကို သရုပ်ဖော်ထားသည့် မယုံနိုင်စရာကောင်းတဲ့ ‘7 Ancient Princesses of Ulek Mayang’ ဝတ်စုံကလည်း အတော်လေး နာမည်ကြီးသွားခဲ့ပြီး ၎င်း 50 kg လေးတဲ့ဝတ်စုံဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သို့ပေမဲ့ Miss Grand 2021 ဆုရှင်ကတော့ ဗီယက်နမ်ကိုယ်စားပြုအလှမယ် Nguyen Thuc Thuy Tien ကဆွတ်ခူးရရှိသွားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : worldofbuzz
Be the first to comment on "ဒင်မ်ဆမ်းပုံစံဝတ်ဆင်ကာ စင်မြင့်ပေါ်မှာ အမှန်တကယ်စားသောက်ပြခဲ့လို့ လူအများကို ရယ်မောသွားစေခဲ့တဲ့ 2021 Miss Grand ဟောင်ကောင်ကိုယ်စားပြုအလှမယ်"