Liu Xinhong အမည်ရှိကောင်လေးဟာ အသက် 20 နှစ်သာရှိသေးပေမဲ့လည်း သူ့ရဲ့နေမကောင်းတဲ့မိခင်ဖြစ်သူက သူမရဲ့ parotid ကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူနေသည့် ဆေးရုံရဲ့အခန်းနှင့် မစိမ်းကားနေတော့ပါဘူး။ ထိုင်ဝမ်နိုင်ငံ၊ Yulin ကောင်တီမှာ တက္ကသိုလ်ပထမနှစ်စတက်ခဲ့တဲ့တစ်နှစ်တုန်းက Liu ရဲ့ဘဝဟာ ယခုနှင့်လုံးဝခြားနားနေခဲ့ပါတယ်။ သို့ပေမဲ့လည်း ယမန်နှစ်လယ်ပိုင်းလောက်က မိခင်ဖြစ်သူရဲ့ ကင်ဆာရောဂါဟာ သူမရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများကို ပျံ့နှံ့သွားပြီဖြစ်ကြောင်း သိလိုက်ရတဲ့အခါ Liu Xinhong ဟာ ထိုအချိန်မှာ အကောင်းဆုံးလို့သူထင်တဲ့အရာကို ဆုံးဖြတ်ချက်ချကာပြုလုပ်ခဲ့ပါတယ်။ ထို့နောက် Liu ဟာ တက်နေရင်းတန်းလန်းနဲ့တက္ကသိုလ်မှထွက်ခဲ့ပြီး ဆေးရုံတွင် အချိန်ပြည့် နာမကျန်းဖြစ်နေတဲ့မိခင်ကို ပြုစုစောင့်ရှောက်ခဲ့ပါနတယ်။
သူ့အဆိုအရ သူဟာ အချိန်မရွေး ဆက်လက်ပညာပြန်သင်ကြားနိုင်ပေမဲ့လည်း မိခင်ဖြစ်သူမှာ အချိန်အကြာကြီး နေနိုင်တော့မှာမဟုတ်လို့ အနားမှာ အမြဲအတူရှိပေးချင်ကြောင်းဆိုခဲ့ပါတယ်။ ယခုအခါ Lin ဟာ မိခင်ဖြစ်သူ ဆေးကုသမှုခံယူနေသည့်ဆေးရုံရဲ့ဆုတောင်းခန်းသို့ ပုံမှန်ရောက်ရှိနေပါတယ်။ Liu အတွက် သူ့မိခင်ကိုပြုစုစောင့်ရှောက်ရန် အချိန်တစ်ခုကြာအောင် သူ့ကျောင်းတက်ခြင်းကို ရွှေ့ဆိုင်းရန် သူ့ရွေးချယ်မှုကိုဘယ်တော့မှ နောင်တမရခဲ့ဘဲ ၎င်းအတွက် ခိုင်လုံတဲ့အကြောင်းပြချက်ရှိနေပါတယ်။
“အမေက ကျနော့်ကို ပြုစုပျိုးထောင်ဖို့ အချိန်အများကြီးပေးပြီး ကြိုးစားခဲ့တယ်၊ သူက ကျနော့်ကို အိမ်စာနဲ့ တခြားအရာတွေ အများကြီးကူညီပေးခဲ့ပေမဲ့ သူ့နဲ့ အချိန်အများကြီးမဖြုန်းပေးနိုင်ခဲ့ဘူး၊ ဒါ ကျနော်တို့ရဲ့ နောက်ဆုံး အမေများနေ့ဖြစ်နိုင်တယ်” ဟု Lin က မျက်ရည်များဖြင့်ပြည့်နှက်နေတဲ့မျက်လုံးများဖြင့်ပြောကြားခဲ့ပါတယ်။
ထို့ပြင် Lin က ဖေ့စ်ဘုတ်ခ်မှာ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို ချစ်တဲ့စိတ်နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ “ကျနော့်ကို ဒီကမ္ဘာထဲကို ခေါ်ဆောင်လာပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်၊ အခုတော့ အမေ့ကိုပြုစုစောင့်ရှောက်ဖို့ လိုအပ်နေပြီး သားတစ်ယောက်အနေနဲ့ ဒီအခန်းကဏ္ဍကိုတာဝန်ယူဖို့ သားမှာ အပြည့်အဝတာဝန်ရှိတယ်၊ လူတိုင်းက တစ်နေ့ သေခြင်းတရားကို ရင်ဆိုင်ရမှာဘဲ၊ ဒါဟာ ရှောင်လွှဲလို့မရတဲ့အရာပါဘဲ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။
“လူတစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ အဖော်ပြုပေးခြင်းက အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ မလွှဲမရှောင်သာတဲ့ရလဒ်ကိုရင်ဆိုင်ရရင် နောင်တတွေကိုစွန့်ပစ်ပြီး ချစ်ရသူတွေကို နှုတ်ဆက်ပြီး ကောင်းချီးပေးဖို့ သင်ယူချင်ပါတယ်၊ ဒါဟာ ဝမ်းနည်းနေတာထက်စာရင် ပိုမကောင်းဘူးလားဗျာ။ ” ဟုလည်း Lin က ပြောကြားခဲ့ပါတယ်။
စိတ်အားထက်သန်တဲ့သားတစ်ယောက်အနေဖြင့် Liu ဟာ သူ့မိခင်အတွက် ဆုတောင်းပေးရန် ဘယ်သောအခါမှမမေ့ဘဲ နေ့တိုင်းသူမရဲ့နာကျင်မှုကိုသက်သာစေရန် ဆုတောင်းပေးနေခဲ့ပါတယ်။ သူ့မှာ ကံဆိုးမိုးမှောင်ကျတဲ့အခြေအနေမှာရှိနေပေမဲ့ Liu က သူ့ကိုအားပေးတဲ့ တခြားမိသားစုဝင်တွေရှိနေလို့ ပျော်ရွှင်နေပါတယ်။ Liu ၏ညီဖြစ်သူကလည်း ကျောင်းဆင်းတဲ့အခါ ဆေးရုံသို့သွားပြီး သူ့ကို အဖော်ပြုကူညီပေးပါတယ်။
ဖခင်ဖြစ်သူကတော့ မိခင်ရဲ့ဆေးကုသစရိတ်များအတွက် ၎င်းတို့ရဲ့ဆိုင်ကို စီမံနေရတာကြောင့် ဆေးရုံကို သိပ်မသွားနိုင်ပေမယ့် သူနဲ့သူ့ဇနီးကိုအမြဲချစ်ခင်ကြင်နာတတ်တဲ့ Liu Xinhong လို သားတစ်ယောက်ရှိတာကို ကျေးဇူးတင်နေခဲ့ပြီး သားကြီးဖြစ်သူကိုလည်း ” သား၊ မင်းအတွက် ငါအမြဲဂုဏ်ယူပါတယ်” လို့ အမြဲ ပြောနေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ကင်ဆာရောဂါခံစားနေရတဲ့မိခင်ဖြစ်သူအား အချိန်ပြည့်ပြုစုစောင့်ရှောက်နိုင်ရန်အတွက် ကောလိပ်မှထွက်ခဲ့တဲ့ အသက် ၂၀ အရွယ်ကောင်လေး"