စတိုင်ကျကျနေရတာကို နှစ်သက်ပြီး ခြေထောက်၂ချောင်းနဲ့ လူသားလိုပင် လမ်းလျှောက်တက်တဲ့ အထူးခြားဆုံးခွေးလေး

ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့ ခွေးလေးရဲ့ ပုံကြောင့် လူများစွာကို စွဲလန်းစေခဲ့ပါတယ် ။ အဆိုပါခွေးလေးဟာ အလွန်ထူးခြားတဲ့ စွမ်းရည်ရှိပြီး လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ Su Xi Xon ဆိုတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပါတယ် ။ Su Xi Xon ရဲ့သခင်က Mr. Thang ဖြစ်ပြီး Su ကို မွေးမြူထားတာ ၃ နှစ်ရှိပါပြီ ။ Su က အလွန်ဉာဏ်ကောင်းတာကို သူသတိပြုမိတာကြောင့် သခင်က Su ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူများစွာကို သင်ကြားပေးခဲ့တာပါ ။ အခုဆို Su က ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်တယ်၊ လူတွေ ပြောတာကို အများစု နားလည်လာနိုင်ပါတယ် ။ Su ရဲ့ သခင်က Su ကိုမွေးစားစဉ်မှာ အလွန်အားနည်းနေသေးကြောင်း၊ လဲလျောင်းလုနီးပါးဖြစ်ကာ ရောဂါများစွာကို တစ်ပြိုင်တည်းခံစားနေရကြောင်း Su ရဲ့သခင်ပြောပြချက်အရသိရပါတယ် ။

.

Su ကို သုံးလနီးပါး ဆေးကုသမှု ခံယူခဲ့ရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး အခုထိ Su ဟာ တခြားခွေးတွေလို ပိုကျန်းမာပြီး ရိုင်းစိုင်းလာပါပြီ ။ အထူးသဖြင့် Su က အလွန်ထက်မြက်ပြီး၊ သခင်ရဲ့ ပြောစကားကိုလည်း နာခံမှုရှိလာခဲ့ပါတယ် ။

.

မိသားစုထဲမှာ လူတိုင်းက Su ကို သူတို့ရဲ့ ဆွေမျိုးလို့ မှတ်ယူထားတယ်လို့ Mr. Thang က ပြောပါတယ် ။ ချစ်စရာကောင်းတဲ့ ဒီခွေးလေးကို လူတိုင်းက ချစ်ကြပါပြီး သူ့အမေကလည်း အဝတ်အစားမျိုးစုံနဲ့ သူ့ကိုယ်ပိုင်ဗီရိုကို ဒီဇိုင်းထုတ်တာမို့ Su ကို ဗီယက်နမ်မှာ စတိုင်ကျဆုံးခွေးလို့ မကြာခဏ ခေါ်ဝေါ်ကြပါတယ် ။

.

Su က နေ့တိုင်း အမျိုးမျိုးသောအဝတ်အစားများကို ၀တ်ဆင်နိုင်သလို အသုံးအဆောင်ပစ္စည်းများကိုလည်း အပြည့်အဝအသုံးပြုခွင့်ရခဲ့ပါတယ် ။ ထို့ကြောင် Su က အပြင်ထွက်တာနဲ့ လူတွေ အားလုံးရဲ့ မျက်လုံးများက Su ဆီဘဲ ရောက်သွားကြပါတယ် ။

.

ခွေးသခင်ကတော့ အဆိုပါ အထူးခွေးရုပ်ပုံများကို တင်ရန် Facebook နဲ့ Youtube ချန်နယ်များကို ထူထောင်ထားပါတယ် ။ သူ့အမေက ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေဝတ်တဲ့အခါ ခေတ်မီတဲ့ပုံတွေ၊ မျှဝေထားတဲ့ ကလစ်နဲ့ ပုံတိုင်းဟာ ဒီချစ်စရာကောင်းတဲ့ ခွေးလေးကို စိတ်ဝင်စားပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသသူ အများအပြားရှိပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "စတိုင်ကျကျနေရတာကို နှစ်သက်ပြီး ခြေထောက်၂ချောင်းနဲ့ လူသားလိုပင် လမ်းလျှောက်တက်တဲ့ အထူးခြားဆုံးခွေးလေး"

Leave a comment

Your email address will not be published.


*