မကြာသေးမီက အသက် ၆၁ အရွယ်ဖခင်တစ်ဦးဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သမီးဖြစ်သူက အိမ်ပြန်ရောက်လာခဲ့ပြီးနောက် သူ့ရဲ့မွေးနေ့ဆုတောင်းပြည့်သွားတဲ့အခါ စိတ်မထိန်းနိုင်ဘဲ လွမ်းတဲ့စိတ်နဲ့ငိုကြွေးသွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သားသမီးတွေရှိတဲ့မိဘတိုင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေရပြီးနောက် ၎င်းတို့ကိုပြန်တွေ့ရတဲ့ ကြည်နူးစရာကောင်းတဲ့စိတ်ခံစားချက်ကို ကောင်းကောင်းသိထားကြပါတယ်။ Roy Parilla အမည်ရှိအဆိုပါဖခင်ဖြစ်သူဟာ ဒူဘိုင်းတွင် ပြည်ပလုပ်သားအဖြစ်အလုပ်လုပ်နေတဲ့ သူ့ရဲ့ သမီးဖြစ်သူ Riza ကို လူချင်းမတွေ့ရတာကြာတော့ အချိန်အကြာကြီးလွမ်းနေခဲ့ပါတယ်။ သမီးဖြစ်သူ Riza ကလည်း ကူးစက်ရောဂါ၏ကန့်သတ်ချက်များကြောင့် ဖိလစ်ပိုင်သို့ မပြန်လာရသည်မှာ သုံးနှစ်ကျော်ပြီဖြစ်ပါတယ်။ ထို့ကြောင့် သူ့မွေးနေ့မှာ ဖခင် Roy ရဲ့ဆန္ဒကလည်း သူ့သမီးလေးနဲ့အတူ တစ်ဖန် အတူရှိနေနိုင်ဖို့ပါပဲ။
ထို့ကြောင့် တစ်ယောက်ကို တစ်ယောက်တွေ့ရဖို့ နောက်ထပ်တစ်နှစ်ကိုမစောင့်နိုင်တော့တဲ့ သူ့ရဲ့ချစ်လှစွာသောသမီးလေး Riza ဟာ အရာရာကိုအရဲစွန့်ကာ ဖခင်ဖြစ်သူရဲ့အထူးနေ့လေးမှာ အိမ်ပြန်လာဖို့ ကြိုးစားခဲ့ပါတယ်။
တကယ်လည်း ဖခင် Roy ရဲ့ မွေးနေ့ပါတီဟာ ကြည်နူးစရာကောင်းတဲ့ ပြန်လည်ဆုံဆည်းပွဲလေး ဖြစ်ခဲ့ပါတယ်။ ထိုနေ့ညမှာ အားလုံးက ဖခင်ဖြစ်သူအတွက် ပျော်ရွှင်စရာမွေးနေ့သီချင်းဆိုပေးနေချိန်မှာ Riza က တိတ်တဆိတ်နဲ့ မွေးနေ့ကိတ်ကို ကိုင်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဖခင်ဖြစ်သူဟာ အလွန်အံ့ဩတုန်လှုပ်သွားရင်းကနေ စိတ်လှုပ်ရှားကာ မျက်ရည်ကျသွားခဲ့ပါတယ်။ ထို့နောက် Riza ကလည်း သူမအား အချိန်အတော်ကြာလွမ်းနေခဲ့တဲ့ဖခင်ကို အရင်ဆုံး ပွေ့ဖက်ပေးလိုက်ပါတယ်။
ဖခင်ဖြစ်သူဟာ သမီးလေးက သူ့မွေးနေ့မှာ ပေါ်လာမယ်လို့ စိတ်မကူးထားခဲ့ဘူးလို့ဆိုခဲ့ပြီး သမီးဖြစ်သူအား အိမ်ဘယ်ချိန်ပြန်လာမလဲလို့ အမြဲမေးလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။ ယခင် ဖခင်ဖြစ်သူဟာ သူ့မွေးနေ့မှာ သမီးလေး Riza ကိုမြင်ချင်ကြောင်းပြောခဲ့ဖူးပါတယ်။
This father from Cebu has no other wish but to see his OFW daughter on his birthday.
She missed his birthday in the past three years.
When he turned 61, he thought it would be the same… until someone showed up with a birthday cake! pic.twitter.com/kZaRwZrd12
— The Philippine Star (@PhilippineStar) December 5, 2021
ထို့ကြောင့် Riza ဟာ ဖခင်ရဲ့ဆန္ဒပြည့်စေဖို့အတွက် နောက်ဆုံး သူမရဲ့ ကူးစက်ရောဂါက အနုတ်လက္ခဏာပြကြောင်း သိရတာနဲ့ သူမဟာ ဖိလစ်ပိုင်သို့ အားလပ်ရက်ခရီးဖြင့် ချက်ခြင်းပြန်လာခဲ့ပါတော့တယ်။ Riza ရဲ့ အဆိုအရ ဖခင် Roy ဟာ 2017 ခုနှစ်မှာ သူမတို့ရဲ့ မိခင်ဆုံးပါးသွားချိန်မှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး အဲဒီ့အချိန်ကစပြီး သူမနဲ့ သူမရဲ့မောင်နှမတွေက သူ့ကိုပျော်ရွှင်ပြီး အချစ်ကိုခံစားနိုင်အောင် အမြဲကြိုးစားပေးခဲ့ရပါတယ်။
သို့ပေမဲ့ ပြည်ပလုပ်သားဖြစ်တဲ့ Riza ဟာ လအတန်ကြာ အိမ်ပြန်ရောက်နေပြီးနောက်မှာ ဒူဘိုင်းသို့ပြန်သွားဖို့ သူမရဲ့မိသားစုအား တစ်ဖန်နှုတ်ဆက်ဖို့ အချိန်ရောက်လာခဲ့ပြန်ပါတယ်။ Riza က ထွက်သွားတော့ အဖေနဲ့သမီးအတွက် နောက်ထပ် စိတ်ခံစားချက်တစ်ခုကိုဖြစ်သွားစေခဲ့ပေမဲ့လည်း Riza က သူမရဲ့မိသားစုနှင့်အတူဖြတ်သန်းနိုင်ရန် ခရစ္စမတ်ရောက်တိုင်း နှစ်စဉ် အိမ်ပြန်လာခဲ့မယ်လို့ အာမခံပေးခဲ့ပါတယ်။
ထို့ပြင် Riza က ဖခင် Roy အတွက် “ ဖေဖေ၊ အဖေ့ရဲ့သားသမီးတွေနဲ့ သမီးက အဖေ့ကို အရမ်းချစ်ပါတယ်။ သမီးတို့က အဖေ့ကို မေ့ထားမှာမဟုတ်ပါဘူး၊ အဖေဟာ သမီးတို့အတွက် အတုယူစရာ ရတနာတစ်ခုပါပဲ။
ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်” လို့ဆိုတဲ့ သူမတို့ သူ့ကိုဘယ်လောက်ချစ်ကြောင်း သတိပေးတဲ့မက်ဆေ့ခ်ျလည်း ရေးထားပေးခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : ofwtambayan
Be the first to comment on "မတွေ့ရတာကြာပြီဖြစ်တဲ့ သမီးဖြစ်သူက သူ့ရဲ့မွေးနေ့မှာ အိမ်ပြန်ရောက်လာလို့ လွမ်းတဲ့စိတ်နဲ့ မထိန်းနိုင်တော့ဘဲ မျက်ရည်ကျသွားခဲ့တဲ့ ဖခင် (ရုပ်သံ)"