အသက်70အရွယ်မှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ပြီး ကျန်းမားတဲ့ ကလေးငယ်ကို မွေးဖွားနိုင်ခဲ့လို့ လူတိုင်းအံ့သြနေကြတဲ့ အဖွား




.

.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

အသက် 70 အရွယ်မှာ ကလေးမွေးဖို့ အခွင့်အလမ်းမရှိတော့ဘူးလို့ လူတိုင်းသိကြပြီး ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝလုပ်ဆောင်ချက်ကြောင့်ပါ ။ ဒါပေမဲ့လည်း မစ္စတာ Huang နဲ့ သူ့ရဲ့ဇနီးက အသက် 70 နီးပါးလောက်မှာ ၎င်းတို့က သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ပြီး ကျန်းမာတဲ့ ကလေးငယ်ကို မွေးဖွားနိုင်ခဲ့သဖြင့် လူအများကို အံ့အားသင့်စေခဲ့ပါတယ် ။ ကလေးမွေးဖွားပြီးနောက် သူတို့နှစ်ဦးက “ဘုရားသခင်ထံမှလက်ဆောင်” လို့ အဓိပ္ပါယ်ရတဲ့ Tianci ကို သမီးလေးအား အမည်ပေးခဲ့ပါတယ် ။

ဒီအသက်အရွယ်မှာ ကလေးကို ဖွားမြင်နိုင်ခဲ့တာကြောင့် သူတို့နှစ်ယောက်က ယုံရခက်နေလို့ အဲဒီအထူးနာမည်ကို ရွေးကြတာပါ ။ သူတို့လင်မယားဟာ မစ္စတာ Huang က ရှေ့နေတစ်ဦးဖြစ်ပြီး သူ့ဇနီးက အငြိမ်းစား သူနာပြုတစ်ဦးပါ ။ ထိုအချိန်မှာ ကလေးနှစ်ယောက်နဲ့ မြေးနှစ်ယောက်ရှိပြီး အကြီးဆုံးမှာ အသက် ၁၈ နှစ်ဖြစ်ပါတယ် ။ ထို့ကြောင့် အဘိုးအဘွားများရဲ့ သားသမီးနှစ်ဦးက သူတို့ရဲ့ မိဘများ မွေးဖွားခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ် ။

မိခင်ရော ကလေးပါ မွေးဖွားလာချိန်မှာ အသက်အရွယ်က အမျိုးသမီးတွေရဲ့ မျိုးပွားတဲ့အရွယ်နဲ့ ယှဉ်ရင် မြင့်မားလွန်းတာကြောင့် သူတို့ဟာ မိခင်ရော ကလေးရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေကြရပါတယ် ။ ဒါပေမဲ့ မစ္စတာ Huang နဲ့ ဇနီးတို့က ကလေးယူရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး လက်ရှိမှာတော့ ကလေးလေးဟာ အသက် (၂)နှစ်နီးပါးရှိနေပြီဖြစ်ပြီး ကျန်းမာလှပပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးလည်း ဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အသက်70အရွယ်မှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ပြီး ကျန်းမားတဲ့ ကလေးငယ်ကို မွေးဖွားနိုင်ခဲ့လို့ လူတိုင်းအံ့သြနေကြတဲ့ အဖွား"

Leave a comment

Your email address will not be published.


*