ေကာ္ဖီဆိုင္ထဲ ဘားမွမစားမေသာက္ဘဲ ဝင္ထိုင္ေနတဲ့အျပင္ စားပြဲထိုးကိုပါေဒါသတႀကီးဆဲဆိုခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္သံ)

ဘယ္ႏိုင္ငံက စားေသာက္ဆိုင္ေတြ ၊ ေကာ္ဖီဆိုင္ေတြမဆို ဘားမွ မမွာစားဘဲ ဆိုင္ထဲဝင္ထိုင္ေနလို႔ ဆိုင္႐ွင္ကထိုင္ခံုကဖယ္ေပးဖို႔ ေျပာဆိုခဲ့လို႔ စိတ္ဆိုးမယ္ဆိုရင္ ကိုယ့္ရဲ႕အျပစ္ပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း စင္ကာပူႏိုင္ငံက Starbuck ဆိုတဲ့ ေကာ္ဖီဆိုင္တစ္ဆိုင္မွာ အေဒၚႀကီးတစ္ေယာက္ဟာ ဆိုင္ကစားပြဲထိုးဝန္ထမ္းေလးကို စိတ္ဆိုးတစ္ႀကီးေအာ္ဟစ္ဆဲဆိုေနတဲ့ ႐ုပ္သံဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ December 14 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အေဒၚႀကီးဟာ ေကာ္ဖီဆိုင္အတြင္းသို႔ မည္သည့္အရာမွ မွယူစားေသာက္ျခင္းမ႐ွိပဲ စားပြဲတစ္ဝိုင္းလံုး အပိုင္းစီးၿပီး ထိုင္ေနခဲ့တာပါ ။

ထို္႔ေၾကာင့္ စားပြဲထိုးမေလးက အဆိုပါအေဒၚႀကီးကို ထြက္သြားေပးဖို႔ေျပာဆိုတဲ့ အခ်ိန္မွာေတာ့ အေဒၚႀကီးဟာ အေတာ္ေလးကိုေဒါသထြက္သြားၿပီး စားပြဲထိုးမေလးကို လက္ညိဳးေတြနဲ႔ထိုးၿပီး ေအာ္ႀကီးဟစ္က်ယ္ဆဲဆိုခဲ့ပါတယ္ ။ ထို႔ေနာက္ ” ငါနင့္ကို သတိေပးေနတာေနာ္ ” ဆိုၿပီး စားပြဲထိုးမေလးကိုလည္း ေအာ္ဟစ္ခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း စားပြဲထိုးမေလးက မည္သည့္အရာမ်ိဳးမွျပန္လည္ေျပာဆိုျခင္းမ်ိဳးမ႐ွိဘဲ ” bye ” ဆိုတဲ့ စကားတစ္ခြန္းသာေျပာၿပီး သူမရဲ႕အလုပ္ကို ဆက္လုပ္ေနခဲ့တာပါ ။ ထိုအခ်ိန္မွာေတာ့ အေဒၚႀကီးဟာ ပိုစိတ္ဆိုးသြားၿပီး ဆိုင္အျပင္ထြက္ခြာသြားတဲ့အထိ သူမကိုအခ်ိန္အေတာ္ၾကာဆဲဆိုခဲ့ပါတယ္ ။ သို႔ေသာ္လည္း စားပြဲထိုးမေလးက သူမကို လက္ျပၿပီးေတာ့သာ ႏႈတ္ဆက္ခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်နိုင်ငံက စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင်တွေမဆို ဘားမှ မမှာစားဘဲ ဆိုင်ထဲဝင်ထိုင်နေလို့ ဆိုင်ရှင်ကထိုင်ခုံကဖယ်ပေးဖို့ ပြောဆိုခဲ့လို့ စိတ်ဆိုးမယ်ဆိုရင် ကိုယ့်ရဲ့အပြစ်ပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက Starbuck ဆိုတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အဒေါ်ကြီးတစ်ယောက်ဟာ ဆိုင်ကစားပွဲထိုးဝန်ထမ်းလေးကို စိတ်ဆိုးတစ်ကြီးအော်ဟစ်ဆဲဆိုနေတဲ့ ရုပ်သံဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ December 14 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဒေါ်ကြီးဟာ ကော်ဖီဆိုင်အတွင်းသို့ မည်သည့်အရာမှ မှယူစားသောက်ခြင်းမရှိပဲ စားပွဲတစ်ဝိုင်းလုံး အပိုင်းစီးပြီး ထိုင်နေခဲ့တာပါ ။

ထို့်ကြောင့် စားပွဲထိုးမလေးက အဆိုပါအဒေါ်ကြီးကို ထွက်သွားပေးဖို့ပြောဆိုတဲ့ အချိန်မှာတော့ အဒေါ်ကြီးဟာ အတော်လေးကိုဒေါသထွက်သွားပြီး စားပွဲထိုးမလေးကို လက်ညိုးတွေနဲ့ထိုးပြီး အော်ကြီးဟစ်ကျယ်ဆဲဆိုခဲ့ပါတယ် ။ ထို့နောက် ” ငါနင့်ကို သတိပေးနေတာနော် ” ဆိုပြီး စားပွဲထိုးမလေးကိုလည်း အော်ဟစ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း စားပွဲထိုးမလေးက မည်သည့်အရာမျိုးမှပြန်လည်ပြောဆိုခြင်းမျိုးမရှိဘဲ ” bye ” ဆိုတဲ့ စကားတစ်ခွန်းသာပြောပြီး သူမရဲ့အလုပ်ကို ဆက်လုပ်နေခဲ့တာပါ ။ ထိုအချိန်မှာတော့ အဒေါ်ကြီးဟာ ပိုစိတ်ဆိုးသွားပြီး ဆိုင်အပြင်ထွက်ခွာသွားတဲ့အထိ သူမကိုအချိန်အတော်ကြာဆဲဆိုခဲ့ပါတယ် ။ သို့သော်လည်း စားပွဲထိုးမလေးက သူမကို လက်ပြပြီးတော့သာ နှုတ်ဆက်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment