စိတ္ေရာဂါသည္ဆိုၿပီး အခြင့္ေကာင္းယူကာ ေတြ႔သမ်ွမေက်နပ္တဲ့သူေတြကို ရန္ျဖစ္႐ိုက္ႏွက္ေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံ ၊ Rawang ၿမိဳ႕မွာ႐ွိတဲ့ စားေသာက္ဆိုင္တစ္ခုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ အဆိုပါ စိတ္ေရာဂါသည္အမ်ိဳးသားတစ္ဦးဟာ မေက်နပ္တဲ့သူေတြကို စိန္ေခၚၿပီး ဆိုင္ထဲမွာ႐ွိတဲ့ ထိုင္ခံုေတြနဲ႔ ပစ္ေပါက္ၿပီး ရန္႐ွာေနခဲ့တဲ့ ႐ုပ္သံဟာ Social Media အသံုးျပဳသူေတြအၾကား အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါ Video ဟာ 1မိနစ္နဲ႔ 30 စကၠန္႔သာ ၾကာျမင့္ၿပီး ၊ စိတ္ေရာဂါသည္အမ်ိဳးသားဟာ စားေသာက္ဆိုင္ထဲမွာ႐ွိေနတဲ့ အျခားအမ်ိဳးသားႏွစ္ေယာက္ကို တစ္ခ်ိန္ထဲမွာ စိန္ေခၚရန္စၿပီး သူ၏စိတ္ေဒါသမထိန္းႏိုင္ဘဲ ရန္လိုေနစိတ္နဲ႔ အျခားသူေတြကို ရန္႐ွာေနတဲ့ လုပ္ရပ္မ်ိဳးကို ေတြ႔႐ွိရမွာပါ ။

စိတ္ေရာဂါသည္အမ်ိဳးသားကို ရန္မျဖစ္ဖို႔ ၾကားကေနျဖန္ေျဖေပးေနခဲ့တဲ့အမ်ိဳးသားကို စိတ္ေရာဂါသည္ကစၿပီး ပါး႐ိုက္ကာ ထိုင္ခံုေတြနဲ႔ အႀကိမ္ေပါင္းမ်ားစြာ႐ိုက္ႏွက္ၿပီး ထိုးႏွက္ကန္ေက်ာက္ခဲ့ပါတယ္ ။ ထို႔ေနာက္ ရဲအ႐ွိမ်ားကေရာက္႐ွိလာၿပီး အဆိုပါစိတ္ေရာဂါသည္အမ်ိဳးသားကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကပါတယ္ ။

ေဒသခံေတြရဲ႕ေျပာျပခ်က္အရ ရန္လိုစိတ္ျပင္းထန္လြန္ေသာအမ်ိဳးသားမွာ စိတ္ေရာဂါသည္တစ္ေယာက္ျဖစ္တဲ့အျပင္ ရဲအရာ႐ွိေတြကိုဖမ္းဆီးထိန္းသိမ္ေပးဖို႔ တိုင္ၾကားထားေပမဲ့လည္း ယခုအခ်ိန္ထိဖမ္းဆီးျခင္းမ်ိဳးမ႐ွိဘဲ လြတ္လပ္စြာသြားလာေနသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ဘယ္လိုမ်ိဳးပဲျဖစ္ေနပါေစ တာဝန္႐ွိသူမ်ားကအဆိုပါစိတ္ေရာဂါသည္ကို ထိထိေရာက္ေရာက္အေရးယူေပးၾကဖို႔ လူအမ်ားကေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ ၊ Rawang မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အဆိုပါ စိတ်ရောဂါသည်အမျိုးသားတစ်ဦးဟာ မကျေနပ်တဲ့သူတွေကို စိန်ခေါ်ပြီး ဆိုင်ထဲမှာရှိတဲ့ ထိုင်ခုံတွေနဲ့ ပစ်ပေါက်ပြီး ရန်ရှာနေခဲ့တဲ့ ရုပ်သံဟာ Social Media အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ Video ဟာ 1မိနစ်နဲ့ 30 စက္ကန့်သာ ကြာမြင့်ပြီး ၊ စိတ်ရောဂါသည်အမျိုးသားဟာ စားသောက်ဆိုင်ထဲမှာရှိနေတဲ့ အခြားအမျိုးသားနှစ်ယောက်ကို တစ်ချိန်ထဲမှာ စိန်ခေါ်ရန်စပြီး သူ၏စိတ်ဒေါသမထိန်းနိုင်ဘဲ ရန်လိုနေစိတ်နဲ့ အခြားသူတွေကို ရန်ရှာနေတဲ့ လုပ်ရပ်မျိုးကို တွေ့ရှိရမှာပါ ။

စိတ်ရောဂါသည်အမျိုးသားကို ရန်မဖြစ်ဖို့ ကြားကနေဖြန်ဖြေပေးနေခဲ့တဲ့အမျိုးသားကို စိတ်ရောဂါသည်ကစပြီး ပါးရိုက်ကာ ထိုင်ခုံတွေနဲ့ အကြိမ်ပေါင်းများစွာရိုက်နှက်ပြီး ထိုးနှက်ကန်ကျောက်ခဲ့ပါတယ် ။ ထို့နောက် ရဲအရှိများကရောက်ရှိလာပြီး အဆိုပါစိတ်ရောဂါသည်အမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ် ။

ဒေသခံတွေရဲ့ပြောပြချက်အရ ရန်လိုစိတ်ပြင်းထန်လွန်သောအမျိုးသားမှာ စိတ်ရောဂါသည်တစ်ယောက်ဖြစ်တဲ့အပြင် ရဲအရာရှိတွေကိုဖမ်းဆီးထိန်းသိမ်ပေးဖို့ တိုင်ကြားထားပေမဲ့လည်း ယခုအချိန်ထိဖမ်းဆီးခြင်းမျိုးမရှိဘဲ လွတ်လပ်စွာသွားလာနေသူဖြစ်ကြောင်း သိရှိရပါတယ် ။ ဘယ်လိုမျိုးပဲဖြစ်နေပါစေ တာဝန်ရှိသူများကအဆိုပါစိတ်ရောဂါသည်ကို ထိထိရောက်ရောက်အရေးယူပေးကြဖို့ လူအများကမျှော်လင့်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment