တစ်ပတ်မှာ နာရီပေါင်း ၆၀ အလုပ်လုပ်ကြတဲ့ ဂျပန်လူမျိုးတို့ရဲ့ ရုံးဆင်းချိန်ပုံရိပ်များ

ဂျပန်နိုင်ငံမှာ ညစဉ်အချိန်ပိုလုပ်တဲ့အလေ့အထရှိတာကြောင့် လမ်းပေါ်တွင် ဖြစ်သလိုအိပ်စက်လိုက်ခြင်းဟာလည်း ၎င်းတို့အတွက် လူမှုရေးအရ လက်ခံနိုင်စရာအရာတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ရတာက ပုံမှန်ပါပဲ။ အကြမ်းဖျင်းအားဖြင့်၊ ဤယဉ်ကျေးမှုအလေ့အထက ရာစုနှစ်များကြာခဲ့ပြီဖြစ်သော်လည်း၊ WW2 ပြီးဆုံးချိန်မှစ၍ ကမ္ဘာ့တစ်ဝှမ်းမှ ပိုမိုအာရုံစိုက်ခံလာခဲ့ရပုံရပါတယ်။ ထိုအချိန်က ဝန်ကြီးချုပ် Shigeru Yoshida က ဂျပန်ကုမ္ပဏီများအား တိုင်းပြည်စီးပွားရေး ပြန်လည်စတင်ရန်အတွက် နာရီပေါင်းများစွာ အလုပ်လုပ်တဲ့ဝန်ထမ်းများအား ဆုချီးမြှင့်ရန် တိုက်တွန်းခဲ့ပါတယ်။

ဆယ်စုနှစ်များစွာကြာပြီးနောက်၊ အလုပ်ကြိုးစားမှုနှင့် စိတ်အားထက်သန်မှုရဲ့ယဉ်ကျေးမှုဟာ အနည်းငယ်ယိမ်းယိုင်နေပြီဆိုပေမဲ့ ယခုချိန်ထိ တည်မြဲနေဆဲဖြစ်ပါတယ်။

ယနေ့ခေတ်တွင် ဂျပန် ပျမ်းမျှလစာ လုပ်သားများ၏အလုပ်ကျင့်ဝတ်ဟာ ကျန်းမာရေးနှင့် မညီညွတ်၍ အန္တရာယ်နှင့် ထိစပ်နေပါတယ်။ လက်ရှိတွင် တိုင်းပြည်ဟာ နှလုံးရောဂါနှင့် မိမိကိုယ်ကို အဆုံးစီရင်မှုများနှင့် ရင်ဆိုင်နေရပြီး ပြည်သူများကို အားလပ်ချိန်ယူရန် ဂျပန်အစိုးရက ကြိုးပမ်းမှုများစွာဖြင့် လှုံဆော်ပေးနေရပြန်ပါတယ်။

သို့ပေမဲ့ ဂျပန်နိုင်ငံ၏ကော်ပိုရိတ်ဝန်ထမ်းများအပေါ် အလုပ်ပိုလုပ်ခြင်း၏အကျိုးသက်ရောက်မှုများကို သင်မြင်ရန် အဝေးမှာသွားကြည့်စရာမလိုပါဘူး။

နာရီနဲ့ချီပြီး လမ်းတွေပေါ်မှာ လမ်းလျှောက်ခဲ့ရတဲ့ ဓာတ်ပုံဆရာ Pawel Jaszczuk က တွေ့ရှိရိုက်ကူးခဲ့တဲ့အတိုင်း ယခုဓာတ်ပုံများကို ကြည့်ရှူရင်း ဂျပန်လူမျိုးတွေရဲ့အလုပ်ကြိုးစားမှုတို့ကို တွေ့မြင်နိုင်ပါတယ်။

ပိုလန်နိုင်ငံမှ Pawel ဟာ Toyko မြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး လမ်းများပေါ်တွင် ပင်ပန်းနွမ်းနယ်နေတဲ့ အလုပ်သမားများ၏ဓာတ်ပုံများကို စုဆောင်းပေးခဲ့ပါတယ်။

ဒီတော့ ဆယ်စုနှစ်များစွာကြာလာတဲ့အထိ အလုပ်ကြိုးစားမှုနှင့် စိတ်အားထက်သန်မှုယဉ်ကျေးမှုအား ဆက်လက်ထိန်းသိမ်းထားနေဆဲဖြစ်တဲ့အချို့သောဂျပန်လူမျိုးတို့ရဲ့အလုပ်ဆင်းချိန်ပုံရိပ်များကို စာဖတ်သူတို့အတွက်ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျ။

Mia (Mckzone daily)

Reference : vice

Be the first to comment on "တစ်ပတ်မှာ နာရီပေါင်း ၆၀ အလုပ်လုပ်ကြတဲ့ ဂျပန်လူမျိုးတို့ရဲ့ ရုံးဆင်းချိန်ပုံရိပ်များ"

Leave a comment

Your email address will not be published.


*