သားမြေးစဉ်ဆက်များအထိ လက်နဲ့ခြေတွေပုံမှန်ထက်ကြီးပြီး မပြည့်စုံတဲ့ လက်ချောင်းများနဲ့ မွေးဖွားလာကြတဲ့ မိသားစုတစ်စု




JRose (Mckzone daily)

Reference : yan

Unicode

ဗီယက်နမ်နိုင်ငံ၊ Kien Giang ပြည်နယ်မှာ မစ္စစ် Lနဲ့ သူမရဲ့သားစဉ်မြေးဆက်များက လက်နဲ့ခြေများဟာ ပုံမှန်ထက်ကြီးပြီး လက်ချောင်း၂ ချောင်း ၃ချောင်းသာ ရှိတာကြောင့် ဧရိယာတစ်ဝိုက်ရှိ လူအများအပြားက “မူတန်” လို့ခေါ်ကြပါတယ် ။ ထူးထူးခြားခြားကတော့ သူတို့ ဒီလောက်မပြည့်သေးပေမယ့် စီးပွားရေးလုပ်ဖို့အတွက် အမြဲတမ်း အကောင်းမြင်တတ်တဲ့အပြင်၊ သူတို့အလုပ်ကိုလည်း အရမ်းကြိုးစားပါတယ် ။

ခက်ခဲသောအခြေအနေများမှာ အလုပ်ကြမ်းလုပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်များက မစ္စစ် L ရဲ့မိသားစုအတွက် မည်သည့်အခါမျှ အတားအဆီးဖြစ်မလာဘဲ၊ ဆန့်ကျင်ဘက်အနေနဲ့ တစ်ခါတစ်ရံမှာ ၎င်းတို့က သာမန်လူများထက်ပင် အားကောင်းနေပါတယ် ။ ပင်ပန်းဆင်းရဲမှု၊ ကြိုးစားအားထုတ်မှု၊ အကောင်းမြင်စိတ်ရွှင်လန်းမှုတို့ကြောင့် ထိုဒေသရှိလူတိုင်းက မစ္စစ် L ရဲ့အိမ်ကလူတွေကို နှစ်သက်ကြတာပါ ။ အချိန်အတော်ကြာအောင် သူတို့မှာ ခြားနားချက်ရှိတယ်ဆိုတာကို လူအနည်းငယ်က သတိပြုမိကြတဲ့အတွက် သားသမီးတွေအားလုံး အိမ်ထောင်ပြုကြပြီး တခြားသူတွေလို သားသမီးတွေ ရကြပါတယ် ။

An Giang ပြည်နယ်မှာလည်း မတူညီတဲ့ လက်ချောင်းများစွာရှိတဲ့ မိသားစုတစ်ခုလည်း ရှိပါတယ် ။ ဒါပေမဲ့ မစ္စစ် L ရဲ့ မိသားစုက လက်ချောင်းများ ချို့တဲ့ပေမဲ့ ယခုဖော်ပြမဲ့မိသားစုက ခါတိုင်းထက် လက်ချောင်းများ ပိုလေ့ရှိပါတယ် ။ ဒါပေမဲ့ အဆိုပါမိသားစုများဟာ အခြားသူများလောက် မပြည့်စုံကြသော်လည်း သူတို့ရဲ့ဆန္ဒ၊ စွမ်းအင်နဲ့ အကောင်းမြင်မှုက ကျွန်ုပ်တို့ လေးစားထိုက်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သားမြေးစဉ်ဆက်များအထိ လက်နဲ့ခြေတွေပုံမှန်ထက်ကြီးပြီး မပြည့်စုံတဲ့ လက်ချောင်းများနဲ့ မွေးဖွားလာကြတဲ့ မိသားစုတစ်စု"

Leave a comment

Your email address will not be published.


*