အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က Semeru မီးတောင် ပေါက်ကွဲမှုဟာ အနီးအနားရှိကျေးရွာများအား ပျက်စီးဆုံးရှုံးမှုများစေခဲ့သလို ဒဏ်ရာရရှိသူများ သို့မဟုတ် သေဆုံးသူများနှင့် ဒါဇင်နဲ့ချီတဲ့ဒေသခံများလည်း ပျောက်ဆုံးသွားစေခဲ့ပါတယ်။ Lumajang Regency ရှိ မီးတောင်အနီးတွင် နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံသားများဟာ ၎င်းဆိုးရွားသည့် အဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့ပြီး ဆီးနှင်းများကဲ့သို့ ပြာများနှင့်ရွှံ့နွံစီးကြောင်းများကဲ့သို့ မြင့်တက်လာနေသည့် မီးခိုးလုံးကြီးများ၏ ဗီဒီယိုဖိုင်ကို TikTok သို့ လွှင့်တင်ခဲ့ကြောင်း Vice သတင်းတွင် ဖော်ပြထားပါတယ်။ TikTok အသုံးပြုသူ novanhendri510 မှလွှင့်တင်တဲ့ဗီဒီယိုဟာ ကြည့်ရှုသူ 67 သန်းကျော်ရှိကာ ကြီးမားသော မီးခိုးရောင်တိမ်တိုက်များ အဝေးမှ လွင့်စင်လာသည်နှင့်အမျှ ဒေသခံများက ၎င်းတို့ရဲ့ နေအိမ်အပြင်သို့ ပြေးထွက်လာသည်ကို ပြသခဲ့ပါတယ်။
.
ရောနှောနေတဲ့ အငွေ့များနှင့် ချော်ရည်တို့အပြင် လေထုထဲ၌ ပေ ၄၀,၀၀၀ အထိ မြင့်တက်လာတဲ့ ပြာမှုန့်များကြောင့် ထိုဒေသရဲ့ပတ်ဝန်းကျင်ရှိ ရွာအများအပြားကို ထိမှန်ခဲ့ကြောင်း NPR မှ ဖော်ပြခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲချိန်မှာ မိုးသည်းထန်စွာရွာသွန်းနေခဲ့တာကြောင့် ရွာသူရွာသားများက အသက်ရှုနိုင်ခဲ့လို့ ကံကောင်းကြောင်း မျက်မြင်သက်သေတစ်ဦးက Agent France-Presse သို့ ပြောကြားခဲ့ပြီး “ ဒီနေရာက ဒေသခံတွေက ခါတိုင်းလို ရေကြီးတာလို့ဘဲ ထင်နေခဲ့ကြတယ်။ ရွှံ့ပူမှန်းလည်း ကျွန်တော်တို့မသိခဲ့ကြဘူး။ မိုးတွေရွာပြီး မီးခိုးတွေကျလာတာကြောင့် ကောင်းကင်က မှောင်မိုက်သွားခဲ့တယ်။ ” လို့လည်း ပြောကြားခဲ့ပါတယ်။ အာဏာပိုင်များနှင့် ဒေသခံများဟာ ဒုက္ခသည်များကို ကယ်ဆယ်ရန် ရွှံ့နွံထူထပ်တဲ့နေရာများကို လက်ဖြင့် တူးဆွခဲ့ကြပါတယ်။
.
၎င်းမီးတောင်ဟာ ယခုနှစ် အစောပိုင်း ဇန်နဝါရီလမှာ ပေါက်ကွဲခဲ့ပေမဲ့လည်း ၎င်း၏ပေါက်ကွဲမှုဟာ လွန်ခဲ့တဲ့သီတင်းပတ်ကပေါက်ကွဲမှုလို ကပ်ဆိုးကြီးတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ၎င်းဖြစ်ပွားရသည့်အကြောင်းအရင်းမှာ မကြာသေးမီက မီးတောင်၏ချော်ရည်အမိုးခုံးကို ပျက်ဆီးသွားစေသည့် ရက်အတော်ကြာ ပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပွါးခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ မြေငလျင်နှင့် မီးတောင်များကဲ့သို့ မြင့်မားသော ငလျင်လှုပ်ခတ်မှုဖြစ်စေသည့် ပစိဖိတ် “မီးကွင်း” တွင် တည်ရှိသည့် ကျွန်းစုနိုင်ငံတစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
.
အင်ဒိုနီးရှားရဲ့မီးတောင်ရှင် ၁၀၀ ကျော်ရှိတဲ့အထဲမှာ Semeru မီးတောင်ဟာ Java ကျွန်းရဲ့အမြင့်ဆုံးနှင့် အတက်ကြွဆုံးဖြစ်သည့် မီးတောင်ဖြစ်ပြီး 1818 ခုနှစ်မှစ၍ 55 ကြိမ်တိုင်တိုင်ပေါက်ကွဲခဲ့ပါတယ်။ ယခုအခါ လူပေါင်း ၂၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီဆိုပေမဲ့လည်း ရာသီဥတုဆိုးရွားမှု၊ pyroclastic တိမ်တိုက်များနှင့် အခြားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ကယ်ဆယ်ရေးအဖွဲ့များဟာ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။
.
” ပူပြင်းတဲ့ မီးတောင်တိမ်တိုက်က အဖွဲ့ဘေးကင်းရေးအတွက် အန္တရာယ်ရှိပါတယ်၊ ဒီမှာ ရာသီဥတုကလည်း အရမ်းဆိုးတယ် ၊ မှောင်မိုက်ပြီး မိုးတွေလည်းရွာနေပါတယ်။” ဟု ရှာဖွေရေးနှင့် ကယ်ဆယ်ရေး စစ်ဆင်ရေးအကြီးအကဲ I Wayan Suyatna က CNN သို့ ပြောကြားခဲ့ပါတယ်။
.
ထို့ပြင် အိုးမဲ့အိမ်မဲ့ ရွာသူရွာသားတွေကို နေရာရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဘုတ်အဖွဲ့မှ ငွေကြေးအကူအညီများ ပံ့ပိုးပေးမည်ဟုဆိုခဲ့ပါတယ်။ အိမ်ခြေပေါင်း ၃၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်းလည်း သိရှိရပါတယ်။
Mia (Mckzone daily)
Reference : nextshark
Be the first to comment on "မီးခိုးရောင် တိမ်တိုက်ကြီးများနှင့်အတူ အနီးအနားရှိကျေးရွာများအား ပျက်စီးဆုံးရှုံးမှုများစေခဲ့တဲ့ Semeru မီးတောင်ပေါက်ကွဲမှု"