Instagram အကောင့်တစ်ခုရှိ အသုံးပြုသူတစ်ဦးဟာ လူတိုင်းမြင်ဖူးသည့် ချစ်စရာအကောင်းဆုံးခြေထောက်ကလေးများကိုတင်ပေးခဲ့ရင်းကနေ လူအများရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ နေ့စဉ်အလုပ်များမှ ပင်ပန်းနွမ်းနယ်ခြင်း၊ ငြီးငွေ့ခြင်း သို့မဟုတ် ရိုးရှင်းစွာ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမျိုးမှာ လူမှုမီဒီယာအကောင့်များမှတဆင့် ဤကဲ့သို့သောဓာတ်ပုံများကို မြင်တွေ့လိုက်ရခြင်းက ကျွန်တော်တို့ရဲ့ ဆိုးရွားတဲ့စိတ်ခံစားချက်များကို တစ်စက္ကန့်အတွင်း သက်သာရာရသွားစေတတ်ပါတယ်။ ခုလည်း Instagram အကောင့် @cutekidzzz_ ဟာ အလွန်ချစ်စရာကောင်းတဲ့ကလေးပုံတွေကို မကြာခဏ မျှဝေပေးလေ့ရှိပြီး အင်တာနက်သုံးစွဲသူများက ၎င်းဓာတ်ပုံများထဲမှ နုဖက်ဥနုပြီး ထွားကြိုင်းတဲ့ခြေဖဝါးလေးများရဲ့ဓာတ်ပုံများဖြစ်သည့် အလွန်ချစ်စရာကောင်းတဲ့ပုံများစွာရှိနေကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။
.
အဆိုပါ အကောင့်ပိုင်ရှင်မိခင်ဖြစ်သူဟာ ယခင်က ကလေးရဲ့ခြေထောက်တွေကို တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးပါဘူး။ အစပိုင်းမှာတော့ သူမဟာ သမီးဖြစ်သူ ကလေးမလေးရဲ့ချစ်စရာပုံလေးတွေကိုသာ တင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကလေးမလေးရဲ့ထွားကြိုင်းတဲ့ခြေထောက်တွေနဲ့ ခြေဖဝါးလေးတွေက Instagram က ပရိသတ်များထံ ပြန်လည်မျှဝေဖို့ အလွန်ချစ်စရာကောင်းနေတာကို သတိထားမိသွားခဲ့ပါတယ်။
.
တကယ်လည်း ၎င်းထွားကြိုင်းတဲ့ခြေထောက်နဲ့ ခြေဖဝါးနုနုလေးတွေက မီနီစကပ် သို့မဟုတ် ခြေအိတ်သေးသေးလေးတွေဝတ်ထားရင် အတော်လေးကို ချစ်ဖို့ကောင်းပြီး ၎င်းကို သဘောကျကြတဲ့သူတွေကတော့ ၎င်းတို့ကို သည်းမခံနိုင်လောက်အောင်ကို ကိုက်ချင်နေကြပါသေးတယ်။
လေယာဉ်ပြတင်းပေါက်ပေါ်ရှိ ကလေးမလေးရဲ့ခြေထောက်တွေက သတိမပြုမိစေရန် ခက်ခဲနေသလို ဤ ချစ်စရာကောင်းလွန်းတဲ့ ဓာတ်ပုံများနှင့်ဗီဒီယိုများက မြင်သူတိုင်းအား ကလေးယူလိုခြင်းကို အမှန်တကယ် ဖြစ်လာစေမှာ အသေအချာပါဘဲ။
ထို့ပြင် အဆိုပါ ကလေးမလေးနဲ့အတူ ဆော့ကစားဖို့ ကမ်းခြေမှာအတူမရှိနေနိုင်ဘူးဆိုပေမယ့်လည်း သဲတွေနဲ့ဖုံးနေတဲ့ ကလေးမလေးရဲ့ထွားကြိုင်းတဲ့ခြေထောက်တွေနဲ့ ခြေဖဝါးတွေကိုလည်း ကြည့်ရှုလို့ရပါသေးတယ်။
အဆိုပါ ကလေးမလေးက အတော်လေး ထွားနေပေမယ့်လည်း ၎င်းက သူမကို လိုက်လျောညီထွေဖြစ်အောင်နေတတ်ခြင်းကနေ မတားဆီးနိုင်ပါဘူး။
သူမရဲ့ချစ်စရာကောင်းလွန်းတဲ့ခြေထောက်နှင့်ဖြေဖဝါးမို့မို့ပုံလေးတွေကြောင့် အဆိုပါကလေးမလေးဟာ လတ်တလော အင်တာနက်သုံးစွဲသူများကြား ဖူးဖူးမှုတ်အချစ်ခံနေရပြီး သူမရဲ့ဓာတ်ပုံအသစ်လေးတွေကိုလည်း စောင့်မျှော်နေလျက်ရှိကြပါတယ်။
Mia (KB Chimmy One)
Reference : goodtimes
Be the first to comment on "ဖြူဖွေးပြီး ထွားကြိုင်းတဲ့ခြေထောက်နှင့် ကိုက်ချင်စရာခြေဖဝါးမို့မို့လေးတွေကြောင့် အင်တာနက်ပေါ်မှာ အချစ်ခံနေရတဲ့ ကလေးမလေး"