အတွင်းခံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားတဲ့ဆိုင်ကယ်သူခိုးကို ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ ၊ Kemaman မြို့မှာရှိတဲ့ Bandar Chukai အမည်ရှိတဲ့ဘဏ်ရဲ့အရှေ့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဝတ်အစားတွေဝတ်ဆင်ထားမျိုးမရှိဘဲ အတွင်းခံကိုသာဝတ်ဆင်ထားတဲ့အမျိုးသားဟာ bank ရှေ့မှာရှိတဲ့ ဆိုင်ကယ်ကို ခိုးယူဖို့ကြိုးစားခဲ့တဲ့ ရုပ်သံဟာ Facebook အသုံးပြုသူတွေအကြားအတော်လေး ရေပန်းစားနေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း အဆိုပါဆိုင်ကယ်သူခိုးကို အမျိုးသား 4ယောက်မှ ဝိုင်းပြီးဖမ်းဆီးနိုင်ခဲ့ပြီးနောက် ရဲအရာရှိလက်ထဲသို့လွှဲပြောင်းပေးနိုင်ခဲ့ပါတယ် ။ အဆိုပါ ဆိုင်ကယ်သူခိုးမှာ အသက် 20 အရွယ်ရှိ ကောင်လေးဖြစ်ကြောင်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါကောင်လေးဟာ အဝတ်အစားမပါဘဲ အတွင်းခံတစ်ထည်တည်းနှင့် ဘဏ်ရှေ့သို့ရောက်ရှိလာခဲ့သို့ ဘဏ်ကိုလာရောက်တဲ့ဧည့်သည်များက ဘဏ်အစောင့်ဝန်ထမ်းကို အဆိုပါကောင်လေးအား ဘဏ်အရှေ့ကနေ မောင်းထုတ်ပေးဖို့ ပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာမှ ဘဏ်အစောင့်ဝန်ထမ်းဟာ ကောင်လေးအနားရောက်ရှိလာပြီး သော့ခတ်ထားသောဆိုင်ကယ်ကိုဖျက်ပြီးခိုးယူဖို့ကြိုးစားနေတဲ့ ကောင်လေးလုပ်ရပ်ကိုတွေ့ရှိသွားခဲ့ပါတယ် ။ မေးမြန်းစစ်ဆေးခဲ့ချိန်မှာတော့ ကောင်လးဟာ သူ၏ဆိုင်ကယ်ဖြစ်ကြောင်း လိမ်ညာထွက်ဆိုမှန်း သိသာလွန်းတဲ့အတွက် ဘဏ်အစောင့်ဝန်ထမ်းများနှင့် အခြားအမျိုးသားနှစ်ဦးတို့မှ အဆိုပါကောင်လေးကို ဝိုင်းပြီးရိုက်နှက်ဖမ်းဆီးခဲ့ရပါတယ် ။

ရဲအရာရှိများထံသို့အပ်နှံပြီး စစ်ဆေးလိုက်ချိန်မှာတော့ အဆိုပါကောင်လေးဟာ မူးယစ်ဆေးသုံးစွဲထားမှန်းတွေ့ရှိခဲ့ပြီး ၊ စိတ်ကျန်းမာရေးအခြေအနေမှာတော့ ကောင်းမွန်နေသူဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment