JRose (Mckzone daily)
Reference : yan
Unicode
မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ လှေကားထစ်များကြားမတ်တပ်ရပ်နေတဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီး ဘောင်းဘီမှာ ပျားအုံတစ်ခု ရှိနေတာကို တွေ့ရပါတယ် ။ အနီးနားရှိ သူငယ်ချင်းများနဲ့ ဖြတ်သွားဖြတ်လာ လူများက ထိုထူးဆန်းတဲ့ အခြေအနေကြောင့် အလွန်စိတ်ရှုပ်ထွေးနေပုံရပြီး ကောင်လေး ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို တခြားသူတွေက မကူညီနိုင်ဘဲ ရယ်မောကြပါတယ် ။
အဆိုပါ လူငယ်က အသက် 25 နှစ်အရွယ် Velelhu လို့ခေါ်ပြီး ပျားများ ချစ်မြတ်နိုးတဲ့အိန္ဒိယမှာ ကားရပ်နားရန်နေရာသို့ သွားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ် ။ Velelhu နဲ့အတူ ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးမှ ပြောကြားချက်အရ “ပျားဘုရင်မတစ်ကောင်က Velelhu ရဲ့ဂျင်းဘောင်းဘီနောက်ဘက်မှာ ကပ်လာခဲ့တာ ။ အဲ့တာနဲ့ အခြားပျားတွေက ပျားဘုရင်မနဲ့အတူ စုရုံးရောက်ရှိလာကြတာပါ ”လို့ ပြောပါတယ် ။ ပျားဘုရင်မကို ရှာတွေ့ပြီး သူ့ရဲ့အတောင်ပံတွေကို ဖယ်ရှားဖို့ အချိန်အတော်ကြာခဲ့တယ်လို့ သူငယ်ချင်းဖြစ်သုက ထပ်မံပြောကြားခဲ့ပါတယ်။
Velelhu ရဲ့ အဖွဲ့တွင်းရှိလူတိုင်းက အစပိုင်းမှာ အနည်းငယ်ကြောက်လန့်ခဲ့ကြသော်လည်း ထိုရှားပါးဖြစ်စဉ်ကို မြင်တွေ့ရတာကြောင့် စိတ်လှုပ်ရှားလာခဲ့ပါတယ် ။ ကလစ်ကိုကြည့်ပြီးနောက် လူအများအပြားက Velelhu ဘေးကင်းကြောင်းသိပြီးနောက် ထိုကောင်လေးအတွက် ကံကောင်းတယ်လို့ ခံစားခဲ့ရပါတယ် ။ ယခင်ကလည်း တရုတ်ကောင်လေးရဲ့ ဘောင်းဘီများ ပျားအသိုက်လုပ်ရတဲ့ အကြောင်းလည်း ရှိပါသေးတယ် ။
JRose (Mckzone daily)
Be the first to comment on "ဂျင်းဘောင်းဘီရဲ့နောက်ဘက်မှာ ပျားအုံများကပ်နေတာကြောင့် ထိုင်မရ၊ သွားလို့လည်းမရဖြစ်နေခဲ့တဲ့ လူငယ်တစ်ဦးရဲ့ အခြေအနေ"