JRose (Mckzone daily)
Reference : hrtwarming
Unicode
အသက် 16 နှစ်အရွယ် Blake Ward ဟာ ရေကူးနေစဥ် ဆိုးရွားတဲ့ အဖြစ်တစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ် ။ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက သူ့ကို ရေထဲကနေ ဆွဲထုတ်ခဲ့ပြီး အနီးနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ် ။ ဒါပေမယ့် သူဟာ ပြင်းထန်တဲ့ ဦးနှောက်ပျက်စီးမှုကို ခံစားခဲ့ရပြီး အသက်ကယ်ဆယ်ဖို့ အကူအညီတောင်းခဲ့ရပါတယ် ။ အချိန်တိုလေးအတွင်းမှာပဲ Blake ဟာ အသက်ရှင်ရန် မဖြစ်နိုင်မှန်းသိပြီး သူ့မိဘတွေက Oxygen ကိုဖြုတ်ဖို့ ကြေကွဲဝမ်းနည်းဖွယ် ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ သူ့ကို နှုတ်ဆက်ရန် မိသားစုများ ဝိုင်းဖွဲ့နေကြစဉ် Blake ရဲ့ ချစ်သူ Stephanie က နောက်ဆုံးအကြိမ် ပွေ့ဖက်ပေးရန် သူ့အိပ်ယာပေါ်သို့ တက်ခဲ့ပါတယ် ။
ထို့နောက် သူမက မက်ဆေ့ချ်ဖြင့် ထိုအခိုက်အတန့်ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး “ယနေ့က ကျွန်မအတွက် အဝမ်းနည်းဆုံးနေ့ဖြစ်ပြီး၊ ကျွန်မဘယ်တော့မှ မေ့မရနိုင်တဲ့နေ့တစ်နေ့ဖြစ်ပါလိမ့်မယ်။ ငါသူ့အနားမှာရှိနေခဲ့ပြီး ငါသူ့ကိုမထားခဲ့ပါဘူး…” လို့ ရေးသားခဲ့ပါတယ် ။ ကျွန်ုပ်တို့နဲ့ နီးစပ်သူတစ်ဦးကို ကျွန်ုပ်တို့ဆုံးရှုံးရတဲ့အခါမှာ ယူကျုံးမရဖြစ်ပြီး သူတို့နဲ့အတူ သေဆုံးသွားတတ်ပါတယ် ။ တခါတရံမှာ ရှေဆက်ဖို့က တကယ်ကို ခက်ပါတယ် ။ ဒါပေမယ့် တစ်နည်းနည်းနဲ့ ငါတို့ကိုယ့်ကို ဖြေသိမ့်ပြီး မှောင်မိုက်တဲ့နေ့တွေ ရောက်လာတဲ့အခါ ဖြတ်ကျော်နိုင်ဖို့ ယုံကြည်ချက်တွေ မွေးထားရပါမယ် ။
JRose (Mckzone daily)
Be the first to comment on "ကောင်လေးကို နောက်ဆုံးအကြိမ်ဖြင့် ပွေ့ဖက်ထားပြီးနောက် ထာဝရဆုံးရှုံးသွားခဲ့တဲ့ မိန်းကလေးရဲ့ သနားစရာအဖြစ်"