‘စန္ဒယား’ ကို အကင်စက်နဲ့ချိတ်ဆက်ပြီး အရမ်းမိုက်တဲ့ အသားကင်စက်အဖြစ်ပြောင်းလိုက်တဲ့ ကောင်လေး (ရုပ်သံ)



JRose (Mckzone daily)

Reference : khaosod

Unicode

ဟောင်ကောင်က ကောင်လေးတစ်ယောက်ဟာ “စန္ဒယား” ကို “အသားကင်” အဖြစ်ပြောင်းလဲလိုက်တာကြောင့် လူအများအံ့အားခဲ့ရပါတယ် ။ များစွာသောလူတို့အတွက် တေးဂီတအနည်းငယ်ရှိခြင်းဟာ အစားအစာရဲ့အရသာကိုလည်း တိုးစေနိုင်ဒါကြောင့် ဒီလူငယ်ဟာ ဆန်းပြားတဲ့ တီထွင်မှုတစ်ခုကို ဖန်တီးခဲ့ပါတယ် ။ ဒါမှ အစားအသောက်နဲ့ ဂီတကို တစ်ပြိုင်နက် ခံစားနိုင်မှာပါ ။ ဒီတီထွင်မှုဟာ ဟောင်ကောင်လူငယ်တစ်ယောက်ရဲ့ တီထွင်မှုပါ ။ YouTube ချန်နယ် “手工耿 Handy Geng” ပိုင်ရှင်က တီထွင်မှုလုပ်ငန်းစဉ်ရဲ့အပိုင်းတစ်ပိုင်းကို ဗီဒီယိုနဲ့ တင်ပြပေးခဲ့ပါတယ် ။

“စန္ဒယားကင်”က စန္ဒယားနဲ့ အသားကင်ကို ပေါင်းစပ်ထားတာကြောင့် လူအများရဲ့ ရယ်မောမှုကို ရရှိခဲ့ပါတယ် ။ အဆိုပါလူငယ်က စန္ဒယားမှတ်စုများနဲ့ သီတံများကို တပ်ဆင်ပြီး ချိတ်ဆက်လိုက်ပါတယ် ။ စန္ဒယားမှ ခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ အသားများက ပြောင်းပြန်လန်လိုက်ပါတယ် ။ မလုံလောက်သေးသော်လည်း ၎င်းကို လှည့်ပတ်သွားလာနိုင်စေမဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းထားပါတယ် ။ စန္ဒယားကင်ရှိခြင်းအပြင် သူ့မှာ နောက်ထပ် ဆန်းသစ်တီထွင်မှုများလည်း ရှိသေးတာပါ ။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ “စန္ဒယားကင်” ဗီဒီယိုနဲ့ ဝေမျှပေးလိုက်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "‘စန္ဒယား’ ကို အကင်စက်နဲ့ချိတ်ဆက်ပြီး အရမ်းမိုက်တဲ့ အသားကင်စက်အဖြစ်ပြောင်းလိုက်တဲ့ ကောင်လေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*