အနိမ့်ဆုံးအပူချိန် -71.2°C ရှိတဲ့ ကမ္ဘာပေါ်ရှိ အအေးဆုံးရွာမှာ အခြေချနေထိုင်နေကြတဲ့ ဒေသခံရွာသားများ (ရုပ်သံ)


.


.


JRose (Mckzone daily)

Reference : goodtimes

Unicode

အပူချိန် -71.2°C အထိကျဆင်းနေတဲ့ ကမ္ဘာပေါ်ရှိ အအေးဆုံးရွာဟာ ရုရှားနိုင်ငံ၊ Oymyakon ကျေးရွာဟာ ရာသီဥတုက မယုံနိုင်လောက်အောင် အေးလွန်းသဖြင့် အိမ်မှထွက်လိုက်တာနဲ့ သင့်ရဲ့မျက်တောင်တစ်ချက်စီမှာ နှင်းခဲများ ချက်ချင်းပင် ဖြစ်ပေါ်သွားခဲ့ပါတယ် ။ အဆိုပါရွာက ပျမ်းမျှအပူချိန်မှာ -50°C ဟာ ကျေးလက်ဒေသရဲ့ ဆောင်းရာသီ အမြင့်ဆုံးအပူချိန်အဖြစ်သတ်မှတ်ခံထားရတာကြောင့် Oymyakon က ကမ္ဘာပေါ်မှာ အအေးဆုံးအခြေချနေထိုင်မှုအဖြစ်တည်ရှိနေတာက အံ့သြစရာမဟုတ်ပါဘူး ။ အပူချိန် -၆၂ ဒီဂရီစင်တီဂရိတ်အောက် ကျရောက်တိုင်း အီလက်ထရွန်းနစ်သာမိုမီတာက ရာသီဥတုအေးလွန်းကြောင်း ပြသလာပါတယ် ။

Oymyakon ရွာမှာရှိတဲ့ မိုးလေဝသဌာနက လက်ရှိ အပူချိန်ဟာ -59°C ရှိတယ်လို့ အစီရင်ခံထားပေမယ့် တကယ့်အပူချိန်ထက် အဆပေါင်းများစွာ နိမ့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။ ရွာမှာ စံချိန်တင် အနိမ့်ဆုံး အပူချိန်က ၁၉၂၄ ခုနှစ်မှာ အပူချိန် -၇၁.၂ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိခဲ့ပါတယ် ။ အအေးလွန်ကဲတဲ့ ရာသီဥတုကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ အဓိက အစားအစာအဖြစ် မြင်းနဲ့ သမင်နီအသားတွေကို မှီခိုပြီး ရှင်သန်နိုင်ခဲ့ပေမဲ့ ၎င်းတို့မှာ ဟင်းသီးဟင်းရွက်မှအစ အပင်များလုံးဝမရှိပါ ။

ဒါပေမဲ့ ထိုဒေသရှိ မည်သူတစ်ဦးတစ်ယောက်မျှ အာဟာရချို့တဲ့မှု မရှိကြောင်း သိရပါတယ် ။ ဒေသခံများက ၎င်းတို့ရဲ့ အာဟာရ အများစုကို တိရစ္ဆာန်နို့မှ ရရှိပြီး သေးငယ်တဲ့ အာဟာရဓာတ်များ ကြွယ်ဝကြပါတယ် ။ အေးခဲတဲ့ရာသီဥတုမှာ ဒေသခံတွေက ဘယ်လိုသတ္တိရှိရှိနဲ့ ရှင်သန်သလဲဆိုတာကို ဗီဒီယိုနဲ့ မျှဝေပေးထားပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အနိမ့်ဆုံးအပူချိန် -71.2°C ရှိတဲ့ ကမ္ဘာပေါ်ရှိ အအေးဆုံးရွာမှာ အခြေချနေထိုင်နေကြတဲ့ ဒေသခံရွာသားများ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*