နတ်သမီးနယ်မြေမှ ဆင်းသက်လာပုံရတဲ့ ပန်းရောင်နှင့် အပြာရောင်တို့ပေါင်းစပ်ထားတဲ့ ရှားပါးအရောင်ရှိပန်းများ

အလွှာပေါင်းစုံက လူတွေဟာ ပန်းမျိုးစုံကို သဘောကျကြပြီး Higan ပန်းတွေရဲ့လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ ပုံသဏ္ဍာန်များနှင့် စိမ်းကားတဲ့ သူစိမ်းတွေတော့ မဟုတ်ကြပါဘူး။ အချို့လူတွေကတောင် အနီရောင်၊ အဝါရောင်နဲ့ သင်အများဆုံးမြင်တွေ့ရလေ့ရှိတဲ့အဖြူရောင်ပန်းတွေအပြင် တခြားအရောင်အသွေးတွေနဲ့ပန်းများစွာကိုလည်း မြင်တွေ့ခဲ့ဖူးကြမှာပါ။

.

မကြာသေးမီက ဂျပန်အင်တာနက်သုံးစွဲသူအချို့ဟာ ရှားပါးတဲ့အပြာရောင်နှင့် ပန်းရောင်စပ်ပန်းပွင့်များကို လမ်းဘေးတစ်နေရာ၌ မတော်တဆတွေ့ရှိခဲ့ကြရပါတယ်။ ၎င်းပန်းတို့၏အလှဟာ အလွန်စွဲမက်ဖွယ်ကောင်းပြီး ၎င်းတို့ဟာ နတ်သမီးကမ္ဘာတွင်သာ မြင်တွေ့နိုင်တဲ့ပန်းများကဲ့သို့ပင်၊ လူအများကို အံ့ဩမှင်တက်သွားစေခဲ့ပါတယ်။

.

Twitter အကောင့် @soubi_rose ဖြင့် ဂျပန် အင်တာနက်သုံးစွဲသူ တစ်ဦးမှ မျှဝေထားသည့် ဓာတ်ပုံတွေမှာ စိမ်းလန်းသော ဥယျာဉ်ကြီးတစ်ခုရှိ ပန်းရောင်နှင့် အပြာရောင်ရောစပ်ထားတဲ့ပွင့်ချပ်များပါသည့် ပန်းများစွာကို တွေ့နိုင်ပါတယ်။ ၎င်းရဲ့အရောင်ဟာ တဖြည်းဖြည်း အပြာရောင်သို့ ပြောင်းသွားပြီး ၎င်းပြိုးပြိုးပြက်ပြက်ပုံတစ်ခုလုံးဟာ ခေါင်းလောင်းနှင့် ဆင်တူနေပါတယ်။

.

ဤရှားပါးပန်းမျိုးစိတ်အများစုဟာ ပို၍ပင်စွဲမက်ဖွယ်ကောင်းတဲ့ အဝါရောင်ပန်းပင်လယ်ကြီးထဲ၌သာတည်ရှိပါတယ်။ ၎င်းပန်းလေးတွေက သိပ်ကိုလှပလွန်းတာကြောင့် ပုံတွေက အစစ်အမှန်နှင့်မတူနေတဲ့အတွက်ကြောင့် Twitter မှာ ပိုစ့်တင်ပြီးနောက်မှာ အင်တာနက်အသုံးပြုသူတော်တော်များများရဲ့အာရုံစိုက်မှုကိုခံခဲ့ရပြီး ဆွေးနွေးမှုတွေ ရုတ်တရုက်ဖြစ်လာခဲ့ပါတယ်။

.

ပန်းတစ်ပွင့်ရဲ့အရောင်က တဖြည်းဖြည်း အရောင်ကျရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အင်တာနက်အသုံးပြုသူ အများအပြားက ၎င်းတို့ တခြားနေရာတွေမှာ မတော်တဆ မြင်မိခဲ့တဲ့ ပန်းရောင် အပြာရောင် ပန်းပွင့်ကို ဖော်ထုတ်ပြသခဲ့ကြပြီး အချို့လူတွေကတော့ ၎င်းကို အိမ်ကိုယူဆောင်သွားခဲ့ကြပါတယ်။ ဤရှားပါးပန်းပွင့်များကိုမြင်ရခြင်းက လူအများအား အခြားရှုထောင့်တစ်ခုသို့ အသွင်ကူးပြောင်းသွားစေခဲ့ပါတယ်။ သို့ပေမဲ့လည်း မတူကွဲပြားတဲ့ Higan ပန်းများက မတူညီသောပန်းဘာသာစကားများရှိကြပြီး၊ ၎င်းတို့ရဲ့လှပတဲ့ ပုံသဏ္ဍာန်များက လူတို့အား အိမ်မှာ ရှားပါးပန်းပင်အဖြစ် အိုးထဲစိုက်ထားစေလိုပေမဲ့လည်း အမှန်တကယ်မှာ Higan ပန်းရဲ့ rhizome ဟာ အတော်လေး အဆိပ်ပြင်းပါတယ်။

ဤပန်းပွင့်များကို အခြားအစားအစာများနှင့် ရောစပ်ပါက အန်ခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်းနှင့် ရင်တုန်ခြင်းတို့ဖြစ်ရန် အခွင့်အလမ်းပိုများပါတယ်။ ၎င်းပန်းတွေရဲ့အရောင်အသွေးတွေက အတော်လေး လှပလွန်းတာကြောင့် နာမည်ကြီး anime ဇာတ်ကားတစ်ကားဖြစ်တဲ့ “ Demon Slayer: Blade of the Demon ” မှာတောင် ၎င်းတို့ရဲ့ရှိုးမှာ အပြာနဲ့ အပန်းရောင်စပ်ထားတဲ့ပန်းကိုသုံးထားတာကလည်း အံ့သြစရာတော့ မဟုတ်နေတော့ပါဘူး။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "နတ်သမီးနယ်မြေမှ ဆင်းသက်လာပုံရတဲ့ ပန်းရောင်နှင့် အပြာရောင်တို့ပေါင်းစပ်ထားတဲ့ ရှားပါးအရောင်ရှိပန်းများ"

Leave a comment

Your email address will not be published.


*