ဖေယာင္းတိုင္မီးမမႈတ္ခင္ သူမရဲ႕ဆံပင္ဖ်ားေလးေတြကို မီးေလာင္ကြၽမ္းၿပီး မ်က္ခုံးေမြးအထိပါေလာင္သြားတဲ့ အမ်ိဳးသမီး

မၾကာေသးမီက၊ အေမရိကန္၊ Utah မွ အသက္ 34 ႏွစ္အ႐ြယ္ မိခင္ Anna Oosterhouse ဟာ သူမရဲ႕မိသားစုနဲ႔အတူ ေမြးေန႔ပါတီကို က်င္းပခဲ့ပါတယ္ ။ သူမက အျဖစ္အပ်က္ကို ေပ်ာ္႐ႊင္မႈအျပည့္ျဖင့္ ေမွ်ာ္လင့္ထားေသာ္လည္း အေျခအေနမွာ လုံးဝဆန႔္က်င္ဘက္ျဖစ္ခဲ့ပါတယ္ ။ ဗီဒီယိုထဲမွာေတာ့ Ana ဟာ သူမရဲ႕ 7 ႏွစ္အ႐ြယ္ သားေလးရဲ႕ ေမြးေန႔ကိတ္ေတြကို ကိုင္ေဆာင္ၿပီး သားက ေဘးမွာ ထိုင္ေနတာကို ျမင္ေတြ႕ရပါတယ္ ။ အျခားမိသားစုဝင္မ်ားက ဓမၼသီခ်င္းကို ေပ်ာ္႐ႊင္စြာ သီဆိုခဲ့ၾကၿပီး အေျခအေနမေျပာင္းမီမွာ ဖေယာင္းတိုင္မီးမႈတ္ရန္ ေခါင္းငုံ႔ၿပီးေနာက္ သူ႔ရဲ႕ဆံပင္အစြန္အဖ်ားေတြက ဖေယာင္းတိုင္မီးကို ေလာင္တဲ့အထိ ထိသြားခဲ့ပါတယ္ ။

ကံေကာင္းေထာက္မစြာ ခင္ပြန္းနဲ႔ အျခားမိသားစုဝင္မ်ားက အနီးနားမွာ ေရမရွိေသာေၾကာင့္ မီးၿငိမ္းသတ္ရန္ သူမရဲ႕ဆံပင္မ်ားကို လက္ျဖင့္ အႀကိမ္ႀကိမ္ ပုတ္ခ်ကာ ဆရာဝန္ထံ အျမန္ပို႔ခဲ့ရပါတယ္ ။ သတင္းေတြအရေတာ့ မီးေလာင္ကြၽမ္းမႈေၾကာင့္ ဆံပင္၊ မ်က္ခုံးနဲ႔ မ်က္ေတာင္ေတြ ပ်က္စီးခဲ့ၿပီး ပါးျပင္၊ နား႐ြက္၊ ေမးေစ့ေတြ မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ သိရပါတယ္ ။ Ana က မ်က္ၾကည္လႊာဒဏ္ရာေၾကာင့္ မ်က္လုံးမ်ားနာကာ အျမင္အာ႐ုံေဝဝါးလာခဲ့ပါတယ္ ။ အဆိုပါမီးေလာင္ကြၽမ္းရျခင္းအေၾကာင္းရင္းမွာ ဖေယာင္းတိုင္မ်ားကို အလြန္အကြၽံသုံးစြဲျခင္းေၾကာင့္ျဖစ္ႏိုင္တယ္လို႔ Ana က ယူဆခဲ့တာပါ ။

JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက၊ အမေရိကန်၊ Utah မှ အသက် 34 နှစ်အရွယ် မိခင် Anna Oosterhouse ဟာ သူမရဲ့မိသားစုနဲ့အတူ မွေးနေ့ပါတီကို ကျင်းပခဲ့ပါတယ် ။ သူမက အဖြစ်အပျက်ကို ပျော်ရွှင်မှုအပြည့်ဖြင့် မျှော်လင့်ထားသော်လည်း အခြေအနေမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ် ။ ဗီဒီယိုထဲမှာတော့ Ana ဟာ သူမရဲ့ 7 နှစ်အရွယ် သားလေးရဲ့ မွေးနေ့ကိတ်တွေကို ကိုင်ဆောင်ပြီး သားက ဘေးမှာ ထိုင်နေတာကို မြင်တွေ့ရပါတယ် ။ အခြားမိသားစုဝင်များက ဓမ္မသီချင်းကို ပျော်ရွှင်စွာ သီဆိုခဲ့ကြပြီး အခြေအနေမပြောင်းမီမှာ ဖယောင်းတိုင်မီးမှုတ်ရန် ခေါင်းငုံ့ပြီးနောက် သူ့ရဲ့ဆံပင်အစွန်အဖျားတွေက ဖယောင်းတိုင်မီးကို လောင်တဲ့အထိ ထိသွားခဲ့ပါတယ် ။

ကံကောင်းထောက်မစွာ ခင်ပွန်းနဲ့ အခြားမိသားစုဝင်များက အနီးနားမှာ ရေမရှိသောကြောင့် မီးငြိမ်းသတ်ရန် သူမရဲ့ဆံပင်များကို လက်ဖြင့် အကြိမ်ကြိမ် ပုတ်ချကာ ဆရာဝန်ထံ အမြန်ပို့ခဲ့ရပါတယ် ။ သတင်းတွေအရတော့ မီးလောင်ကျွမ်းမှုကြောင့် ဆံပင်၊ မျက်ခုံးနဲ့ မျက်တောင်တွေ ပျက်စီးခဲ့ပြီး ပါးပြင်၊ နားရွက်၊ မေးစေ့တွေ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။ Ana က မျက်ကြည်လွှာဒဏ်ရာကြောင့် မျက်လုံးများနာကာ အမြင်အာရုံဝေဝါးလာခဲ့ပါတယ် ။ အဆိုပါမီးလောင်ကျွမ်းရခြင်းအကြောင်းရင်းမှာ ဖယောင်းတိုင်များကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်နိုင်တယ်လို့ Ana က ယူဆခဲ့တာပါ ။

JRose (Mckzone daily)

Be the first to comment on "ဖေယာင္းတိုင္မီးမမႈတ္ခင္ သူမရဲ႕ဆံပင္ဖ်ားေလးေတြကို မီးေလာင္ကြၽမ္းၿပီး မ်က္ခုံးေမြးအထိပါေလာင္သြားတဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*