တစ္ဘဝလံုး စုေဆာင္းထားခဲ့တဲ့ေငြေတြကို ေသဆံုးၿပီးေနာက္ ဘုန္းႀကီးေက်ာင္းမွာ အကုန္လႉဒါန္းခဲ့တဲ့ အိမ္ေခ်ရာမဲ့ အဘိုးအို

စည္းစိမ္ဥစၥာေတြမျပည့္ဆံုေပမဲ့လည္း မ႐ွိဆင္းရဲသားေတြဟာ ႏွေမ်ာတြန္႔တိုေစမဲ့အရာမ်ိဳးမ႐ွိတဲ့အတြက္ ပိုၿပီးလႉဒါန္းတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ထိုင္းႏိုင္ငံက အိမ္ေခ်ရာမဲ့ အဘိုးအိုတစ္ေယာက္မွာလည္း အသက္ေသဆံုးၿပီးေနာက္မွာေတာ့ သူတစ္ဘဝလံုးစုေဆာင္းလာခဲ့တဲ့ ေငြေတြကို ဘုန္းႀကီးေက်ာင္းကို အကုန္လႉဒါန္းခဲ့ပါတယ္ ။ အဆိုပါအဘိုးအိုဟာ Lob Puri မွာ႐ွိတဲ့ 7-11စတိုးဆိုင္အေ႐ွ႕မွာ အျမဲအိပ္စက္ေလ့႐ွိၿပီး ၊ သူ၏ဘဝအသက္႐ွင္ ေနထိုင္မႈအတြက္ အနီးအနားမွာ႐ွိတဲ့ အမႈိက္သ႐ိုက္ေတြမွာ ေမႊေႏွာက္ၿပီး ေကာင္းရာေကာင္းႏိုး ပစၥည္းမ်ားကို႐ွာေဖြသည့္အလုပ္မ်ိဳးလုပ္ကိုင္ခဲ့ပါတယ္ ။

အဆိုပါ အဘိုးအိုရဲ႕အျဖစ္ကို အမ်ိဳးသမီးတစ္ေယာက္က Christmas ေန႔မွာ သူ၏ Facebook ေပၚမွာ ေဝမ်ွခဲ့ၿပီးေနာက္ ” RIP ပါ 7-11 ေ႐ွ႕မွာ အျမဲေနထိုင္တဲ့ အမိႈက္ေကာက္တဲ့ဦးေလး ၊ ဦးေလးမ႐ွိေတာ့ရင္ စုေဆာင္းထားတဲ့ ေငြေတြကို ဘုန္းႀကီးေက်ာင္းမွာ လႉဒါန္းေပးဖို႔ ေဆြမ်ိဳးေတြကို မွာခဲ့တယ္ေနာ္ ၊ ဦးေလးက တကယ္မြန္ျမတ္တဲ့သူပဲ ” ဆိုၿပီးေတာ့ ေရးသားထားခဲ့ပါတယ္ ။

လူအမ်ားစုကေတာ့ အဘိုးအိုရဲ႕လုပ္ရပ္ကိုအေတာ္ေလး ေလးစားခဲ့ၾကၿပီး ေကာင္းရာမြန္ရာအရပ္ကိုသာ ေရာက္႐ွိဖို႔ပါ ဆုေတာင္းေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စည်းစိမ်ဥစ္စာတွေမပြည့်ဆုံပေမဲ့လည်း မရှိဆင်းရဲသားတွေဟာ နှမျောတွန့်တိုစေမဲ့အရာမျိုးမရှိတဲ့အတွက် ပိုပြီးလှူဒါန်းတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက အိမ်ချေရာမဲ့ အဘိုးအိုတစ်ယောက်မှာလည်း အသက်သေဆုံးပြီးနောက်မှာတော့ သူတစ်ဘဝလုံးစုဆောင်းလာခဲ့တဲ့ ငွေတွေကို ဘုန်းကြီးကျောင်းကို အကုန်လှူဒါန်းခဲ့ပါတယ် ။ အဆိုပါအဘိုးအိုဟာ Lob Puri မှာရှိတဲ့ 7-11စတိုးဆိုင်အရှေ့မှာ အမြဲအိပ်စက်လေ့ရှိပြီး ၊ သူ၏ဘဝအသက်ရှင် နေထိုင်မှုအတွက် အနီးအနားမှာရှိတဲ့ အမှိုက်သရိုက်တွေမှာ မွှေနှောက်ပြီး ကောင်းရာကောင်းနိုး ပစ္စည်းများကိုရှာဖွေသည့်အလုပ်မျိုးလုပ်ကိုင်ခဲ့ပါတယ် ။

အဆိုပါ အဘိုးအိုရဲ့အဖြစ်ကို အမျိုးသမီးတစ်ယောက်က Christmas နေ့မှာ သူ၏ Facebook ပေါ်မှာ ဝေမျှခဲ့ပြီးနောက် ” RIP ပါ 7-11 ရှေ့မှာ အမြဲနေထိုင်တဲ့ အမှိုက်ကောက်တဲ့ဦးလေး ၊ ဦးလေးမရှိတော့ရင် စုဆောင်းထားတဲ့ ငွေတွေကို ဘုန်းကြီးကျောင်းမှာ လှူဒါန်းပေးဖို့ ဆွေမျိုးတွေကို မှာခဲ့တယ်နော် ၊ ဦးလေးက တကယ်မွန်မြတ်တဲ့သူပဲ ” ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ် ။

လူအများစုကတော့ အဘိုးအိုရဲ့လုပ်ရပ်ကိုအတော်လေး လေးစားခဲ့ကြပြီး ကောင်းရာမွန်ရာအရပ်ကိုသာ ရောက်ရှိဖို့ပါ ဆုတောင်းပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment