မကြာသေးမီက တရုတ်နိုင်ငံ၊ Henan ပြည်နယ်မှ အသက် 39 နှစ်အရွယ် Chen Zhenfeng ဟာ သူကွာရှင်းလိုက်တဲ့ ဇနီးဟောင်း Hong xia နဲ့ ပြန်ဆက်သွယ်ခဲ့ပြီးနောက် သူမက terminal ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း သိလိုက်ရပါတယ် ။ လွန်ခဲ့တဲ့ ၉ နှစ်က အသက် 30 နှစ်အရွယ် Zhenfeng ဟာ အသက် 26 နှစ်အရွယ် Hong xia နဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီး လအနည်းငယ်အကြာမှာတော့ အိမ်ထောင်ရေးဟာ မျှော်လင့်ထားသလို မချောမွေ့ခဲ့ပါဘူး ။ နှစ်ကြိမ် ကိုယ်ဝန်ပျက်ကျပြီးနောက် နှစ်ယောက်စလုံး ဖိအားများနဲ့ တင်းမာလာကြပါတယ် ။ စကားများရန်ဖြစ်လာပြီး ၎င်းတို့နှစ်ဦး ကွာရှင်းရန် ဆုံးဖြတ်လိုက်ပါတယ် ။
2 နှစ်အကြာမှာ Zhenfeng ဟာ အတိတ်က ကွာရှင်းတဲ့အကြောင်းကို တွေးတောခဲ့ပြီး ဇနီးဖြစ်သူ Hong Xia နဲ့ပတ်သက်တဲ့အကြောင်းကို မေးမြန်းရန် ဆက်သွယ်ခဲ့ပါတယ် ။ ထိုအချိန်မှာ သူ့ရဲ့ဇနီးက နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါခံစားနေရတာကို သိရှိစေခဲ့ပါတယ် ။
၎င်းကို ကြားပြီးနောက် Zhenfeng က ဆေးရုံမှာ Hongxia ကို ချက်ချင်းသွားတွေ့ခဲ့ပါတယ် ။ ဇနီးဟောင်းရဲ့ ဖြူဖျော့တဲ့မျက်နှာကို မြင်လိုက်ရသဖြင့် အလွန်စိတ်ထိခိုက်မိသွားပြီးနောက်မှ ဇနီးက နောက်အိမ်ထောင်မပြုကြောင်း သူသိလိုက်ရပါတယ် ။ Zhenfeng ကသူမကို ဂရုစိုက်ပေးရန် တဖန်လက်ထပ်ထိမ်းမြားရန် သူမကို တောင်းဆိုခဲ့ပါတယ် ။ ပထမတော့ Hong Xia က ငြင်းခဲ့ပါတယ် ။
ဘာလို့လဲဆိုတော့ သူမက Zhenfeng အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်တာကြောင့်ပါ ။ ခက်ခဲတဲ့အချိန်တွေမှာ သူမကို မထားခဲ့နိုင်ဘဲ နောက်ဆုံးမှာတော့ သူ့ကို နောက်တစ်ကြိမ်လက်ထပ်ဖို့ အတင်းတောင်းဆိုလိုက်ပါတယ် ။
လက်ရှိအချိန်မှာ Hong Xia ရဲ့ ကျန်းမာရေးက စတင်ဆိုးရွားနေပြီး သူမရဲ့မျက်လုံးတွေ မမြင်နိုင်တော့ပါဘူး ။ ဒါပေမယ့် Zhenfeng က သူမကို ကူညီဖို့ ဘေးနားမှာ အမြဲရှိနေတာကြောင့် ပြဿနာမဖြစ်ခဲ့ပါဘူး ။
အင်တာဗျူးမှာ Zhenfeng က ဘယ်လောက်ပဲကြာကြာ သူမကို တစ်သက်လုံး ပြုစုစောင့်ရှောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ် ။ “မင်း မမြင်နိုင်တော့ဘူး ဆိုရင်တောင် ငါက မင်းရဲ့ မျက်လုံးတွေ ဖြစ်ပေးမယ် ။
မင်းကို ပြုစုစောင့်ရှောက်ပြီး တစ်သက်လုံး မင်းအနားမှာ ရှိနေပေးမယ်”လို့ Zhenfeng က ဆိုလိုက်ပါတယ် ။
JRose (Mckzone daily)
Reference : khaosod
Be the first to comment on "ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ရောက်နေပြီး မျက်စိမမြင်တော့တဲ့ ဇနီးဟောင်းကို ထားမသွားဘဲ အနားမှာနေကာ တစ်သက်လုံး ပြုစုပေးဖို့ ကတိပြုခဲ့တဲ့ အမျိုးသား"