ေလျဖတ္ေနတဲ့ ဇနီးသည္ကို ၅၆ ႏွစ္တာကာလပတ္လုံး ခ်ိဳ႕ယြင္းခ်က္မရွိတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ျပဳစုေစာက္ေရွာက္ခဲ့တဲ့ အဘိုးအို

မၾကာေသးမီက၊ တ႐ုတ္အြန္လိုင္းအသိုင္းအဝန္းမ အသက္ ၈၄ ႏွစ္ အဘိုးအို Du YuanFa နဲ႔ အဘြားႀကီး Zhou Yuai တို႔ၾကား ထိထိမိမိ အခ်စ္ဇာတ္လမ္းက ပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။ လြန္ခဲ့တဲ့ ၅၆ ႏွစ္က အဘိုးအဘြားႏွစ္ဦးစလုံးဟာ လက္ထပ္ခဲ့ၾကၿပီး ၿမိဳ႕ရွိ ေက်ာက္မီးေသြးတြင္းတစ္ခုမွာ Mr. Yuan အလုပ္သြားလုပ္တဲ့အခါ သူ႔ဇနီးထံမွာ စာတစ္ေစာင္ ႐ုတ္တရက္ လက္ခံရရွိခဲ့ပါတယ္ ။ ဇနီးအျပင္းဖ်ားေနတာေၾကာင့္ Mr.Yuan ဟာ ခ်က္ျခင္းပင္ ရာထူးမွ ႏုတ္ထြက္ၿပီး သူ႔ဇနီးနဲ႔ေတြ႕ရန္ ဇာတိၿမိဳ႕သို႔ အျမန္ျပန္လာခဲ့ပါတယ္ ။

အဲ့ဒီေရာဂါေၾကာင့္ မစၥ Zhou ဟာ အိမ္ေထာင္သက္ ၅ လအၾကာမွာ ေလျဖတ္သြားခဲ့ပါတယ္ ။ Mr.Yuan က စိတ္ဓာတ္မက်ဘဲ ေလျဖတ္ရတဲ့ အေၾကာင္းရင္းအတိအက်ကို သိဖို႔ သူ႔ဇနီးကို ေဒသေဆး႐ုံသို႔ တြန္းပို႔ခဲ့ပါတယ္ ။ ဘယ္ေဆး႐ုံမွာမဆို သူ႔ဇနီးဟာ တစ္သက္လုံး အိပ္ရာေပၚမွာ လွဲေနရမွာျဖစ္ၿပီး ကေလးမရႏိုင္ေၾကာင္း ဆရာဝန္မ်ားထံမွ ေၾကျငာခ်က္တစ္ခုသာ ရရွိခဲ့ပါတယ္ ။ မိသားစုနဲ႔ သူငယ္ခ်င္းမ်ားက ဇနီးျဖစ္သူကို ကြာရွင္းရန္ ျဖားေယာင္းေသြးေဆာင္ခဲ့ေသာ္လည္း Mr.Yuan က ဇနီးရဲ႕အနား အၿမဲရွိေနၿပီး သူမကို ဂ႐ုစိုက္မယ္လို႔ ေျပာၾကားခဲ့ပါတယ္ ။

အဲ့ဒီအခ်ိန္မွ စၿပီး Mr.Yuan ဟာ သူ႔ဇနီးကို မၿငီးမျငဴဘဲ ျပဳစုေပးကာ ေႏြရာသီမွာ သူ႔မိန္းမကို ေန႔တိုင္း ေရခ်ိဳးၿပီး ေဆာင္းရာသီေရာက္လာေတာ့ ေနပူထဲ ေႏြးေႏြးေထြးေထြးနဲ႔ အျပင္ထြက္ၿပီး ေလေကာင္းေလသန႔္ရႉဖို႔ အျပင္ေခၚထြက္ေလ့ရွိပါတယ္ ။ ယခုအထိဘဲ သူက ၅၆ ႏွစ္တာ ကာလအတြင္း ပုံမွန္လုပ္ေဆာင္ေနခဲ့ပါတယ္ ။ Mr.Yuan ရဲ႕ဇနီးအေပၚ ထားတဲ့ ႁခြင္းခ်က္မရွိေသာ ခ်စ္ျခင္းေမတၱာက ေဒသခံမ်ားစြာကို လႊမ္းမိုးခဲ့ပါတယ္ ။ Mr.Yuan ရဲ႕ ကိုယ္ရည္ကိုယ္ေသြး၊ တာဝန္ဝတၱရားနဲ႔ ဇနီးအေပၚ ထားတဲ့ခ်စ္ျခင္းေမတၱာက ကြၽန္ေတာ့္ကို စကားမေျပာႏိုင္တဲ့အထိ လႈံ႕ေဆာ္ေပးတယ္လို႔ netizen မ်ား ဆိုၾကပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက၊ တရုတ်အွန်လိုင်းအသိုင်းအဝန်းမ အသက် ၈၄ နှစ် အဘိုးအို Du YuanFa နဲ့ အဘွားကြီး Zhou Yuai တို့ကြား ထိထိမိမိ အချစ်ဇာတ်လမ်းက ပျံ့နှံ့ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၅၆ နှစ်က အဘိုးအဘွားနှစ်ဦးစလုံးဟာ လက်ထပ်ခဲ့ကြပြီး မြို့ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ Mr. Yuan အလုပ်သွားလုပ်တဲ့အခါ သူ့ဇနီးထံမှာ စာတစ်စောင် ရုတ်တရက် လက်ခံရရှိခဲ့ပါတယ် ။ ဇနီးအပြင်းဖျားနေတာကြောင့် Mr.Yuan ဟာ ချက်ခြင်းပင် ရာထူးမှ နုတ်ထွက်ပြီး သူ့ဇနီးနဲ့တွေ့ရန် ဇာတိမြို့သို့ အမြန်ပြန်လာခဲ့ပါတယ် ။

အဲ့ဒီရောဂါကြောင့် မစ္စ Zhou ဟာ အိမ်ထောင်သက် ၅ လအကြာမှာ လေဖြတ်သွားခဲ့ပါတယ် ။ Mr.Yuan က စိတ်ဓာတ်မကျဘဲ လေဖြတ်ရတဲ့ အကြောင်းရင်းအတိအကျကို သိဖို့ သူ့ဇနီးကို ဒေသဆေးရုံသို့ တွန်းပို့ခဲ့ပါတယ် ။ ဘယ်ဆေးရုံမှာမဆို သူ့ဇနီးဟာ တစ်သက်လုံး အိပ်ရာပေါ်မှာ လှဲနေရမှာဖြစ်ပြီး ကလေးမရနိုင်ကြောင်း ဆရာဝန်များထံမှ ကြေငြာချက်တစ်ခုသာ ရရှိခဲ့ပါတယ် ။ မိသားစုနဲ့ သူငယ်ချင်းများက ဇနီးဖြစ်သူကို ကွာရှင်းရန် ဖြားယောင်းသွေးဆောင်ခဲ့သော်လည်း Mr.Yuan က ဇနီးရဲ့အနား အမြဲရှိနေပြီး သူမကို ဂရုစိုက်မယ်လို့ ပြောကြားခဲ့ပါတယ် ။

အဲ့ဒီအချိန်မှ စပြီး Mr.Yuan ဟာ သူ့ဇနီးကို မငြီးမငြူဘဲ ပြုစုပေးကာ နွေရာသီမှာ သူ့မိန်းမကို နေ့တိုင်း ရေချိုးပြီး ဆောင်းရာသီရောက်လာတော့ နေပူထဲ နွေးနွေးထွေးထွေးနဲ့ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူဖို့ အပြင်ခေါ်ထွက်လေ့ရှိပါတယ် ။ ယခုအထိဘဲ သူက ၅၆ နှစ်တာ ကာလအတွင်း ပုံမှန်လုပ်ဆောင်နေခဲ့ပါတယ် ။ Mr.Yuan ရဲ့ဇနီးအပေါ် ထားတဲ့ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာက ဒေသခံများစွာကို လွှမ်းမိုးခဲ့ပါတယ် ။ Mr.Yuan ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ တာဝန်ဝတ္တရားနဲ့ ဇနီးအပေါ် ထားတဲ့ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို စကားမပြောနိုင်တဲ့အထိ လှုံ့ဆော်ပေးတယ်လို့ netizen များ ဆိုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ေလျဖတ္ေနတဲ့ ဇနီးသည္ကို ၅၆ ႏွစ္တာကာလပတ္လုံး ခ်ိဳ႕ယြင္းခ်က္မရွိတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ျပဳစုေစာက္ေရွာက္ခဲ့တဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*