ေခြးေလးေတြကို လူသားရဲ႕အေကာင္းဆုံးသူငယ္ခ်င္းမ်ားအျဖစ္ သတ္မွတ္ခံထားရျခင္းအေၾကာင္းရင္းက ၎တို႔ရဲ႕သခင္မ်ားအေပၚ မယိမ္းယိုင္သြားတဲ့သစၥာရွိမႈေၾကာင့္ဘဲ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရွိ အင္တာနက္သုံးစြဲသူတစ္ဦးက ၎ရဲ႕သခင္အေပၚ အလြန္အေလးအနက္ထား ၊သစၥာရွိတဲ့ ေခြးေလးတစ္ေကာင္ရဲ႕ ဗီဒီယိုကို အြန္လိုင္းေပၚမွာ ျပန္လည္မွ်ေဝခဲ့ပါတယ္။ ဗီဒီယိုထဲ၌ ထိုေခြးေလးဟာ ကြယ္လြန္သြားတဲ့သခင္ျဖစ္သူရဲ႕ နိဗၺာန္ယာဥ္ေနာက္ကေန ေျပးလိုက္ေနတာကို မွတ္တမ္းတင္ထားတာဘဲျဖစ္ပါတယ္။ ထိုေခြးေလးရဲ႕ နိဗၺာန္ယာဥ္ေနာက္ကေန ေျပးလိုက္ေနခဲ့တဲ့အကြာအေဝးက ၁ ကီလိုမီတာရွိတယ္လို႔လည္း သိရပါတယ္။
အင္တာနက္အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားက ထိုေခြးေလးကို မိသားစုနဲ႔အတူ ဘာေၾကာင့္မေခၚသြားတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကေပမဲ့ အစကေတာ့ ထိုေခြးေလးက ၎တို႔နဲ႔အတူ ဗင္ကားေပၚပါလာခဲ့ေပမယ့္ သြားမယ့္ေနရာနဲ႔ ၁ ကီလိုမီတာေလာက္ေဝးတဲ့ေနရာမွာ ထိုေခြးေလးဟာ ကားေပၚကေနခုန္ဆင္းၿပီး နိဗၺာန္ယာဥ္ေနာက္ကေန အတူေျပးလႊားေနခဲ့တယ္လို႔ သိခဲ့ရပါတယ္။ လိုရာခရီးကိုေရာက္သြားခဲ့ၿပီးေနာက္ သခင္ရဲ႕ေခါင္းတလားအနီးမွာ ထိုေခြးတစ္ေကာင္က သူ႔နည္းသူ႔ဟန္ျဖင့္ ဝမ္းနည္းပူေဆြးေနသကဲ့သို႔ ဟိုသြား ၊ဒီသြားနဲ႔လႈပ္ရွားေနတာကို ျမင္ေတြ႕ႏိုင္ပါတယ္။ သခင္ျဖစ္သူအား ဒီသစၥာရွိေခြးတစ္ေကာင္ရဲ႕ေနာက္ဆုံးႏႈတ္ဆက္ျခင္းဗီဒီယိုကိုလည္း ေအာက္ဆုံးမွာ ေဖာ္ျပေပးခဲ့လိုက္ပါတယ္။
.
.
.
.
Mia (Mckzone daily)
Reference : goodtimes
Unicode
ခွေးလေးတွေကို လူသားရဲ့အကောင်းဆုံးသူငယ်ချင်းများအဖြစ် သတ်မှတ်ခံထားရခြင်းအကြောင်းရင်းက ၎င်းတို့ရဲ့သခင်များအပေါ် မယိမ်းယိုင်သွားတဲ့သစ္စာရှိမှုကြောင့်ဘဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ အင်တာနက်သုံးစွဲသူတစ်ဦးက ၎င်းရဲ့သခင်အပေါ် အလွန်အလေးအနက်ထား ၊သစ္စာရှိတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲ၌ ထိုခွေးလေးဟာ ကွယ်လွန်သွားတဲ့သခင်ဖြစ်သူရဲ့ နိဗ္ဗာန်ယာဉ်နောက်ကနေ ပြေးလိုက်နေတာကို မှတ်တမ်းတင်ထားတာဘဲဖြစ်ပါတယ်။ ထိုခွေးလေးရဲ့ နိဗ္ဗာန်ယာဉ်နောက်ကနေ ပြေးလိုက်နေခဲ့တဲ့အကွာအဝေးက ၁ ကီလိုမီတာရှိတယ်လို့လည်း သိရပါတယ်။
အင်တာနက်အသုံးပြုသူတော်တော်များများက ထိုခွေးလေးကို မိသားစုနဲ့အတူ ဘာကြောင့်မခေါ်သွားတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပေမဲ့ အစကတော့ ထိုခွေးလေးက ၎င်းတို့နဲ့အတူ ဗင်ကားပေါ်ပါလာခဲ့ပေမယ့် သွားမယ့်နေရာနဲ့ ၁ ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ ထိုခွေးလေးဟာ ကားပေါ်ကနေခုန်ဆင်းပြီး နိဗ္ဗာန်ယာဉ်နောက်ကနေ အတူပြေးလွှားနေခဲ့တယ်လို့ သိခဲ့ရပါတယ်။ လိုရာခရီးကိုရောက်သွားခဲ့ပြီးနောက် သခင်ရဲ့ခေါင်းတလားအနီးမှာ ထိုခွေးတစ်ကောင်က သူ့နည်းသူ့ဟန်ဖြင့် ဝမ်းနည်းပူဆွေးနေသကဲ့သို့ ဟိုသွား ၊ဒီသွားနဲ့လှုပ်ရှားနေတာကို မြင်တွေ့နိုင်ပါတယ်။ သခင်ဖြစ်သူအား ဒီသစ္စာရှိခွေးတစ်ကောင်ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဗီဒီယိုကိုလည်း အောက်ဆုံးမှာ ဖော်ပြပေးခဲ့လိုက်ပါတယ်။
Mia (Mckzone daily)
Be the first to comment on "လိုက္ပို႔ေပးတဲ့အေနနဲ႔ ကြယ္လြန္သူသခင္ျဖစ္သူရဲ႕နိဗၺာန္ယာဥ္ေနာက္ကေန ေျပးလိုက္ေနခဲ့တဲ့ သစၥာရွိေခြးေလး (႐ုပ္သံ)"