မကြာသေးမီက ရွှေမုဆိုးတစ်ဦးဟာ သဩစတြေးလျနိုင်ငံ အနောက်ပိုင်း Kalgoorlie မြို့၏ Goldfields ရွှေတွင်းဒေသတွင် ၎င်းရဲ့ရာသီအမဲလိုက်မှုအတွင်း ကြီးမားသော 49oz ရွှေတုံးကြီးကိုရှာဖွေတွေ့ရှိလိုက်တဲ့အခါ ထီဆုကြီးကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ၎င်းတောက်ပတဲ့ရှာဖွေတွေ့ရှိမှုဟာ ခန်းမှန်းခြေအားဖြင့် ဒေါ်လာ 69,000 ( 1,224 သိန်းကျော်) တန်ကြေးရှိကြောင်း သိရပါတယ်။ ၎င်း Kalgoorlie မြို့ဟာ ဩစတေးလျနိုင်ငံရှိရွှေတွင်းများထဲ၌ ထိပ်တန်းနေရာတစ်ခုဘဲဖြစ်ပါတယ်။ တိုင်းပြည်၌ တူးဖော်ရရှိသည့် ရွှေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ ၎င်းဒေသတွင်းနှင့် အနီးတစ်ဝိုက်မှ ထွက်ရှိခြင်းဖြစ်ပါတယ်။ အဆိုပါအမည်မသိရွှေရှာဖွေသူဟာ အဖိုးတန်သတ္တုရှာဖွေရန် ထိုနေရာကို မကြာခဏလာလေ့ရှိသည့် အတွေ့အကြုံရှိ ဝါသနာရှင်တစ်ဦးဖြစ်ပါတယ်။
အဆိုပါ အမျိုးသားဟာ ဆားချုံအိမ်များ အနီးတစ်ဝိုက်မှာ သတ္တုရှာဖွေစက်ဖြင့် လျှောက်သွားနေချိန်မှာ ၎င်းကိရိယာက ရုတ်တရက် အသံမြည်လာခဲ့ပါတယ်။ ထို့နောက် တူးဖော်မှုအနည်းငယ် ထွက်ပေါ်လာပြီးနောက်မှာ၊ ထိုနေရာ၌ သေးငယ်သော ရွှေတုံးကြီးက မြေမှုန့်တွေထဲမှာ လဲလျောင်းနေတာကို တအံ့တဩကြီးတွေ့ခဲ့ရပါတယ်။
ထို့နောက် သူဟာ သူ့ရဲ့ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုကို ရွှေကုန်သွယ်မှုလုပ်ငန်းဖြစ်သည့် Finders Keepers Gold Prospecting ဆိုင်သို့ ယူဆောင်သွားခဲ့ပါတယ်။
၎င်း ဆိုင်ပိုင်ရှင် Matt Cook ကလည်း “ အဲဒီလူက ငါ့ဆိုင်ထဲကို ဝင်လာပြီး သူ့လက်ထဲက ရွှေတုံးကိုကြည့်ပြီး အပျော်လွန်နေတဲ့မျက်နှာနဲ့ ငါ့ကို လာပြခဲ့တယ် ” လို့ ပြောပြခဲ့ပါတယ်။
ထို့ပြင် Matt က အဆိုပါအမျိုးသားအတွက် ဝမ်းသာမိကြောင်း၊ သူ့အနေနဲ့ ထိုကဲ့သို့သော ကြီးမားတဲ့ရှာတွေ့မှုမျိုးကိုမတွေ့ဖူးသေးကြောင်း နှင့် ယခုခေတ်မှာ တွေ့ရှိရန် ပိုမိုခက်ခဲလာတာကြောင့် ယခုကဲ့သို့ တွေ့ရှိရခြင်းမှာကောင်းမွန်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
တကယ်တမ်းက ၎င်းကဲ့သို့ ရွှေတုံးအရွယ်အစားမျိုးကို တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်သာ တွေ့ရှိနိုင်ပြီး ၎င်းတွေ့ရှိခြင်းကလည်း အဆိုပါအမျိုးသားအသုံးပြုတဲ့သတ္တုရှာဖွေကိရိယာမျိုးနဲ့မဟုတ်ဘဲ လေးလံတဲ့စက်ယန္တရားများကိုအသုံးပြုမှသာ တွေ့ရှိနိုင်ပါတယ်။
ဒါပေမဲ့ သေချာတာကတော့ အဆိုပါအမျိုးသားအတွက် ကံကောင်းတဲ့နေ့တစ်နေ့လိုဆိုရမှာပါဘဲ။ ယခုအချိန်မှာ ရွှေဈေးမြင့်နေတာကြောင့် ဩစတြေးလျနိုင်ငံသားများဟာ ရွှေအမဲလိုက်ခြင်းကို စွန့်စားလာကြပြီး Kalgoorlie မြို့မှာ တွေ့ရလေ့ရှိတဲ့ အချို့သောရွှေအရွယ်အစားဟာ ပျမ်းမျှအားဖြင့် အောင်စဝက်ခန့်သာရှိပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "ဝါသနာအရ ရွှေရှာထွက်ရင်းကနေ အမေရိကန်ဒေါ်လာ ၆၉,၀၀၀ တန်ဖိုးရှိတဲ့ရွှေတုံးကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ ကံကောင်းလွန်းတဲ့အမျိုးသား"