JRose (Mckzone daily)
Reference : goodtimes
Unicode
Kak Long လို့ လူသိများတဲ့ အသက် 33 နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ မိသားစု ဝင်ငွေကို တိုးမြင့်လာစေဖို့အတွက် အင်တာနက်ကို အသုံးပြုပြီး ဆိုရှယ်မီဒီယာကို အသုံးပြုကာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ပါတယ် ။ Kak Long က အသက်တစ်နှစ်အရွယ်မှာ သူမရဲ့လက်နဲ့ ခေ့ဖဝါးများ ကောက်ကွေ့စေတဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ ။
ဒါကြောင့် ယခုမှာ သူမက လက်ပ်တော့များနဲ့ စမတ်ဖုန်းတို့လို အီလက်ထရွန်နစ်ပစ္စည်းများကို လက်ဖြင့်အသုံးပြုမဲ့အစား လျှာကိုအသုံးပြုပြီး အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ် ။
သူမက သူမရဲ့ မိသားစု လုပ်ငန်းကို တိုးတက်အောင် ကူညီပေးခြင်းမှ လုပ်ငန်းတွေကို ချဲ့ထွင်ခဲ့ပါတယ် ။ Kak Long ရဲ့ အဆိုအရ ဆိုရှယ်မီဒီယာမှတစ်ဆင့် လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလာချိန်မှစပြီး ၎င်းတို့ရဲ့ မိသားစုအမှတ်တံဆိပ်မှ ကုန်ပစ္စည်းများ ဝယ်လိုအား မြင့်တက်လာပြီး နောက်ပိုင်းမှာ ရောင်းအားလည်း မြင့်တက်လာခဲ့ပါတယ် ။
လက်ရှိမှာတော့ တစ်ရက်ကို ပုလင်း ၄၀၀၀ နီးပါး ရောင်းချနေပြီး ဝယ်လိုအားကလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ် ။ ငယ်စဉ်က Kak Long ဟာ မိဘတွေကို မှီခိုနေရပေးမဲ့ ယခုမိသားစုထဲမှာ အလုပ်ကြိုးစားသူဖြစ်ပြီး မိသားစုရဲ့လုပ်ငန်းကို ကူညီရန် ဘယ်အရာမဆို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ။ သူ့မိဘတွေက သူမနဲ့တူတဲ့ သမီးလေးရလို့ အရမ်းကံကောင်းတယ်လို့ ပြောပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ရုပ်ပိုင်းဆိုင်ရာ ကောက်ကွေ့စေတဲ့ရောဂါကို ခံစားရပေမဲ့ မိသားစုထဲမှာ အလုပ်ကြိုးစားသူဖြစ်ပြီး မိဘတွေရဲ့လုပ်ငန်းကို ကူညီလုပ်ဆောင်နေတဲ့ အမျိုးသမီး"