ငွေစုဆောင်းဖို့ဆိုတာက အချို့အတွက် လွယ်ကူတယ်ဆိုပေမဲ့ အသုံးဖြုန်းကြီးပြီး အစုံစားသောက်တတ်တဲ့လူတွေအတွက်တော့ မလွယ်ကူတဲ့ကိစ္စတစ်ခုပါဘဲ။ သို့ပေမဲ့ ထိုစုဆောင်းထားတဲ့ငွေက ခက်ခဲတဲ့အချိန်ရောက်တဲ့အခါ များစွာအထောက်အကူပြုကြောင်း ကျွန်တော်တို့ ကောင်းကောင်းကြီး သိထားကြပါတယ်။ သို့ပေမဲ့ စုဆောင်းခြင်းရဲ့ တကယ့်စိန်ခေါ်မှုမှာ စည်းကမ်းနှင့် ဆုံးဖြတ်ချက်လည်း လိုအပ်ပါသေးတယ်။ မကြာသေးမီက Saudi Arabia ရှိ Neil Ryan Lorenzo အမည်ရှိဖိလစ်ပိုင်နိုငံသားပြည်ပလုပ်သားတစ်ဦးရဲ့စုဆောင်းငွေက ဖိလစ်ပိုင် php 1 သန်းကျော် ( 352 သိန်းကျော်) ရှိသွားခဲ့ပြီး ထိုငွေကို သုံးနှစ်ခွဲကြာအောင် သိမ်းဆည်းထားခဲ့ရကြောင်း Neil က ဆိုထားပါတယ်။ Neil ဟာ ဆေးလိပ်ဖြတ်ပြီး အွန်လိုင်းဂိမ်းများကစားရင်း ငွေစုဆောင်းခဲ့ရင်းကနေ အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။
Neil ဟာ ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးတစ်ခုရပ်တန့်သွားခဲ့သလို စုဆောင်းငွေကလည်း ထင်ထားတာထက် ပိုများနေခဲ့ပါတယ်။ သူဟာ ၎င်းအကျင့်ဆိုးကို မရပ်တန့်ခင်မှာ ၂၁ နှစ်ကြာ လှောင်ပြောင်ခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။
Neil က ယခင်က သူဟာ သူ့ဝင်ငွေများကို သူ့အတွက် အကျိုးမပေးတဲ့ အရာများအတွက်သာ သုံးစွဲပြီး အများကြီးလည်း သောက်စားခဲ့ကြောင်း ဆိုထားပါတယ်။ ထို့နောက် သူ ငွေစုကြည့်ပြီးနောက် သူ ဒီလောက် ချမ်းသာလာမယ်လို့လည်း မမျှော်လင့်ထားခဲ့ကြောင်း ဆိုခဲ့ပါတယ်။
Peso Sense Facebook စာမျက်နှာမှာ Neil က “ စုဆောင်းငွေက ကိုယ့်ရဲ့အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ်အတွက် များစွာ အထောက်အကူ ပြုတယ် “ လို့ လှုံ့ဆော်ပေးသွားခဲ့ပါတယ်။ Neil ဟာ ကျေးဇူးတင်တဲ့အနေနဲ့ လူသုံးဦးအား ၎င်းရဲ့ခရစ်စမတ်လက်ဆောင်အဖြစ် ပီဆို 6,500 ပေးရန် ရွေးချယ်ပေးခဲ့ပါတယ်။
ထို့ပြင် Neil က သူ အိမ်ပြန်ရောက်တဲ့အခါ ဘုရားကျောင်းသို့ သွားရောက်လှူဒါန်းမဲ့အပြင် လမ်းတစ်လျှောက်ရှိသူတောင်းစားများကိုပါ လှည့်ပတ်လှူဒါန်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Neil ဟာ ဒီခရစ်စမတ်မှာတော့ ဘယ်လိုနည်းနဲ့မဆို လူတိုင်းကိုကူညီနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
Neil ရဲ့ငွေစုဆောင်းနည်းကို အင်တာနက်အသုံးပြုသူတော်တော်များများက သဘောကျခဲ့ကြပြီး အချို့ကလည်း Neil ရဲ့ပိုစ့်က ၎င်းတို့အား ဆေးလိပ်ဖြတ်ကြည့်ရန် စိတ်အားထက်သန်လာစေကြောင်း မှတ်ချက်များပေးခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "သုံးနှစ်ခွဲကြာ ဆေးလိပ်ဖြတ်လိုက်ပြီးနောက် ၃၅၂ သိန်းကျော်အထိစုမိသွားခဲ့တဲ့ အမျိုးသားပြည်ပလုပ်သားတစ်ဦး"