ျဖတ္သန္းစီးဆင္းလာတဲ့ျမစ္ရဲ႕အလွကို တစ္ဝႀကီးခံစားႏိုင္သလို အမိုက္စားဝန္ေဆာင္မႈႏွင့္အတူ တည္းခိုႏိုင္မဲ့ ၿမိဳ႕လယ္ေခါင္ရွိဇိမ္ခံသစ္ပင္အိမ္

ဒီ႐ူးသြပ္ဖြယ္ေကာင္းတဲ့ ဇိမ္ခံသစ္ပင္အိမ္ဟာ လန္ဒန္ၿမိဳ႕လယ္ေခါင္မွာ တည္ရွိၿပီး Virgin Holidays မွ တာဝန္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ၎ရဲ႕အျမင့္ဟာ 35 ေပရွိၿပီး London ၿမိဳ႕ကိုျဖတ္သန္းစီးဆင္းတဲ့ Thames ျမစ္ကိုေကာင္းစြာျမင္ေတြ႕ႏိုင္ပါတယ္။ သို႔ေပမဲ့ ထိုေနရာမွာတည္းခိုႏိုင္ရန္ ေ႐ြးခ်ယ္ခံရတဲ့ ကံေကာင္းသူ အနည္းငယ္ထဲမွ တစ္ဦးသာျဖစ္ရပါမယ္။ Virgin Holidays ၿပိဳင္ပြဲကိုအႏိုင္ရရွိသူမ်ားကသာ ထိုဇိမ္ခံသစ္ပင္အိမ္မွာ တစ္ညတာ တည္းခိုခြင့္ ေပးမွာျဖစ္ပါတယ္။ ထို႔ျပင္ သင့္အား အပန္းေျဖအနားယူရန္ ႏွင့္ ေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ရန္ ကူညီေပးဖို႔ ဝန္ထမ္းမ်ားလည္းရွိပါတယ္။

အတြင္းခန္းကိုေတာ့ Hubert Zandberg က ဒီဇိုင္းထုတ္ထားၿပီး ၎ဇိမ္ခံသစ္ပင္အိမ္မွာ စိတ္ႀကိဳက္အိပ္ခန္းႏွစ္ခန္းပါရွိသလို လွပတဲ့ Thames ျမစ္ကို႐ူျမင္ႏိုင္တဲ့ လသာေဆာင္ရႈခင္းမ်ားက London’s Southbank မွာ မယုံႏိုင္ေလာက္ေအာင္ အလုံးစုံတဲ့ေနရာမ်ားကို မီးေမာင္းထိုးျပေနပါတယ္။ အျပင္မွာ စည္ကားေနတဲ့ ၿမိဳ႕ႀကီးျပႀကီးေတြနဲ႔ေတာင္မွ ဒီေနရာတစ္ခုလုံးကေန ထူးျခားဆန္းျပားတဲ့အေငြ႕အသက္ကို တကယ္ခံစားရေစမွာ အမွန္ပါဘဲ။ သို႔ေပမဲ့ ဒီတပ္ဆင္မႈက ဤေနရာမွာ တစ္ပတ္သာရွိမွာျဖစ္ပါတယ္။ ၎ဇိမ္ခံအိမ္ရဲ႕အျခားထူးျခားခ်က္မွာ Masterchef contestant Petrus Madutlela မွ ျပင္ဆင္ထားတဲ့ မီႏူး 6 မ်ိဳးျဖစ္တဲ့ အင္ဒူဂ်ာေမယိုပါေသာတန္ပူရာဟင္းလ်ာမ်ား၊ ငွက္ကုလားအုတ္အသားေျခာက္ ၊ မိေက်ာင္းစဥ္းေကာျပဳတ္၊ ဆိတ္သားအသားလႊာမ်ားႏွင့္အျခားေသာ ထူးျခားဟင္းလ်ာမ်ားလည္း ပါဝင္ပါတယ္။

ဒီေနရာမွာတည္းခိုရန္အတြက္ ကံထူးရွင္မ်ားထဲမွ တစ္ဦးျဖစ္ရျခင္းက တကယ္ကို အံ့ဩဖြယ္ေကာင္းေနပါလိမ့္မယ္။ သီးသန႔္ထူးျခားမႈမွ၊ အံ့ၾသဖြယ္အျပင္အဆင္၊ မယုံႏိုင္စရာျမင္ကြင္းမ်ားႏွင့္ မီႏူး 6 ခုစာအထိ၊စတဲ့ ဝန္ေဆာင္မႈေတြေၾကာင့္ တစ္ညတာ သင္ ဘယ္ေတာ့မွမထြက္ခြါခ်င္စရာေနရာတစ္ခုျဖစ္သြားႏိုင္ပါတယ္။ အခန္းမ်ားရဲ႕ အျပင္အဆင္ႏွင့္ ခံစားမႈတစ္ခုလုံးကလည္း သင့္အား ေတာင္အာဖရိကသို႔ခရီးထြက္ခ်င္သြားေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါေသးတယ္။

.

.

.

.

Mia (Mckzone daily)

Reference : buzznicked

Unicode

ဒီရူးသွပ်ဖွယ်ကောင်းတဲ့ ဇိမ်ခံသစ်ပင်အိမ်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး Virgin Holidays မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းရဲ့အမြင့်ဟာ 35 ပေရှိပြီး London မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ Thames မြစ်ကိုကောင်းစွာမြင်တွေ့နိုင်ပါတယ်။ သို့ပေမဲ့ ထိုနေရာမှာတည်းခိုနိုင်ရန် ရွေးချယ်ခံရတဲ့ ကံကောင်းသူ အနည်းငယ်ထဲမှ တစ်ဦးသာဖြစ်ရပါမယ်။ Virgin Holidays ပြိုင်ပွဲကိုအနိုင်ရရှိသူများကသာ ထိုဇိမ်ခံသစ်ပင်အိမ်မှာ တစ်ညတာ တည်းခိုခွင့် ပေးမှာဖြစ်ပါတယ်။ ထို့ပြင် သင့်အား အပန်းဖြေအနားယူရန် နှင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန် ကူညီပေးဖို့ ဝန်ထမ်းများလည်းရှိပါတယ်။

အတွင်းခန်းကိုတော့ Hubert Zandberg က ဒီဇိုင်းထုတ်ထားပြီး ၎င်းဇိမ်ခံသစ်ပင်အိမ်မှာ စိတ်ကြိုက်အိပ်ခန်းနှစ်ခန်းပါရှိသလို လှပတဲ့ Thames မြစ်ကိုရူမြင်နိုင်တဲ့ လသာဆောင်ရှုခင်းများက London’s Southbank မှာ မယုံနိုင်လောက်အောင် အလုံးစုံတဲ့နေရာများကို မီးမောင်းထိုးပြနေပါတယ်။ အပြင်မှာ စည်ကားနေတဲ့ မြို့ကြီးပြကြီးတွေနဲ့တောင်မှ ဒီနေရာတစ်ခုလုံးကနေ ထူးခြားဆန်းပြားတဲ့အငွေ့အသက်ကို တကယ်ခံစားရစေမှာ အမှန်ပါဘဲ။ သို့ပေမဲ့ ဒီတပ်ဆင်မှုက ဤနေရာမှာ တစ်ပတ်သာရှိမှာဖြစ်ပါတယ်။ ၎င်းဇိမ်ခံအိမ်ရဲ့အခြားထူးခြားချက်မှာ Masterchef contestant Petrus Madutlela မှ ပြင်ဆင်ထားတဲ့ မီနူး 6 မျိုးဖြစ်တဲ့ အင်ဒူဂျာမေယိုပါသောတန်ပူရာဟင်းလျာများ၊ ငှက်ကုလားအုတ်အသားခြောက် ၊ မိကျောင်းစဉ်းကောပြုတ်၊ ဆိတ်သားအသားလွှာများနှင့်အခြားသော ထူးခြားဟင်းလျာများလည်း ပါဝင်ပါတယ်။

ဒီနေရာမှာတည်းခိုရန်အတွက် ကံထူးရှင်များထဲမှ တစ်ဦးဖြစ်ရခြင်းက တကယ်ကို အံ့ဩဖွယ်ကောင်းနေပါလိမ့်မယ်။ သီးသန့်ထူးခြားမှုမှ၊ အံ့သြဖွယ်အပြင်အဆင်၊ မယုံနိုင်စရာမြင်ကွင်းများနှင့် မီနူး 6 ခုစာအထိ၊စတဲ့ ဝန်ဆောင်မှုတွေကြောင့် တစ်ညတာ သင် ဘယ်တော့မှမထွက်ခွါချင်စရာနေရာတစ်ခုဖြစ်သွားနိုင်ပါတယ်။ အခန်းများရဲ့ အပြင်အဆင်နှင့် ခံစားမှုတစ်ခုလုံးကလည်း သင့်အား တောင်အာဖရိကသို့ခရီးထွက်ချင်သွားအောင် လှုံ့ဆော်ပေးနိုင်ပါသေးတယ်။

Mia (Mckzone daily)

Be the first to comment on "ျဖတ္သန္းစီးဆင္းလာတဲ့ျမစ္ရဲ႕အလွကို တစ္ဝႀကီးခံစားႏိုင္သလို အမိုက္စားဝန္ေဆာင္မႈႏွင့္အတူ တည္းခိုႏိုင္မဲ့ ၿမိဳ႕လယ္ေခါင္ရွိဇိမ္ခံသစ္ပင္အိမ္"

Leave a comment

Your email address will not be published.


*