ကျွန်တော်တို့အားလုံးဟာ ဘဝမှာ ခက်ခက်ခဲခဲတွေးစရာမလိုဘဲ ကျွန်တော်တို့ထက် ကျော်လွန်ပြီး အံ့ဩစရာတွေကို ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းရှိကြတဲ့သူတွေကို တစ်ခါလောက်တော့ တွေ့ကြုံဖူးတတ်ကြပါတယ်။ ဟုတ်ပါတယ်၊ ၎င်းလူတို့ဟာ စာရွက်တစ်ရွက်ကိုယူပြီး လှပတဲ့ရုပ်ပုံတစ်ပုံကို ဖန်တီးနိုင်ပြီး ဒါမှမဟုတ် ကင်းဗတ်အလွတ်တစ်ခုကို မြင်ပြီး သူတို့ရဲ့စိတ်ကူးဉာဏ်တွေကို အကောင်အထည်ဖော်နိုင်တဲ့သူတွေဘဲ ဖြစ်ပါတယ်။ ခုလည်း ၎င်းတို့ရဲ့အသိပညာ၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဒီဇိုင်းက ရတနာတွေထဲကတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ သားအဖနှစ်ယောက်တို့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ဖွဲ့ဟာ တစ်နှစ်ကို ဒေါ်လာ 160,000 ကျော်ဝင်ငွေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို ဖန်တီးထားပါတယ်။
.
.
၎င်းလုပ်ငန်းအတွက် ထောက်ပံ့ပစ္စည်းတွေကတော့ ဖန်တီးမှု လှုံ့ဆော်မှုအချို့နှင့် သတ္တုအပိုင်းအစအချို့တို့သာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာနေထိုင်တဲ့ ဒီသားအဖတို့ဟာ အသုံးပြုပြီးသား သတ္တုအပိုင်းအစများမှ သေးငယ်သော transformers စက်ရုပ်များ ဖန်တီးရန် အတူတကွ လုပ်ဆောင်ကြပါတယ်။ လယ်သမားတစ်ဦးဖြစ်ပေမဲ့လည်း အနုပညာဖန်တီးတတ်တဲ့သွေးပါတဲ့ ဖခင်ဖြစ်သူ Yu Zhilin ဟာ အားလပ်ချိန်တွေမှာ ကားအပိုပစ္စည်းများမှ စက်ရုပ်ရုပ်တုများကိုဖန်တီးရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူ့သား Lu Yingyun ကလည်း အပျော်သဘောဖြင့်ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး လူအရွယ်အစားရှိတဲ့ transformers များကို အတူတကွ ဖန်တီးခဲ့ကြပါတယ်။
.
.
၎င်းတို့သားအဖဟာ ၎င်းတို့ရဲ့ ကြီးမားတဲ့ Optimus Prime နှင့် Bumblebee Transformers စက်ရုပ်ဖန်တီးမှုများကြောင့် လူသိများပါတယ်။ နောက်ဆုံးထွက် Transformers ရုပ်ရှင်ဇာတ်ကားဟာ တရုတ်နိုင်ငံသမိုင်းမှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်တာကြောင့် အဆိုပါ Transformers များက ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်လာတာကလည်း အံ့ဩစရာမဟုတ်နေတော့ပါဘူး။
.
.
၎င်းတို့ဟာ ၎င်းလုပ်ငန်းကိုစစချင်းစတင်တုန်းကတော့ လွယ်ကူတဲ့အလုပ်မဟုတ်တာ သေချာသလို ၎င်းတို့ရဲ့ ပထမဆုံး transformer ပြီးဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ လက်ရှိမှာတော့ ၎င်းတို့သားအဖဟာ သူတို့ကိုယ်သူတို့ pro တွေလို့တွေးလာကြပြီဖြစ်ပါတယ်။ ထို့ပြင် ၎င်းတို့သားအဖဟာ ၎င်းတို့ရဲ့ရောင်းအားကိုမြင့်တင်ဖို့မျှော်လင့်ချက်ဖြင့် နောက်ထွက်မဲ့ Transformers ရုပ်ရှင်ဇာတ်ကားအသစ်အတွက် စိတ်လှုပ်ရှားနေကြပါတယ်။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "သတ္တုအပိုင်းအစတွေနဲ့ မယုံနိုင်လောက်စရာ Transformers စက်ရုပ်များကိုဖန်တီးကာ တစ်နှစ်ကို ဒေါ်လာ 160,000 အထိဝင်ငွေရှိတဲ့ သားအဖနှစ်ဦး"