စြန္႔စားရတာကိုမွ ေပ်ာ္စရာထင္ေနၾကတဲ့ သူေတြအတြက္ ရဟတ္စီးေနရင္း ခံုေပၚကေနလြင့္စင္က်သြားခဲ့ရ သူေတြရဲ႕ (႐ုပ္သံ)

အပန္းေျဖဥယ်ာဥ္သြားၾကတဲ့သူေတြဟာ ေဆာ့ကစားစရာေတြေဆာ့မယ္ ၊ ရဟတ္ေတြ ၊ ခ်ားေတြ စီးၿပီး စားေကာင္းေသာက္ဖြယ္ေတြစားရင္း အပန္းေျဖၾကတာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အပန္ေျဖဥယ်ာဥ္ကို လာေရာက္လည္ပတ္ၾကတဲ့ သူေတြရဲ႕ မေမ်ွာ္လင့္ဘဲ ဒုကၡေရာက္ခဲ့ၾကရတဲ့ ႐ုပ္သံဟာ social media အသံုးျပဳသူေတြအၾကား အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ ဒီအျဖစ္အပ်က္ကေတာ့ ထိုင္းႏိုင္ငံမွာ႐ွိတဲ့ အပန္းေျဖဥယ်ာဥ္တစ္ခုမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ လာေရာက္လည္ပတ္သူေတြဟာ Crazywave လို႔ေခၚတဲ့ ရဟတ္တစ္မ်ိဳးကို ေပ်ာ္ေပ်ာ္ပါးပါး စီးေနခဲ့ၾကတာပါ ။

အဆိုပါ Crazywave ကို စတင္စီးေနခ်ိန္ကေတာ့ ပံုမွန္အတိုင္ အေပၚ ၊ ေအာက္ လွည့္ပတ္ေနၿပီး အဆင္ေျပေျပ႐ွိေနခဲ့ၾကေပမဲ့လည္း မထင္မွတ္ထားတဲ့အခ်ိန္မွာ စီးနင္းသူေတြကိုထိန္းထားတဲ့ ထိုင္ခံုရဲ႕လံုျခံဳေဘးကင္းေစတဲ့ လူသိုင္းႀကိဳးဟာ ျပဳတ္ထြက္သြားၿပီး စီးနင္သူတစ္ဝက္ခန္႔ ျပဳတ္က်ခဲ့ကာ အခ်ိဳ႕လူေတြဆိုရင္ အေတာ္ေဝးတဲ့ေနရာအထိကို လြင့္စင္သြားခဲ့ပါတယ္ ။

စက္ကိုင္သူက စက္ကိုအလ်င္အျမန္ရပ္တန္႔ပစ္ခဲ့ၿပီးေနာက္ ၊ အေတာ္ေလးကို လန္႔သြားၾကတဲ့ စီးနင္သူမ်ားဟာ ငိုယိုေနခဲ့ၾကၿပီး ၊ အခ်ိဳ႕ဆိုလ်ွင္ ဒဏ္ရာမ်ားစြာရ႐ွိသြားခဲ့ၾကပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ စက္ကိုင္သူမွာ လံုျခံဳေရး ခါးပတ္ႀကိဳးေတြကို ေသခ်ာမစစ္ေဆးပဲ ရဟတ္ယာဥ္ကို လွည့္ပတ္ေစခဲ့လို႔ျဖစ္ပြားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အပန်းဖြေဥယျာဉ်သွားကြတဲ့သူတွေဟာ ဆော့ကစားစရာတွေဆော့မယ် ၊ ရဟတ်တွေ ၊ ချားတွေ စီးပြီး စားကောင်းသောက်ဖွယ်တွေစားရင်း အပန်းဖြေကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အပန်ဖြေဥယျာဉ်ကို လာရောက်လည်ပတ်ကြတဲ့ သူတွေရဲ့ မမျှော်လင့်ဘဲ ဒုက္ခရောက်ခဲ့ကြရတဲ့ ရုပ်သံဟာ social media အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အပန်းဖြေဥယျာဉ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ လာရောက်လည်ပတ်သူတွေဟာ Crazywave လို့ခေါ်တဲ့ ရဟတ်တစ်မျိုးကို ပျော်ပျော်ပါးပါး စီးနေခဲ့ကြတာပါ ။

အဆိုပါ Crazywave ကို စတင်စီးနေချိန်ကတော့ ပုံမှန်အတိုင် အပေါ် ၊ အောက် လှည့်ပတ်နေပြီး အဆင်ပြေပြေရှိနေခဲ့ကြပေမဲ့လည်း မထင်မှတ်ထားတဲ့အချိန်မှာ စီးနင်းသူတွေကိုထိန်းထားတဲ့ ထိုင်ခုံရဲ့လုံခြုံဘေးကင်းစေတဲ့ လူသိုင်းကြိုးဟာ ပြုတ်ထွက်သွားပြီး စီးနင်သူတစ်ဝက်ခန့် ပြုတ်ကျခဲ့ကာ အချို့လူတွေဆိုရင် အတော်ဝေးတဲ့နေရာအထိကို လွင့်စင်သွားခဲ့ပါတယ် ။

စက်ကိုင်သူက စက်ကိုအလျင်အမြန်ရပ်တန့်ပစ်ခဲ့ပြီးနောက် ၊ အတော်လေးကို လန့်သွားကြတဲ့ စီးနင်သူများဟာ ငိုယိုနေခဲ့ကြပြီး ၊ အချို့ဆိုလျှင် ဒဏ်ရာများစွာရရှိသွားခဲ့ကြပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ စက်ကိုင်သူမှာ လုံခြုံရေး ခါးပတ်ကြိုးတွေကို သေချာမစစ်ဆေးပဲ ရဟတ်ယာဉ်ကို လှည့်ပတ်စေခဲ့လို့ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment