လက္ေသးေသးေလးနဲ႔ ကိုယ့္ရဲ႕အဝတ္ေတြကို ကိုယ္တိုင္ေလွ်ာ္ဖြပ္တက္ေနၿပီျဖစ္တဲ့ အသက္ 3 ႏွစ္သာရွိေသးတဲ့ ေကာင္မေလး

ဆင္းရဲတြင္းက ႀကီးျပင္းလာတဲ့ ကေလးေတြဟာ လြတ္လပ္ၿပီး ရင့္က်က္မႈ အလြန္ေစာတယ္လို႔ ဆိုၾကပါတယ္ ။ ခက္ခဲတဲ့အေျခအေနမ်ားက သူတို႔ကိုယ္တိုင္ အရာရာတိုင္းကို သူတို႔ဘာသာလုပ္ေဆာင္ရန္ တြန္းအားေပးပါတယ္ ။ အသက္ေမြးဝမ္းေၾကာင္းအလုပ္မလုပ္ရရင္ အိမ္မႈကိစၥနဲ႔ အလုပ္ရႈပ္ေနတာၾကတယ္ ။ မၾကာေသးမီက TikTok အေကာင့္ @diendautv2 ဟာ အလားတူအေၾကာင္းအရာျဖင့္ ဗီဒီယိုဖိုင္တစ္ခုကို မွ်ေဝခဲ့ပါတယ္ ။

႐ြာတစ္႐ြာမွာ ေနထိုင္တဲ့ ၃ ႏွစ္အ႐ြယ္မိန္းကေလးငယ္ဟာ ငယ္႐ြယ္ေသာ္လည္း၊ သူမက အလုပ္မွာ အလြန္ကြၽမ္းက်င္ၿပီး ညစ္ပတ္တဲ့ အဝတ္အစားမ်ားကို ကိုယ္တိုင္ ေလွ်ာ္ဖြပ္ေနခဲ့တာပါ ။ ဆံပင္တိုဒီကေလးမက အဝတ္တစ္ခုစီကို ၾကမ္းျပင္ေပၚျဖန႔္ခင္းၿပီး အဝတ္အစားေတြကို ျပင္းျပင္းထန္ထန္ ပြတ္တိုက္ဖို႔ ဘရက္ရွ္ကို သုံးရမယ္ဆို သိေနပါတယ္ ။ ဗီဒိယို႐ိုက္တဲ့သူက ကေလးနား ခ်ဥ္းကပ္လာၿပီး “အဝတ္ေလွ်ာ္ေနတာလား သမီးေလး ဘာလုပ္ေနတာလဲ” လို႔ေမးတဲ့အခါ ကေလးမက စကၠန႔္အနည္းငယ္ၾကာေအာင္ ေမာ့ၾကည့္ကာ ေခါင္းအနည္းငယ္ငုံ႔ၿပီး မၿပီးေသးတဲ့အလုပ္ကို ဆက္လုပ္လိုက္ပါတယ္ ။

ကေလးမေလးက ေလွ်ာ္ဖြပ္ထားေသာအဝတ္အစားမ်ားနဲ႔ မေလွ်ာ္ရေသးတဲ့ အဝတ္မ်ားကို ပါးပါးနပ္နပ္ခြဲျခားထားတာကို ေတြ႕ရပါတယ္ ။ သူမရဲ႕ လက္ေသးေသးေလးနဲ႔ အရာရာကို ကြၽမ္းက်င္စြာလုပ္ေဆာင္တာကို ျမင္ရတာေၾကာင့္ ဗီဒီယို႐ိုက္ကူးသူက တအံ့တၾသ ခ်ီးက်ဴးေနခဲ့ပါတယ္ ။ ငယ္စဥ္က အခက္အခဲမ်ား၊ နားလည္မႈ နဲ႔ စြမ္းရည္ထက္ျမက္မႈ စသည္တို႔နဲ႔ ထိေတြ႕ေနရတဲ့ ကေလးမ်ားဟာ လူႀကီးေတြနဲ႔ ယွဥ္ရင္ သူတို႔ရဲ႕ အရည္အခ်င္းက မနိမ့္ပါဘူး ။

Mia (Mckzone daily)

Reference : bestie

Unicode

ဆင်းရဲတွင်းက ကြီးပြင်းလာတဲ့ ကလေးတွေဟာ လွတ်လပ်ပြီး ရင့်ကျက်မှု အလွန်စောတယ်လို့ ဆိုကြပါတယ် ။ ခက်ခဲတဲ့အခြေအနေများက သူတို့ကိုယ်တိုင် အရာရာတိုင်းကို သူတို့ဘာသာလုပ်ဆောင်ရန် တွန်းအားပေးပါတယ် ။ အသက်မွေးဝမ်းကြောင်းအလုပ်မလုပ်ရရင် အိမ်မှုကိစ္စနဲ့ အလုပ်ရှုပ်နေတာကြတယ် ။ မကြာသေးမီက TikTok အကောင့် @diendautv2 ဟာ အလားတူအကြောင်းအရာဖြင့် ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့ပါတယ် ။

ရွာတစ်ရွာမှာ နေထိုင်တဲ့ ၃ နှစ်အရွယ်မိန်းကလေးငယ်ဟာ ငယ်ရွယ်သော်လည်း၊ သူမက အလုပ်မှာ အလွန်ကျွမ်းကျင်ပြီး ညစ်ပတ်တဲ့ အဝတ်အစားများကို ကိုယ်တိုင် လျှော်ဖွပ်နေခဲ့တာပါ ။ ဆံပင်တိုဒီကလေးမက အဝတ်တစ်ခုစီကို ကြမ်းပြင်ပေါ်ဖြန့်ခင်းပြီး အဝတ်အစားတွေကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ဖို့ ဘရက်ရှ်ကို သုံးရမယ်ဆို သိနေပါတယ် ။ ဗီဒိယိုရိုက်တဲ့သူက ကလေးနား ချဉ်းကပ်လာပြီး “အဝတ်လျှော်နေတာလား သမီးလေး ဘာလုပ်နေတာလဲ” လို့မေးတဲ့အခါ ကလေးမက စက္ကန့်အနည်းငယ်ကြာအောင် မော့ကြည့်ကာ ခေါင်းအနည်းငယ်ငုံ့ပြီး မပြီးသေးတဲ့အလုပ်ကို ဆက်လုပ်လိုက်ပါတယ် ။

ကလေးမလေးက လျှော်ဖွပ်ထားသောအဝတ်အစားများနဲ့ မလျှော်ရသေးတဲ့ အဝတ်များကို ပါးပါးနပ်နပ်ခွဲခြားထားတာကို တွေ့ရပါတယ် ။ သူမရဲ့ လက်သေးသေးလေးနဲ့ အရာရာကို ကျွမ်းကျင်စွာလုပ်ဆောင်တာကို မြင်ရတာကြောင့် ဗီဒီယိုရိုက်ကူးသူက တအံ့တသြ ချီးကျူးနေခဲ့ပါတယ် ။ ငယ်စဉ်က အခက်အခဲများ၊ နားလည်မှု နဲ့ စွမ်းရည်ထက်မြက်မှု စသည်တို့နဲ့ ထိတွေ့နေရတဲ့ ကလေးများဟာ လူကြီးတွေနဲ့ ယှဉ်ရင် သူတို့ရဲ့ အရည်အချင်းက မနိမ့်ပါဘူး ။

Mia (Mckzone daily)

Be the first to comment on "လက္ေသးေသးေလးနဲ႔ ကိုယ့္ရဲ႕အဝတ္ေတြကို ကိုယ္တိုင္ေလွ်ာ္ဖြပ္တက္ေနၿပီျဖစ္တဲ့ အသက္ 3 ႏွစ္သာရွိေသးတဲ့ ေကာင္မေလး"

Leave a comment

Your email address will not be published.


*