ကျွန်တော်တို့အများစုက အိမ်မွေးတိရိစ္ဆာန်လို့ပြောရင် ကြောင်တွေ ၊ဌက်တွေ နဲ့ ခွေးလေးတွေကိုသာ တော်တော်များများမြင်ဖူးတတ်ကြပေမဲ့ ဒီရုရှားစုံတွဲအတွက် ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်ဟာ ကျွန်တော်တို့မြင်တွေ့ရလေ့ရှိတဲ့ အကောင်မျိုးတော့မဟုတ်နေပါဘူး။ ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်ကတော့ Stepan လို့အမည်ပေးထားတဲ့ 300Ib အလေးချိန်ရှိတဲ့ ဝက်ဝံတစ်ကောင်ဘဲဖြစ်ပါတယ်။ ၎င်းက သမားရိုးကျမဟုတ်ဘူးလို့ထင်ရပေမဲ့လည်း Svetlana နှင့် Yuriy Panteleenko တို့ဇနီးမောင်နှံအတွက်တော့ ဤဝက်ဝံမပါဘဲ ၎င်းတို့အသက်ဆက်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ Stepan ရဲ့မိခင်က မုဆိုးများရဲ့လက်ချက်ဖြင့် ကွယ်လွန်သွားခဲ့ပြီးနောက်မှာ ၎င်းတို့ရဲ့အိမ်နားက တောအုပ်ထဲမှာ Stepan ကို ရှာတွေ့ခဲ့ကြတာပါ။
.
ထို့နောက် ၎င်းတို့ဇနီးမောင်နှံဟာ အသက် သုံးလသားအရွယ်သာရှိသေးတဲ့ Stepan ကို မွေးစားခဲ့ပါတယ်။ 25 နှစ်အကြာမှာတော့ ယခင်က ၎င်းဝက်ဝံငယ်လေးဟာ အလွန်ကြည့်ကောင်းတဲ့ အရပ် 2.1 မီတာရှိနေပြီဖြစ်သလို ယခုအခါ Stepan ဟာ ကျန်းမာပြီး ကြီးမားတဲ့ဝက်ဝံအဖြစ် ကြီးပြင်းလာရုံသာမက မေတ္တာနှင့် ကူညီတတ်သူလည်းဖြစ်လာခဲ့ပါတယ်။ Stepan ဟာ ညနေခင်း TV ကြည့်ရန် Svetlana နှင့် Yuriy တို့နှင့် ကုတင်ပေါ်အတူ ထိုင်ရလောက်အောင်ပင် အပြုအမူကောင်းရှိသလို ဥယျာဉ်ရှိ အပင်များကို ရေလောင်းပေးခြင်းဖြင့် သူ့ရဲ့သခင်တို့အား ရံဖန်ရံခါ ကူညီပေးရမှန်းကိုလည်း သိနေတတ်ပါတယ်။
.
ဝက်ဝံတွေအပေါ်ထားတဲ့လူတွေရဲ့စိတ်သဘောထားအကြားက Stepan ဟာ အလွန်နူးညံ့သိမ်မွေ့ပြီး ၎င်းဇနီးမောင်နှံတို့ကို ဘယ်တော့မှ မထိခိုက်စေခဲ့ပါဘူး။ ပုံမှန်အားဖြင့်၊ 7 ပေ မြင့်ပြီး ပေါင် 300 အလေးချိန်ရှိတဲ့ဝက်ဝံတစ်ကောင်ကိုစောင့်ရှောက်ခြင်းက အဆင်ပြေချောမွေ့နေတာတော့မဟုတ်သလို ၎င်းဟာ အချိန်၊ အားစိုက်ထုတ်မှုနှင့်ငွေများစွာလိုအပ်ပါတယ်။
.
Svetlana နှင့် Yuriy တို့ဟာ Stepan ရဲ့တနေ့တာစားသောက်စရိတ်တစ်ခုတည်းအတွက် ငါး 25 ကီလိုဂရမ် ၊ ဟင်းသီးဟင်းရွက်များနှင့် ဥများကို ကျွေးကြရပါတယ်။
.
အဆိုပါ ဇနီးမောင်နှံနှင့် ဝက်ဝံတို့ဟာ အချင်းချင်း ချစ်ခင်သံယောဇဉ်တွယ်လာတာကြောင့် ရုရှားအာဏာပိုင်များက ၎င်းတို့ဇနီးမောင်နှံအား ဝက်ဝံကိုဆက်လက်ထိန်းထားနိုင်စေရန် ‘ တိရိစ္ဆာန်လေ့ကျင့်ရေး’ သင်တန်းကိုလည်း တက်ရောက်ပြီးဆုံးစေခဲ့ကြပါသေးတယ်။
ဝက်ဝံများဟာ ပျမ်းမျှ 25 နှစ်ခန့် အသက်ရှင်ကြပြီး Stepan အား မုဆိုးများရဲ့ရန်မှ ကယ်တင်ကာ အခုလိုချိန်ထိ ပြုစုစောင့်ရှောက်လာပေးခဲ့တာကြောင့် Svetlana နှင့် Yuriy တို့ဟာ အကောင်းမွန်ဆုံးမိဘတွေဆိုတာကို ငြင်းဆိုနေစရာအကြောင်းမရှိတော့ပါဘူးဗျာ။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "လွန်ခဲ့တဲ့ ၂၅ နှစ်က မွေးစားခဲ့ပြီး ယခုအခါ ပေါင် ၃၀၀ အလေးချိန်ရှိနေပြီဖြစ်တဲ့ အိမ်မွေးဝက်ဝံတစ်ကောင်နှင့်အတူ နေထိုင်တဲ့ ဇနီးမောင်နှံ (ရုပ်သံ)"