အိမ္မွာေခြးေတြအမ်ားႀကီး႐ွိေနလို႔ဆိုၿပီး ေခြးေလးကို ဆိုင္ကယ္ဦးထုပ္နဲ့႐ိုက္ႏွက္ခဲ့တဲ့အျပင္ ေခြးေမႊးေတြကိုပါမီး႐ႈိ့ပစ္ခဲ့တဲ့ အမ်ိဳးသား

မၾကာေသးခင္ကမွ Samuel အမည္႐ွိတဲ့ စင္ကာပူႏိုင္ငံသားတစ္ဦးဟာ သူ၏ေခြးငယ္ေလးကို အႏိုင္က်င့္ရက္စက္ေနတဲ့ video ကို ကိုယ္တိုင္႐ိုက္ၿပီး social media ေပၚေဝမ်ွခဲ့ပါတယ္ ။ Video ထဲမွာေတာ့ အကူအညီမဲ့ေနခဲ့တဲ့ ေခြးငယ္ေလးကို ဆိုင္ကယ္ဦးထုပ္နဲ႔ အႀကိမ္ႀကိမ္႐ိုက္ႏွက္ ႏွိပ္စက္ခဲ့လို႔ နာက်င္မႈဒဏ္ေတြေၾကာင့္ ေခြးေလးဟာထြက္ေျပးလြတ္ေျမာက္ႏိုင္ဖို႔ႀကိဳးစားေနခဲ့တာပါ ။ သို႔ေပမဲ့လည္း အခန္းထဲသို႔ ထြက္ေျပးတိမ္းေ႐ွာင္သြားတဲ့ ေခြးေလးကို အဆိုပါအမ်ိဳးသားက လြတ္ေျမာက္ခြင့္မေပးခဲ့တဲ့အျပင္ သူစီစဥ္ထားတဲ့အတိုင္း ႐ိုက္ႏွက္ႏွိပ္စက္ခဲ့ပါတယ္ ။

ထို႔ေနာက္ ေခြးေလးရဲ႕ အေမႊးေတြကို 3ႀကိမ္ဆက္တိုက္ မီးႏွင့္႐ိႈ့ခဲ့ပါေသးတယ္ ။ထို႔ေၾကာင့္ Facebook အသံုးျပဳသူအခ်ိဳ႕က ေခြးေလးႏွိပ္စက္ခံေနရတာကိုမၾကည့္ရက္ၾကလို႔ အဆိုပါ အမ်ိဳးသားကို ေဝဖန္အျပစ္တင္ခဲ့ၾကခ်ိန္မွာေတာ့ Samuel က ” လူေတြက ဘာလို႔ ငါ့ရဲ႕ေခြးကို လိုခ်င္ေနၾကတာလဲ ၊ လိုခ်င္ရင္ ဘန္ေကာက္ကိုလာခဲ့ ငါ့မွာအမ်ားႀကီး႐ွိတယ္ ” ဆိုၿပီး Facebook ေပၚမွာ ျပန္လည္ေရးသားၿပီး ေျပာဆိုခဲ့ပါတယ္ ။

အဆိုပါ ေခြးေလးကို ရက္ႏွက္ႏွိပ္စက္တဲ့ video ကို Facebook က ဖ်က္သိမ္းပစ္ခဲ့လို႔ ဆက္လက္ၾကည့္႐ႈလို႔မရဘဲ ျဖစ္ေနခဲ့ေပမဲ့ တိရစာၦန္ေတြကို ခ်စ္ခင္သနားၾကသူမ်ားက အဆိုပါအျဖစ္အပ်က္ဟာ ထိုင္းႏိုင္ငံမ်ားျဖစ္ပ်က္ခဲ့တာျဖစ္တဲ့အတြက္ အျခားက်န္႐ွိေနေသာ ေခြးေလးေတြကို စိတ္ပူလို႔ တာဝန္႐ွိသူမ်ားအား အေရးယူေပးၾကဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ Samuel အမည်ရှိတဲ့ စင်ကာပူနိုင်ငံသားတစ်ဦးဟာ သူ၏ခွေးငယ်လေးကို အနိုင်ကျင့်ရက်စက်နေတဲ့ video ကို ကိုယ်တိုင်ရိုက်ပြီး social media ပေါ်ဝေမျှခဲ့ပါတယ် ။ Video ထဲမှာတော့ အကူအညီမဲ့နေခဲ့တဲ့ ခွေးငယ်လေးကို ဆိုင်ကယ်ဦးထုပ်နဲ့ အကြိမ်ကြိမ်ရိုက်နှက် နှိပ်စက်ခဲ့လို့ နာကျင်မှုဒဏ်တွေကြောင့် ခွေးလေးဟာထွက်ပြေးလွတ်မြောက်နိုင်ဖို့ကြိုးစားနေခဲ့တာပါ ။ သို့ပေမဲ့လည်း အခန်းထဲသို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ခွေးလေးကို အဆိုပါအမျိုးသားက လွတ်မြောက်ခွင့်မပေးခဲ့တဲ့အပြင် သူစီစဉ်ထားတဲ့အတိုင်း ရိုက်နှက်နှိပ်စက်ခဲ့ပါတယ် ။

ထို့နောက် ခွေးလေးရဲ့ အမွှေးတွေကို 3ကြိမ်ဆက်တိုက် မီးနှင့်ရှို့ခဲ့ပါသေးတယ် ။ထို့ကြောင့် Facebook အသုံးပြုသူအချို့က ခွေးလေးနှိပ်စက်ခံနေရတာကိုမကြည့်ရက်ကြလို့ အဆိုပါ အမျိုးသားကို ဝေဖန်အပြစ်တင်ခဲ့ကြချိန်မှာတော့ Samuel က ” လူတွေက ဘာလို့ ငါ့ရဲ့ခွေးကို လိုချင်နေကြတာလဲ ၊ လိုချင်ရင် ဘန်ကောက်ကိုလာခဲ့ ငါ့မှာအများကြီးရှိတယ် ” ဆိုပြီး Facebook ပေါ်မှာ ပြန်လည်ရေးသားပြီး ပြောဆိုခဲ့ပါတယ် ။

အဆိုပါ ခွေးလေးကို ရက်နှက်နှိပ်စက်တဲ့ video ကို Facebook က ဖျက်သိမ်းပစ်ခဲ့လို့ ဆက်လက်ကြည့်ရှုလို့မရဘဲ ဖြစ်နေခဲ့ပေမဲ့ တိရစ္ဆာန်တွေကို ချစ်ခင်သနားကြသူများက အဆိုပါအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံများဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက် အခြားကျန်ရှိနေသော ခွေးလေးတွေကို စိတ်ပူလို့ တာဝန်ရှိသူများအား အရေးယူပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment