၎င်းတို့ရဲရင်သွေးက နားမကြားနိုင်ဘဲ မွေးလာတာကို သိလိုက်ရတာက မိခင်တိုင်းရဲ့စိတ်နှလုံးသားကို ကြေကွဲစေနိုင်ပါတယ်။ သို့ပေမဲ့ ကံကောင်းတာက ယနေ့ခေတ် ခေတ်မီနည်းပညာများက မွေးကင်းစကလေးများအတွက် သင့်လျော်တဲ့ နားကြားကိရိယာများကို ထုတ်လုပ်ပေးထားခြင်းဘဲဖြစ်ပါတယ်။ မကြာသေးမီက ‘DailyPicksandFlicks’ လို့ခေါ်တဲ့ YouTube ချန်နယ်တစ်ခုမှာ “Baby Hears for the First Time” ဆိုတဲ့ခေါင်းစဉ်ဖြင့် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ မွေးကင်းစကလေးလေးဟာ လူ့လောကထဲဝင်ရောက်လာခဲ့ကတည်းက နားမကြားရတဲ့အတွက် ဆရာဝန်က နားကြားကိရိယာကို သူ့နားထဲဂရုတစိုက်တပ်ဆင်ပေးလိုက်ပြီး ထိုကလေးအား ပထမဆုံးအကြိမ် အသံကြားနိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။
သူ့ရဲ့နားထဲသို့ ဂရုတစိုက်ကိရိယာတပ်ဆင်ပေးနေစဉ် ထိုကလေးငယ်က ရုန်းကန်ရင်း ငိုယိုနေခဲ့ပေမဲ့ နားထဲထည့်ထားတဲ့ကိရိယာရှိ “ ကလေး။ မင်းအမေရဲ့အသံကိုကြားလား” ဆိုတဲ့ အသံတစ်ခုကြားလိုက်ရတော့ အံ့ဩကာ မျက်လုံးတွေပြူးကျယ်သွားခဲ့ပါတယ်။
မွေးဖွားလာစကတည်းက မိခင်ဖြစ်သူရဲ့အသံကို ပထမဆုံးကြားလိုက်ရတာကြောင့် ကလေးလေးက အတော်လေး အံ့အားသင့်သွားခဲ့ပုံရပါတယ်။
ဗီဒီယိုထဲ၌ ပထမဆုံးကြားလိုက်ရတဲ့ အသံတွေကြောင့် စိတ်ခံစားမှုအမျိုးမျိုးရောထွေးနေတဲ့ ကလေးလေးရဲ့အမူအရာက အင်တာနက်သုံးစွဲသူအများအပြားရဲ့နှလုံးသားကိုထိမိသွားစေခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ကလေးနဲ့ စကားပြောရင်း အံ့သြပြီး ဝမ်းသာမျက်ရည်ကျနေခဲ့ပါတယ်။
ထို့နောက် မိခင်ဖြစ်သူက သူမကလေးကို ရင်ခွင်ထဲ နွေးထွေးစွာ ပွေ့ဖက်ပေးနေခဲ့ပြီး ထိုကလေးလေးကလည်း မိခင်ဖြစ်သူရဲ့အသံကို တဖြည်းဖြည်း ပိုပိုအာရုံစိုက်နေခဲ့ပါတယ်။
ကလေးငယ်လေးရဲ့ အသံထွက်လာတဲ့ လမ်းကြောင်းကိုလိုက်ကြည့်ရင်း ပြုံးပျော် ၊စိတ်လှုပ်ရှားနေတဲ့အခိုက်အတန့်တိုင်းက တကယ်သဘောကျ၊ကြည်နူးစရာကောင်းနေခဲ့ပါတယ်။ မိနစ်အနည်းငယ်ကြာတော့ ကလေးက သူနဲ့စကားပြောနေကြတဲ့သူတိုင်းအား ပြန် ရယ်မောပြလိုက်တာကလည်း အံ့ဩစရာကောင်းနေခဲ့ပါတယ်။
ထို့ပြင် ပျော်ရွှင်စိတ်လှုပ်ရှားနေတဲ့ကလေးငယ်လေးကိုကြည့်ရင်း မိခင်ရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်ရှိနေခဲ့တာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒီလိုထိမိစရာအခိုက်အတန့်များပါဝင်တဲ့ ဗီဒီယိုကို YouTube ချန်နယ်မျိုးစုံမှ ပြန်ထုတ်လွှင့်ခဲ့ကြပြီး ကမ္ဘာ့တစ်ဝှမ်းရှိ အင်တာနက်သုံးစွဲသူများရဲ့အာရုံကိုဖမ်းစားစေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "အကြားအာရုံကိရိယာကိုတပ်ဆင်ပေးလိုက်ပြီးနောက် မိခင်ရဲ့အသံကို ပထမဆုံးအကြိမ် ကြားလိုက်ရတဲ့ နားမကြား မွေးကင်းစကလေးငယ်ရဲ့ မြင်ကွင်း (ရုပ်သံ)"